Connect with us

Hi, what are you looking for?

သတင်း

စစ်ကောင်စီ၏ စစ်မှုထမ်းတပ်သားသစ်ငါးဦး အလင်းဝင်လာ

စစ်ကောင်စီ၏ စစ်မှုထမ်းဥပဒေဖြင့်အဓမ္မစုဆောင်းထားသည့် တပ်သားသစ်ငါးဦး အလင်းဝင်ခိုလှုံလာကြောင်း ကရင်နီပြည်နယ်နှင့် မကွေးတိုင်းရှိ သက်ဆိုင်ရာ တပ်ဖွဲ့များက ထုတ်ပြန်သည်။

ခလရ(၂၅၃)တပ်ရင်းမှ စစ်ကောင်စီ၏ အဓမ္မစုဆောင်ခံရသည့် တပ်သားတစ်ဦး ခဲယမ်းများနှင့်အတူ အလင်းဝင်လာသည်ကို တွေ့ရစဥ်။ ဓာတ်ပုံ - စလင်း ပကဖ

ရဲခေါင်/People’s Spring

စစ်ကောင်စီ၏ စစ်မှုထမ်းဥပဒေဖြင့်အဓမ္မစုဆောင်းထားသည့် တပ်သားသစ်ငါးဦး အလင်းဝင်ခိုလှုံလာကြောင်း ကရင်နီပြည်နယ်နှင့် မကွေးတိုင်းရှိ သက်ဆိုင်ရာ တပ်ဖွဲ့များက ထုတ်ပြန်သည်။

ကရင်နီပြည်၊ ဘောလခဲမြို့နယ်မှ ဖားဆောင်းမြို့နယ်သို့ စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်စစ်ကြောင်းမှ တပ်သားနှစ်ဦးသည် လွန်ခဲ့သည့်တစ်ပတ်က အလင်းဝင်ခိုလှုံလာပြီးနောက် ယမန်နေ့ (ဖေဖော်ဝါရီ ၂၁ရက်) ညပိုင်းက နောက်ထပ်နှစ်ဦး ထပ်မံအလင်းဝင်ရောက်ရှိလာကြောင်း ကရင်နီပြည်တပ်မတော်(KA)တပ်ရင်း(၅)က ဆိုသည်။

“သူတို့က စစ်မှုထမ်းအခုမှ ခေါ်စုခံထားရတဲ့သူတွေပါ။သူတို့ဆီမှာ လက်ပစ်ဗုံးနှစ်လုံးတော့ ပါလာတယ်။အဲဒီရှေ့မှာ နှစ်ယောက် ရောက်ထားတာရှိတယ်။ဒီနှစ်ယောက်နဲ့ အသိတွေပဲ”ဟု KA တပ်ရင်း(၅) တာဝန်ရှိသူက လူထုနွေဦးသို့ ပြောသည်။

Public Service Announcement

Public Service Announcement

ထို့အပြင် မန္တလေးမြို့တွင် အဓမ္မတပ်သားသစ်စု ဆောင်းခံရသူတစ်ဦးမှာလည်း ခဲယမ်းများနှင့်အတူ အလင်းဝင်လာကြောင်း စလင်းမြို့နယ် ပကဖက အသိပေးသည်။

၎င်းသည် စလင်းမြို့နယ်အခြေစိုက် ခလရ-၂၅၃တပ်ရင်း၌ တာဝန်ကျပြီး ဖေဖော်ဝါရီ ၁၉ရက်က အလင်းဝင်ရောက်ရှိလာခြင်းဖြစ်ပြီး တပ်တွင်းကျန်ရှိသူများအနေဖြင့် အလင်းဝင်ရောက်လိုပါက ချိတ်ဆက်နိုင်ပြီး လက်နက်ခဲယမ်းပါရှိပါက ထိုက်တန်သော ဆုကြေးငွေများကိုလည်းချီးမြှင့်မည်ဟု စလင်းပကဖက ဖော်ပြသည်။

အဓမ္မစစ်မှုထမ်းရန် စုဆောင်းခံရသူများအနေဖြင့် စစ်သင်တန်းတက်နေစဉ်ကာလတွင် ဖြစ်စေ သင်တန်းပြီးဆုံး၍ လက်နက်တပ်ဆင်ပြီး အနေအထားတွင်ဖြစ်စေ အခြေအနေပေးသည်နှင့် နီးစပ်ရာ ပြည်သူ့တော်လှန်ရေး အဖွဲ့အစည်းများထံဆက်သွယ်၍ ဘက်ပြောင်းခိုလှုံရန်လည်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG)နှင့် တော်လှန်ရေးအင်အားစုများက တိုက်တွန်းထားသည်။

အလင်းဝင်ခိုလှုံလာသော လူငယ်၊ လူရွယ်များဘေးကင်းလုံခြုံရေး အကောင်းဆုံး တာဝန်ယူဆောင် ရွက်ပေးမည်ဖြစ်ပြီး လက်နက်၊ ခဲယမ်းများပါရှိလာပါက ထိုက်တန်စွာ ဆုကြေးငွေများချီးမြှင့်ပေးမည်ဖြစ်ကြောင်းလည်း ကြေညာထားသည်။

ထို့အပြင် စစ်ကောင်စီ၏ အဓမ္မစစ်မှုထမ်းဥပဒေဖြင့် တပ်တွင်းရောက်ရှိခဲ့သူများအနက် ရာနှင့်ချီသော တပ်သားသစ်များသည် တော်လှန်ရေးအင်အားစုများနှင့်ချိတ်ဆက်၍ အလင်းဝင်လာသူ အများအပြားရှိနေသည်။

ဆက်စပ်သတင်းများ

သတင်း

ချင်းပြည်နယ်၊ တီးတိန်မြို့နယ်အခြေစိုက် ချင်းဒေသကာကွယ်ရေးတပ်(CDF)-စီးယင်း တပ်ဖွဲ့ထံအာဏာသိမ်းစစ်ကောင်စီတပ်က တပ်သား ၄ဦး လက်နက်နဲ့အတူ အလင်းဝင်လာကြောင်း CDF စီးယင်းက သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်မှာ စစ်မှုထမ်းစုဆောင်းခံရသူတွေက ပျူစောထီးတွေကို ရိုက်နှက်ပြီး ထွက်ပြေးလွတ်မြောက်လာတယ်လို့ သတင်းရရှိပါတယ်။

သတင်း

စစ်မှုထမ်းဖို့အတွက် စစ်တပ်က ပေါ်တာဆွဲဖမ်းဆီးထားသူ ၇ဦး ထွက်ပြေးလွတ်မြောက်လာတဲ့အတွက် ကူညီစောင့်ရှောက်ထားတယ်လို့ ရေဦးမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)က သတင်းထုတ်ပြန်ပါတယ်။

သတင်း

ပဲခူးနဲ့ ဧရာဝတီတိုင်းမှာ ပေါ်တာဆွဲခံရတဲ့ ပခုက္ကူမြို့နယ်အခြေစိုက် ခလရ (၂၃၅) တပ်ရင်းက စစ်မှုထမ်းတပ်သား ၂ ဦးဟာ COBRA ONE Pakokku တပ်ဖွဲ့ထံ အလင်းဝင်ရောက်လာခဲ့တယ်လို့ အဲဒီတပ်ဖွဲ့က သတင်းထုတ်ပြန်ပါတယ်။