Connect with us

Hi, what are you looking for?

သတင်း

ရတနာပုံတံတားအနီးမှာ တပါတ်အတွင်း စစ်​ကောင်စီက အမျိုးသား၁၀၀ခန့်ကို ​​ပေါ်တာဆွဲ

စစ်ကိုင်းတံတားမှာ ဒီရက်ပိုင်းအတွင်းပေါ်တာဆွဲဖမ်းဆီးတာတွေပြန်လုပ်လာပြီး တပါတ်အတွင်းလူငယ်နဲ့သက်လတ်ပိုင်းအမျိုးသား၁၀၀ခန့်အထိ ဖမ်းဆီးခံလိုက်ရတယ်လို့ဒေသခံ က​ပြောပါတယ်။

ရတနာပုံတံတားနဲ့ မန္တလေးအဝင် နှာပေါက်ဘက်မှာ စစ်​ကောင်စီ ရဲ​တွေက ၂၀၂၄ ဒီဇင်ဘာလမှာ စစ်ဆေး​နေစဥ်။ ဓါတ်ပုံ- The voice of wetlet madayar ၊ CJ

ရှိန်း/People’s Spring

စစ်ကိုင်းတံတားမှာ ဒီရက်ပိုင်းအတွင်း ပေါ်တာဆွဲဖမ်းဆီးတာတွေပြန်လုပ်လာပြီး တပါတ်အတွင်းလူငယ်နဲ့သက်လတ်ပိုင်းအမျိုးသား၁၀၀ခန့်အထိ ဖမ်းဆီးခံလိုက်ရတယ်လို့ဒေသခံ က​ပြောပါတယ်။

ဖေဖော်ဝါရီလ နောက်ဆုံးအပတ်ကစပြီးမန္တလေး-စစ်ကိုင်းဆက်သွယ်ထားတဲ့ ‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌ရတနာပုံမြစ်ကူးတံတားမှာ ပေါ်တာဆွဲတာ တွေဆက်တိုက်ပြုလုပ်ခဲ့တာလို့ဒေသခံ​တွေကပြောပါတယ်။

“တကယ်ကို ဆွဲတာပါဗျာ။ကားစပါယ်ရာကိုကား ပေါ်က နေဒီအတိုင်းကိုဆွဲချသွားတာ”လို့ ​ဒေသခံတစ်ဦးက ​ပြောပါတယ် ။

Public Service Announcement

Public Service Announcement

ယာဥ်​နောက်လိုက်နှင့်အတူ အခြားအမျိုးသားများကိုပါ စစ်​ကောင်စီက အဓမ္မ​ခေါ်​ဆောင်သွား​ပြီး မိသားစုဝင်နှင့် မိတ်​ဆွေများက လိုက်ထုတ်ရန်ကြိုးစား​သော်လည်း မရ​ကြောင်း ​အထက်ပါ​ဒေသခံက​ ဆက်ပြောပါတယ်။ဖမ်းဆီးခံလိုက်ရတဲ့ အမျိုးသား တဦးဟာ အသက်၁၇နှစ်အရွယ်သာရှိ သေးတယ်လို့​ဒေသခံက​ပြောပါတယ်။

ဒါ့အပြင် စစ်ကိုင်းတံတားကနေ မန္တလေးဘက်ကိုဆင်းတဲ့ နှာ ပေါက်အထွက်မှာလည်းဆိုင်ကယ်နဲ့ သွားလာ နေတဲ့အမျိုးသား တွေကို တခါထဲဖမ်းဆီးပြီးစစ်သားသစ်အဖြစ်စု​ဆောင်း​နေလို့​ဒေသခံအချို့က​ပြောပါတယ်။

မတ်လ ၁ရက်နေ့က မန္တ​လေးကိုဆိုင်ကယ်နဲ့ သွားတဲ့ လင်မယား ၂ ဦးမှာ ခင်ပွန်းဖြစ်သူကို စစ်​ကောင်စီ တပ်ဖွဲ့ဝင်​တွေက နှာ​ပေါက်အထွက်မှာဖမ်းဆီးခဲ့တယ်လို့ ​ဒေသခံအချို့က ​ပြောပါတယ်။

စစ်သားစု​ဆောင်းခံရသူရဲ့ ဇန်းကငိုယိုပြော​ပေမယ့်မရဘူးလို့ ​ဒေသခံတဦးကပြောပါတယ်။

အဲဒီလိုအဓမ္မဖမ်းဆီးခံရသူတွေကိုစစ်​ကောင်စီက စစ်ကိုင်းတပ်မ (၃၃) အတွင်းမှာ ဆေးစစ်ဖို့လုပ် နေတယ်လို့လည်းစုံစမ်းသိရပါတယ်။

စစ်မှုထမ်းအပါတ်စဉ် (၁၀ )ကိုစစ်တပ်က ခေါ်ယူအပြီးတစ်လနီးပါးအကြာမှာ စစ်သားသစ်အတွက် ထပ်မံ ပေါ်တာစွဲဖမ်းဆီးတာ တွေပြုလုပ် နေတာပါ။

စစ်​ကောင်စီက လူငယ်​တွေကို အဓမ္မဖမ်းဆီး ပြီးစစ်သင်တန်းတက်ခိုင်းပြီး သင်တန်းဆင်းတာနဲ့ ​ရှေ့တန်းကိုပို့စစ်တိုက်ခိုင်းတာမှာ​သေဆုံး ဒဏ်ရာရသူ ၊ထွက်​ပြေးသူ ၊ ​တော်လှန်​ရေးအဖွဲ့​တွေထံမှာအလင်းဝင်သူ​တွေ အများအပြားရှိ​နေတယ်လို့​တော်လှန်​ရေးအဖွဲ့​တွေက ​ပြောပါတယ် ။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းမြို့နယ်မှာ စစ်ကောင်စီယာဥ်တန်းအတွက် လုံခြုံရေးယူပေးနေတဲ့ စစ်သားတွေ မိုင်းဆွဲတိုက်ခိုက်ခံရပြီး ထိခိုက်သေဆုံးမှုတွေရှိခဲ့ကြောင်း လင်းယုန်ညီနောင် ပြောက်ကျားတပ်ဖွဲ့ရဲ့ တာဝန်ရှိသူက ပြောပါတယ်။

သတင်း

မန္ဆလေးမြို့မှာ အာဏာသိမ်းစစ်တပ်ရဲ့ ဝါဒဖြန့်ဇာတ်မင်းသား အောင်ဇမ္ဗူရဲ့ ဖျော်ဖြေပွဲကို ၃ ရက်ကြိုတင်ကာ ညအိပ်စောင့်ပြီး လက်မှတ်လာတန်းကြတဲ့ ပရိသတ်တွေ မိုးမိပြီး ဒုက္ခရောက်ခဲ့ကြပါတယ်။

သတင်း

မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်မှာ ကွမ်းယာရောင်းနေတဲ့ စစ်ရှောင်သားအဖ ၂ဦး ဓားထိုးခံရပြီး ဖခင်ဖြစ်သူသေဆုံးတဲ့ဖြစ်စဥ်တစ်ခု ဇူလိုင်၂၉ရက်က ဖြစ်ပွားခဲပါတယ်။

သတင်း

မန္တလေးမြို့၊ ပုသိမ်ကြီးမြို့အနီးကို ဗဟိုပြုပြီး ၄.၆ အဆင့်ရှိ အင်အား အတော်အသင့်ရှိတဲ့ မြေငလျင်တစ်ခု လှုပ်ခတ်သွားကြောင်း အမျိုးသားညီညွတ်ရေးအစိုးရရဲ့ လူမှုရေးရာ၊ အလုပ်သမားနှင့် လူသားချင်းစာနာထောက်ထားရေးဝန်ကြီးဌာန(MoSLHA)က သတင်းထုတ်ပြန်ပါတယ်။