Connect with us

Hi, what are you looking for?

သတင်း

ဂျဲန်ဒါတန်းတူရေးအလေးပေးသည့် ပြည်နယ်တပ်အဖြစ် အသွင်ပြောင်းနိုင်ရေး ကြိုးပမ်းမည်ဟု KNDF အသိပေး

ခွဲခြားဆက်ဆံမှုနှင့် ဖိနှိပ်မှုမှန်သမျှ တိုက်ဖျက်ပြီး ဂျဲန်ဒါတန်းတူရေးကို အလေးပေးသည့် ပြည်နယ်တပ်အဖြစ် အသွင်ပြောင်းနိုင်ရေး ဆက်လက်ကြိုးပမ်းမည်ဟု ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF)က ယနေ့(မတ်လ ၈ရက်)တွင် ထုတ်ပြန်သည်။

အခြေခံစစ်သင်တန်းဆင်းပွဲတစ်ခု၌ တွေ့ရသည့် KNDF ရဲမေများအား တွေ့ရစဥ်။ ဓာတ်ပုံ - KNDF တပ်ရင်း ၈

ရဲခေါင်/People’s Spring

ခွဲခြားဆက်ဆံမှုနှင့် ဖိနှိပ်မှုမှန်သမျှ တိုက်ဖျက်ပြီး ဂျဲန်ဒါတန်းတူရေးကို အလေးပေးသည့် ပြည်နယ်တပ်အဖြစ် အသွင်ပြောင်းနိုင်ရေး ဆက်လက်ကြိုးပမ်းမည်ဟု ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF)က ယနေ့(မတ်လ ၈ရက်)တွင် ထုတ်ပြန်သည်။

တာဝန်ထမ်းဆောင်နေသည့် အမျိုးသမီးရဲဘော်များအတွက် ယနေ့ကျရောက်သည့် အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့ အထိမ်းအမှတ် သတင်းစကားတွင် KNDF က အထက်ပါ အကြောင်းအရာကို ထည့်သွင်း ဖော်ပြသည်။

KNDF၏ တော်လှန်ရေးခရီးစဥ်တစ်လျှောက် တွင်သာမက ကရင်နီတော်လှန်ရေးသမိုင်းတစ်လျှောက်တွင် အမျိုးသမီးရဲဘော်များအပြင် ရဲဘော်အားလုံးတို့၏ မိခင်များ၊အိမ်ထောင်ဖက် အမျိုးသမီးတို့၏ ပံ့ပိုးကူညီမှုသည်များစွာအရေးပါသည်အချက်မှာ မလွဲဧကန်ဟု အသိပေးသည်။

Public Service Announcement

Public Service Announcement

ဖိုဝါဒဆန်ဆန် ဖိနှိပ်ထားသည့် လူ့အဖွဲ့အစည်းကြီးကို ခေတ်အဆက်ဆက်တွင်ပုံစံအမျိုးမျိုးဖြင့် ဆန့်ကျင်ခဲ့ကြသည့် အမျိုးသမီးတို့၏ တော်လှန်ရေးသည် ယနေ့အထိ ရဲဝံ့စွာတည်ရှိနေဆဲဟု KNDFက ပြောသည်။

တပ်တွင်းအမျိုးသမီးတို့၏ တော်လှန်ရေးကို လေ့လာကြည့်မည်ဆိုပါက တိုက်ခိုက်ရေးနှင့် စစ်ရေးပဋိပက္ခ အတွင်းတော်လှန်ရေးကို တက်စွမ်းသည့်ဘက်မှ ပါဝင် ကူညီနေသည်သာမကစစ်ပုံကျဖိုဝါဒစနစ်အတွင်း တန်းတူ ညီမျှမှုရှာဖွေ ခြင်း၊လူသားခြင်းစာနာထောက် ထားရေး၊ကျန်းမာရေး၊ပညာရေး၊မိသားစုအရေး စသည့် ကဏ္ဍအသီးသီးတွင် တက်စွမ်းသမျှပါဝင်ကူညီမှု သည် အမျိုးသမီးတို့၏ ဂုဏ်သိက္ခာကြီးမားသည့် တော်လှန်ရေးလက္ခဏာတစ်ရပ်ဟု ဆိုသည်။

KNDF ၏ သစ္စာအဓိဌာန်ပါ”အမျိုးသားတန်းတူရေး နှင့် ဖက်ဒရယ်ဒီမိုကရေစီရရှိရေး”ကို ဂျဲန်ဒါတန်းတူရေး မပါဘဲ မည်သည့်အခါမှရရှိလိမ့်မည်မဟုတ်ဟုလည်း ဖော်ပြထားသည်။

ထို့ကြောင့် ယနေ့မှစ၍ နောင်အနာဂတ်တွင်လည်း ခွဲ ခြားဆက်ဆံမှုကင်းပြီး ဖိနှိပ်မှုမှန်သမျှ တိုက်ဖျက်ပြီး ဂျဲန်ဒါတန်းတူရေးကိုအလေးပေးသည့် ပြည်နယ်တပ်အဖြစ် အသွင်ပြောင်းနိုင်ရေးအတွက် ဂျဲန်ဒါတန်းတူညီမျှရေးဌာနမှ KNDF အတွင်းရှိ ရဲဘော်များအားလုံး၏ ဖေးမကူညီမှု ဖြင့်ဆက်လက်ကြိုးပမ်းသွားမည် ဖြစ်ကြောင်း အသိပေးထားသည်။

တပ်တစ်ခုလုံးတွင် တန်းတူညီမျှမှုရရှိစေရေးအတွက် ဂျဲန်ဒါတန်းတူညီမျှရေးဌာနကို ၂၀၂၄ ခုနှစ် ဒီဇင်ဘာ ၁၆ ရက်ကတည်းက KNDFက ဖွဲ့စည်းခဲ့သည်။

“KNDFရဲ့ စစ်ဥပဒေထဲမှာကိုက ဂျဲန်ဒါနဲ့ပတ်သက်ပြီးထည့်ထားတာရှိတယ်။အမျိုးသမီးတန်းတူရေးကိစ္စတွေ။ နောက်အာမခံချက်ကိစ္စရပ်တွေ အကြမ်းမဖက်ဖို့ကိစ္စတွေ။ ဒါတွေအကြမ်းဖျင်းပါတယ်။တပ်ဖွဲ့တစ်ခုအနေနဲ့ ဒီမိုကရေစီ စည်းမျဥ်းနဲ့အတူ လူထုအရေးဖြစ်စေ တပ်ဖွဲ့ဝင်ရဲ့ ဂုဏ်သိက္ခာအရဖြစ်စေ ဒီမိုကရေစီကျင့်စဥ်ကို လက်ခံကျင့်သုံးခြင်းရှိ၊မရှိဆိုတာ မူဝါဒအပေါ် ကြည့်ပြီးသုံးသပ်နိုင်တယ်။ဖြစ်ပေါ်လာတဲ့ဖြစ်စဥ်တွေမှာ မူဝါဒနဲ့အညီ အပြစ်ပေးအရေးယူတာ ပိုအဓိပ္ပါယ်ရှိတယ်။လူထုအတွက်ရော တပ်ဖွဲ့အတွက်ပါ စိတ်ပိုင်း ဆိုင်ရာ၊ရုပ်ပိုင်းဆိုင်ရာ လုံခြုံမှုဖြစ်စေတယ်”ဟု ကရင်နီပြည်ကြားကာလ အုပ်ချုပ်ရေးကောင်စီတွဲဖက်အတွင်းရေးမှူး ဦးဗညားက လူထုနွေဦးသို့ ပြောထားသည်။

ဒီမိုကရေစီနှင့် အာဏာရှင်စနစ်ချုပ်ငြိမ်းရေးအတွက် တိုက်ပွဲဝင်လျက်ရှိသော တပ်ဖြစ်သည့် အားလျော်စွာ ခွဲခြားဆက်ဆံမှုကင်းပြီး အားလုံးပူး ပေါင်းပါဝင်နိုင်သော တပ်ဖြစ်မြောက်လာရေးအတွက် လိုအပ်သော တည်ဆောက်မှုများကို ဆက်လက်ဆောင်ရွက်သွားမည်ဟုလည်း KNDF က ထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

ပြည်နယ်တပ်မတော်ပေါ်လာဖို့နဲ့ ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စု အုတ်မြစ်ခိုင်မာရေး လုပ်ငန်းစဉ်တွေမှာ မဟာမိတ်အင်အားစု‌တွေနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF)ကို ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီ (IEC)က တိုက်တွန်းပါတယ်။

သတင်း

ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF)တပ်ရင်း ၃ခုကို ပေါင်းစည်းပြီး KNDF စစ်ဒေသအမှတ် (၂)တပ်ရင်းအဖြစ် ပြန်လည်ဖွဲ့စည်းလိုက်ပါတယ်။

သတင်း

စစ်တပ်က ဒရုန်းတွေ တွင်တွင်ကျယ်ကျယ်အသုံးပြုတိုက်ခိုက်လာတာကြောင့် အထူးဂရုစိုက်ကြဖို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF)က ဒီကနေ့ ဧပြီ ၁၉ရက်မှာ ထုတ်ပြန်ပါတယ်။

သတင်း

ကိုယ့်သမိုင်းကိုယ် ပြန်ရိုင်းအောင်လုပ်တဲ့ ကိစ္စမျိုးတွေ မရှိအောင်ကြိုးစားကြရမယ်လို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF)ဒုတိယ စစ်ဦးစီးချုပ် မာဝီက ပြောကြားပါတယ်။