Connect with us

Hi, what are you looking for?

သတင်း

စစ်ကောင်စီတပ်နှင့် ပြည်သူ့စစ်က လေကြောင်းပစ်ကူသုံးထိုးစစ်ဆင်၍ လီဒိုလမ်းအနီး KIA စခန်းတစ်ခု ဖယ်ပေးရဟုဆို

ကချင်ပြည်နယ်၊ တနိုင်းမြို့နယ်ရှိ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) တပ်စွဲရာနေရာ တစ်နေရာကို စစ်ကောင်စီတပ်နှင့် ပြည်သူ့စစ် ပူးပေါင်းတပ်က ထိုးစစ်ဆင်တိုက်ခိုက်ခဲ့၍ လက်လွှတ်ခဲ့ရကြောင်း KIA သတင်းရင်းမြစ်က ပြောသည်။

တနိုင်းရှိ ရွှေမှော်တစ်ခုကို စစ်ကောင်စီတပ်က ဇန်နဝါရီတွင် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်အပြီး တွေ့ရစဉ်။ ဓာတ်ပုံ - KNG

ဟန်နွေ/People’s Spring

ကချင်ပြည်နယ်၊ တနိုင်းမြို့နယ်ရှိ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) တပ်စွဲရာနေရာ တစ်နေရာကို စစ်ကောင်စီတပ်နှင့် ပြည်သူ့စစ် ပူးပေါင်းတပ်က ထိုးစစ်ဆင်တိုက်ခိုက်ခဲ့၍ လက်လွှတ်ခဲ့ရကြောင်း KIA သတင်းရင်းမြစ်က ပြောသည်။

မတ်လ ၆ရက် နံနက်တွင် စစ်ကောင်စီတပ်နှင့် မင်းဇေသန့် ပြည်သူ့စစ်ပူးပေါင်းတပ်က ကချင်ပြည်နယ် တနိုင်း-လီဒိုလမ်း ရှဒူးဇွပ်ရွာအနီး ၀ခါးရွှေမှော်ရှိ KIA တပ်နေရာကို ထိုးစစ်ဆင်ခဲ့သည်ဟု သတင်းများအပေါ် KIA သတင်းရင်းမြစ်က စခန်းနေရာ လက်လွှတ်ခဲ့ရမှုအပေါ် ပြောသည်။

” ကျနော်တို့ဘက်က အငိုက်အတိုက်ခံရတာပေါ့။ သူတို့ဘက်ကလေယာဉ်နဲ့ရော ဒရုန်းနဲ့ရော အင်အားအမြောက်အများနဲ့ရောထိုးစစ်ဆင်တာပေါ့။ အဲဒါကျနော်တို့ကဖယ်ပေးလိုက်တာ။ဝါရာဇွပ်မှာရှိတဲ့ မင်းဇေသန့် ပြည်သူ့စစ်နဲ့မင်းအောင်လှိုင်အဖွဲ့ကပေါင်းပြီး ဝင်တိုက်တာပေါ့။” ဟု KIA သတင်းရင်းမြစ်က ပြောသည်။

Public Service Announcement

Public Service Announcement

တိုက်ပွဲအတွင်း ထိခိုက်ကျဆုံးအခြေအနေများကို ဆက်လက်စုံစမ်းနေဆဲဖြစ်သည်။ KIA တပ်စခန်းနေရာ လက်လွှတ်ခဲ့ရမှုနှင့်ပတ်သက်၍ KIA သတင်းပြန်ကြားရေးဌာန တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူထံ ယနေ့ ဆက်သွယ်မေးမြန်းထားဆဲဖြစ်သည်။

ယခု စခန်းလက်လွှတ်လိုက်ရသည့် နေရာသည် KIA တပ်မဟာ(၂) တပ်ရင်း(၁၄)နယ်မြေဖြစ်သည်။

စစ်ကောင်စီတပ်နှင့် ပြည်သူ့စစ်ပူးပေါင်းတပ်က ယမန်နေ့ နံနက်တွင် ထိုးစစ်ဆင်လာခြင်းဖြစ်ပြီး လေကြောင်းမှ ဗုံးကြဲခဲ့ကြောင်း၊ ထိခိုက်မှု အချို့ရှိခဲ့ကြောင်း Kachinwaves သတင်းဌာနက ဖော်ပြထားသည်။

စစ်ကောင်စီတပ်သည် ဗန်းမော်မြို့တိုက်ပွဲအတွင်း အထိနာနေသည့် အခြေအနေတွင် ဝါရာဇွပ်ဒေသ အပါအဝင် ကချင်ပြည်နယ်အတွင်းတိုက်ပွဲဖြစ်ပွားမှု မရှိသည့်နေရာများကိုလည်း လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်နေသကဲ့သို့ မြစ်ကြီးနား၊ ပူတာအို၊ ဆွမ်ပရာဘွမ်၊ ဖားကန့်ဒေသများ၌လည်း စစ်အင်အားဖြည့်တင်း စစ်ရေးလှုပ်ရှားနေကြောင်း KIA သတင်းပြန်ကြားရေးဌာနက ယခင်ဖော်ပြထားသည်။

KIA အနေဖြင့် ယခုလပိုင်းအတွင်း ဗန်းမော်မြို့ရှိ အမြောက်တပ်၊ သံချပ်ကာတပ်၊ တင့်ကားတပ်၊ ခလရ(၂၃၆)၊ လေယာဉ်ကွင်းအပါအဝင် ဗန်းမော်မြို့အခြေစိုက် စစ်ကောင်စီတပ်ရင်းဌာနချုပ်များနှင့် တပ်စခန်းများကို တိုက်ခိုက်သိမ်းပိုက်ထားပြီး အမှတ်(၂၁) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ-၂၁)ကို အပြီးသတ် သိမ်းနိုင်ရေး အပြင်းအထန် ထိုးစစ်ဆင်လျက်ရှိသည်။

KIAသည် ၂၀၂၄ မတ်လ ၇ရက်မှစ၍ စစ်ရှိန်မြှင့်ပြီးစစ်ကောင်စီတပ်စခန်းများ၊ မြို့များ တိုက်ခိုက်သိမ်းပိုက်သည့် စစ်ဆင်ရေးကို ဖော်ဆောင်ခဲ့ရာ ယနေ့(မတ်လ ၇ရက်)တွင် ၁နှစ်ပြည့်ပြီဖြစ်ပြီး တစ်နှစ်အတွင်း တပ်စခန်း ၂၅၀ ထက်မနည်း၊ မြို့ ၁၅မြို့ထက်မနည်းကိုတိုက်ခိုက်သိမ်းပိုက်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေး၊ စစ်ကိုင်းတိုင်းနဲ့ ကချင်ပြည်နယ်မှာ ဒေသခံပြည်သူတွေ၊ တော်လှန်သပိတ်အင်အားစုတွေ စုပေါင်းပြီး ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက် (၈၁)နှစ်ပြည့် မွေးနေ့အထိမ်းအမှတ် လှုပ်ရှားမှုတွေကို ဒီက​နေ့ (ဇွန် ၁၉) မှာ အသီးသီးပြုလုပ်ခဲ့ပါတယ်။

သတင်း

ကချင်ပြည်နယ် ရွှေကူမြို့နယ်မှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်နဲ့ စစ်တပ်အကြား တိုက်ပွဲတွေ နေ့စဉ် ပြင်းထန်နေကြောင်း KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။

သတင်း

ဖားကန့်မှာ နေအိမ်နဲ့ လုပ်ငန်းရှင်တွေကိုသာမက လမ်းသွားလမ်းလာတွေဆီကပါ ဓားပြတိုက်နေတဲ့ စစ်တပ်နဲ့ ပြည်သူ့စစ်ပူးပေါင်းအဖွဲ့မှ အဖွဲ့ဝင်တချို့ကိုKIA၊KPDFက ဖမ်းဆီးထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်အထက်ပိုင်းမှာ မိုးသည်းထန်ရွာသွန်းနေပြီး ဧရာဝတီမြစ်ရေတိုးလာတဲ့အတွက် ရေဘေးသတိပြုကြဖို့ လူမှုကူညီကယ်ဆယ်ရေးအဖွဲ့တွေက သတိပေးနေကြပါတယ်။