Connect with us

Hi, what are you looking for?

သတင်း

ရှမ်းနီပြည်သူ့စစ်တပ်ဖွဲ့ဝင် ကိုးဦး လက်နက်များဖြင့် အလင်းဝင်လာ၍ ဟုမ္မလင်းပကဖ ဆုငွေချီးမြှင့်

စစ်ကိုင်းတိုင်း၊ဟုမ္မလင်းအခြေစိုက် စစ်ကောင်စီလက်အောက်ခံ ရှမ်းနီပြည်သူ့ စစ်(SNA) တပ်ဖွဲ့ဝင် ကိုးဦး လက်နက်များဖြင့် အလင်းဝင်လာကြောင်း ဟုမ္မလင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ)တာဝန်ရှိသူက လူထုနွေဦးသို့ ပြောသည်။

အလင်းဝင်လာသော SNAတပ်ဖွဲ့ဝင် ကိုးဦးနှင့် ၎င်းတို့ယူလာသော လပ်နက်ခဲယမ်းများအား တွေ့ရစဉ်။ ဓာတ်ပုံ - ဟုမ္မလင်း ပကဖ

ရဲခေါင်/People’s Spring

စစ်ကိုင်းတိုင်း၊ဟုမ္မလင်းအခြေစိုက် စစ်ကောင်စီလက်အောက်ခံ ရှမ်းနီပြည်သူ့ စစ်(SNA) တပ်ဖွဲ့ဝင် ကိုးဦး လက်နက်များဖြင့် အလင်းဝင်လာကြောင်း ဟုမ္မလင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ)တာဝန်ရှိသူက လူထုနွေဦးသို့ ပြောသည်။

ဟုမ္မလင်းမြို့နယ် SNA (၇၅၃) တပ်ရင်းမှ တပ်ဖွဲ့ဝင် ကိုးဦးသည် ယခုနှစ်လဆန်းပိုင်းတွင် လက်နက်များနှင့်အတူ ဟုမ္မလင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ)နှင့်ချိတ်ဆက်ကာ ပြည်သူ့ရင်ခွင်သို့ခိုလှုံလာခြင်းဟု ဆိုသည်။

“၂ ယောက်တစ်တွဲ ၃ ယောက်တစ်တွဲ အဲ့လိုဝင်လာခဲ့ကြတာ။အဲ့လူတွေ ၉ ယောက်ကို မနေ့က(ဖေဖော်ဝါရီ ၂၀ ရက်)မှ အားလုံးစုပြီး ချီးမြှင့်ငွေပေးခဲ့တာ”ဟု အထက်ပါတာဝန်ရှိသူက ပြောသည်။

Public Service Announcement

Public Service Announcement

SNA တပ်ဖွဲ့ဝင် ကိုးဦးသည် G-3 သုံးလက်၊ AK ဒင်ခေါက် တစ်လက်၊ AK တစ်လက်၊ ကီးချန်း တစ်လက်၊G-3ကျည် ၁၉၅ တောင့် နှင့် 7.62 ကျည် ၆၀၇ တောင့်ကို ယူဆောင်လာခဲ့ကြောင်းအသိပေးသည်။

၎င်းတို့ကို ကောင်းမွန်စွာထိန်းသိမ်းစောင့်ရှောက်ထားပြီး မိသားစုဝင်များနှင့် တွေ့ဆုံစေခဲ့ကြောင်းလည်း ဟုမ္မလင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ)က ယနေ့ထုတ်ပြန်ထားသည်။

ကျန်းမာရေးစောင့်ရှောက်မှုအပါအဝင် ခန္တီးခရိုင်ပေါင်းစပ်ညှိနှိုင်းရေးအဖွဲ့မှဦးဆောင်ပြီး အလင်းဝင် SNA တပ်ဖွဲ့ဝင်များကို ဂုဏ်ပြုငွေများပေးခဲ့ကြောင်း သိရသည်။

စစ်ကောင်စီလက်အောက်ခံ SNA တပ်ဖွဲ့ဝင်များ အနေဖြင့် ပြည်သူများဘက်သို့ ရပ်တည်ပြီး ခိုလှုံမှုကို လှိုက်လှဲစွာကြိုဆိုနေပြီး ၎င်းတို့ကိုဆက်သွယ်ကြရန်လည်း ဟုမ္မလင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ က တိုက်တွန်းသည်။

ဟုမ္မလင်း၊ဗန်းမောက်၊အင်းတော်၊ဝန်းသို၊ပင်လည်ဘူး၊တမူး၊မန်စီ၊မိုးမောက်၊မိုးကောင်း၊မိုးညှင်းတို့တွင် စစ်ကောင်စီ၏ လက်နက်ခဲယမ်းဖြည့်တင်းပေးမှုနှင့်အတူ SNAက တပ်ရင်းများဖွဲ့စည်းကာ စစ်ကောင်စီနှင့်အတူ တော်လှန်ရေးအင်အားစုများကို ခုခံလျှက်ရှိသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်းဒေသအတွင်း တနေရာမှာ အမျိုးသမီးမဟာမိတ် အင်အားစု (WAB) စုဖွဲ့မှု (၅)နှစ်ပြည့် အထိမ်းအမှတ်အဖြစ် ဂျန်ဒါအသိပညာပေးမှုဆိုင်ရာ ဆွေးနွေးပွဲကို ဒီကနေ့ (စက်တင်ဘာ ၁၀) ပြုလုပ်ခဲ့ပါတယ်။

ဆောင်းပါး

သြဂုတ်၂၁ရက်၊ဝါခေါင်လဆန်း၈ရက် ဥပုသ်နေ့ မနက် ၉ နာရီလောက်က စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်၊ ဆွဲလွဲအိုရွာ ဘုန်းကြီးကျောင်းထဲမှာဖွင့်ထားတဲ့ တရားစခန်းက ယောဂီတွေဟာ မိုးကုတ်ဆရာတော်ဘုရားကြီးရဲ့ အလုပ်ပေးတရားနာယူနေကြတယ်။ အဲဒီတရားစခန်းဟာ ဝါခေါင်လဆန်း ၇ ရက်နေ့က စဖွင့်တာဖြစ်ပြီး ယောဂီတွေဟာ တစ်ရက်ကြိုရောက်ရတော့ ၆ ရက်နေ့ကတည်းက ရောက်နေခဲ့တာပါ။

သတင်း

စစ်ကိုင်းတိုင်းအတွင်း ရေဘေးသင့်ပြည်သူတွေဆီ ဥရောပသမဂ္ဂ (EU)ရဲ့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ကူညီထောက်ပံ့ငွေတွေကို ပေးပို့ရာမှာ အာဏာသိမ်းစစ်အုပ်စုကတဆင့် မပေးပို့ဘဲ သက်ဆိုင်ရာ ပြည်သူ့အစိုးရနဲ့ ဒေသခံအရပ်ဘက်အဖွဲ့အစည်းတွေ ပူးပေါင်းကာ နယ်စပ်အခြေပြုလမ်းကြောင်းတွေကနေတဆင့် ပေးပို့ဖို့ စစ်ကိုင်းတိုင်းဒေသ သပိတ်အင်အားစုက တောင်းဆိုလိုက်ပါတယ်။

သတင်း

စစ်ကိုင်းတိုင်းအတွင်းက ရေဘေးသင့်ပြည်သူတွေကို မြို့နယ်ပကဖနဲ့ သပိတ်အင်အားစုဝင်ရဲဘော်တွေက စားနပ်ရိက္ခာလှူဒါန်းတာ​တွေ သြဂုတ် ၂၃ ရက်က ပြုလုပ်ခဲ့ပါတယ်။