Connect with us

Hi, what are you looking for?

သတင်း

မဲပလီစခန်းကျပြီးနောက် စစ်ကောင်စီက တပ်မဟာ(၁)နယ်မြေ၌ လေကြောင်းတိုက်ခိုက်မှု ဆက်တိုက်ပြုလုပ်ဟု KNUပြော

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၁)နယ်မြေ ဘီးလင်းမြို့နယ် မဲပလီ စစ်ကောင်စီဗျူဟာစခန်းအား တော်လှန်ရေးပူးပေါင်းတပ်က တိုက်ခိုက်သိမ်းပိုက်ပြီးနောက် စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုများ ဆက်တိုက်ပြုလုပ်နေကြောင်း KNU သထုံခရိုင် တပ်မဟာ(၁)တာဝန်ရှိသူတစ်ဦးက ပြောသည်။

းခဲ့သည့်ရက်ပိုင်းအတွင်း စစ်ကောင်စီလေကြောင်းတိုက်ခိုက်မှုကြောင့် အဆောက်အဦးများ ပျက်စီးနေသည်ကို တွေ့ရစဉ်။ ဓာတ်ပုံ - KNU

ဟန်နွေ/People’s Spring

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၁)နယ်မြေ ဘီးလင်းမြို့နယ် မဲပလီ စစ်ကောင်စီဗျူဟာစခန်းအား တော်လှန်ရေးပူးပေါင်းတပ်က တိုက်ခိုက်သိမ်းပိုက်ပြီးနောက် စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုများ ဆက်တိုက်ပြုလုပ်နေကြောင်း KNU သထုံခရိုင် တပ်မဟာ(၁)တာဝန်ရှိသူတစ်ဦးက ပြောသည်။

မဲပလီဗျူဟာစခန်းကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA)နှင့် တော်လှန်ရေးပူးပေါင်းတပ်များက ဖေဖော်ဝါရီ ၁ရက်တွင် သိမ်းပိုက်ခဲ့ရာ စစ်ကောင်စီတပ် သေဆုံးထိခိုက်များပြားပြီး အရာရှိအပါအဝင် စစ်သုံ့ပန်းများနှင့် လက်နက်ခဲယမ်းများ ရရှိထားသည်။

ထို့သို့ တပ်စခန်းအသိမ်းခံရပြီးနောက် စစ်ကောင်စီက တပ်မဟာ(၁)နယ်မြေရှိ ကျေးရွာများ၊ ဘာသာရေး အဆောက်အဦးနှင့် စာသင်ကျောင်းများအား လေကြောင်း၊လက်နက်ကြီး တိုက်ခိုက်မှုများ ဆက်တိုက်ပြုလုပ်လျက်ရှိသည်ဟု KNU တပ်မဟာ(၁)တာဝန်ရှိသူက ပြောသည်။

Public Service Announcement

Public Service Announcement

” စကစရဲ့ ရည်ရွယ်ချက်က ဘာတွေလဲ မသိရှိဘူး။ ယူဆရတာက မဲပလီ တပ်စခန်း ကျပြီး နောက်ပိုင်း လေယာဉ်နဲ့ကျေးရွာများ၊ ဘုန်းကြီးကျောင်း၊ စာသင်ကျောင်း၊ ခရစ်ယာန်ဘုရားကျောင်းတွေ ဗုံးကြဲမှု ပြုလုပ်လာတာရှိနေတယ်”ဟု ၎င်းက ပြောသည်။

ပြီးခဲ့သည့်ရက်ပိုင်းအတွင်း စစ်ကောင်စီ၏ တိုက်ခိုက်မှုများကိုလည်း တပ်မဟာ(၁) တာဝန်ရှိသူက ပြောပြရာ ဖေဖော်ဝါရီ ၁၄ရက်က အမှတ်(၈) စစ်ဆင်ရေးကွပ်ကဲမှု ဌာနချုပ် လက်အောက်ရှိ ခမရ(၄၀၈)အခြေစိုက် ကမမောင်းတပ်စခန်းက တိုက်ပွဲဖြစ်ပွားမှုမရှိဘဲ လက်နက်ကြီး ၃လုံး ရမ်းသမ်းပစ်ခတ်ခဲ့ရာ ဘားအံမြို့နယ် ဝဲပျံကျေးရွာအုပ်စု ဖားပေါင်ရွာအတွင်း ကျရောက်ပေါက်ကွဲခဲ့သည်ဟု ဆိုသည်။

အဆိုပါလက်နက်ကြီးကြောင့် ပြည်သူလူထုနေအိမ် ၃လုံးနှင့် လယ်ထွန်စက်တစ်စီး ပျက်စီးခဲ့သည်ဟု ပြောပြသည်။

ဖေဖော်ဝါရီ ၁၅ရက်တွင်လည်း ဖားပေါင်ကျေးရွာအား လက်နက်ကြီးဖြင့်ပစ်ခတ်ရာ ပြည်သူ တစ်ဦး၏ ဆိုင်ကယ်ပျက်စီးခဲ့သည်ဟု ဆိုသည်။

ထို့ပြင် တိုက်ပွဲဖြစ်ပွားမှုမရှိဘဲ ဖာပေါင်ကျေးရွာအနီးဝန်းကျင်အား စစ်ကောင်စီက ဖေဖော်ဝါရီ ၁၅ရက် ညသန်းခေါင်တွင် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ပြည်သူများ စစ်ဘေးတိမ်းရှောင်နေကြရသည်ဟု တပ်မဟာ(၁) တာဝန်ရှိသူက ပြောသည်။

စစ်ကောင်စီ​၏ လေကြောင်းရန်ကြောင့် ဒေသတွင်းရှိ ကျေးရွာ ၁၁ရွာမှ ပြည်သူများမှာ ဘေးလွတ်ရာ တိမ်းရှောင်နေကြရကြောင်း ၎င်းက ပြောသည်။

ထို့ပြင် ဘီးလင်းမြို့နယ် ကော်ဟဲကျေးရွာကိုလည်း ဖေဖော်ဝါရီ ၁၅ရက် ညသန်းခေါင်တွင် လေကြောင်း တိုက်ခိုက်ခဲ့ရာ ပြည်သူ ၅ဦး ဒဏ်ရာရရှိခဲ့ပြီး နေအိမ် ၉လုံးပျက်စီးခဲ့သည်ဟု KNU တပ်မဟာ(၁) တာဝန်ရှိသူက ပြောသည်။

စစ်ကောင်စီသည် ကျိုက်ထိုမြို့နယ် ကော်ကပ်ရွာကိုလည်း ဖေဖော်ဝါရီ ၁၃ရက်က လေကြောင်း တိုက်ခိုက်ခဲ့ရာ စာသင်ကျောင်းပျက်စီးခဲ့သည်ဟု KNUက အသိပေးထားသည်။

ထို့ပြင် ဖေဖော်ဝါရီ ၁၃ရက်က ကျိုက်ထိုမြို့နယ် ပိန္နဲကုန်းရွာ ဘုန်ကြီးကျောင်းနှင့် ကျေးရွာကို လေကြောင်း တိုက်ခိုက်ခဲ့ရာ ပြည်သူ ၁၀ဦးကျော် ထိမှန်ပြီး ၃ဦး သေဆုံးခဲ့ဟု ထုတ်ပြန်ထားသည်။

ဖေဖော်ဝါရီ ၁၃ရက်တွင် ဘီးလင်းမြို့နယ် တဂေးလောင်း ချောင်းဖျားကျေးရွာကိုလည်း စစ်ကောင်စီက လေကြောင်း ဗုံးကြဲတိုက်ခိုက်ခဲ့၍ ခရစ်ယာန်ဘုရားကျောင်း နှင့် နေအိမ် ၁၇လုံးလည်း ထိခိုက်ပျက်စီးခဲ့သည်ဟု အသိပေးထားသည်။

ဖေဖော်ဝါရီ ၉ရက်တွင်လည်း ဘီးလင်းမြို့နယ် တဂေးလောင်းရွာကို လေကြောင်းတိုက်ခိုက်ခဲ့ရာ ဘုရားစေတီ၊ ဘုန်းကြီးကျောင်းရှိ သာသနာအဆောက်အဦးများနှင့် နေအိမ်များ ပျက်စီးခဲ့ကြောင်း KNUက ထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

အာဏာသိမ်းစစ်တပ်က စစ်မှုထမ်း‎တပ်သားတစ်ဦး ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်မဟာ(၄) တပ်‌ရင်း(၂၀၃)ထံ အလင်းဝင်လာကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU)မြိတ်ထားဝယ်ခရိုင်က သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်အုပ်စုရဲ့ဟန်ပြလုပ်ရပ်တွေ စိစစ်ပြီး ကျားဖြန့်လုပ်ငန်း အမှန်တကယ် တိုက်ဖျက်နေတဲ့ မြေပြင်အဖွဲ့တွေနဲ့ လက်တွဲပူးပေါင်းဖို့ အိမ်နီးချင်းနဲ့ နိုင်ငံတကာထံ တောင်းဆို

သတင်း

အာဏာသိမ်းစစ်ကောင်စီရဲ့ လူ့အခွင့်အရေးချိုးဖောက်မှုနဲ့ ရာဇဝတ်မှု ကျူးလွန်ခြင်းတွေကြောင့် ကရင်ပြည်နယ်အတွင်း အစုလိုက်၊အပြုံလိုက် နေရပ်စွန့်ခွာရတာ ပိုများလာကြောင်း ကရင်လူ့အခွင့်အရေးအဖွဲ့(KHRG)က ထုတ်ပြန်ပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၄)နယ်မြေ မြိတ်-ထားဝယ် ခရိုင်ဘုတ်ပြင်းမြို့နယ်ကို စစ်တပ်က လေကြောင်း ထပ်မံတိုက်ခိုက်ခဲ့လို့ ပြည်သူ ၁ဦး ဒဏ်ရာရရှိခဲ့ကြောင်း ကရင်လူ့အခွင့်အရေးအဖွဲ့(KHRG)က သတင်းထုတ်ပြန်ပါတယ်။