Connect with us

Hi, what are you looking for?

သတင်း

မြန်မာစစ်တပ်အပါအဝင် အဖွဲ့အစည်း ၃ခုနှင့် လူပုဂ္ဂိုလ် ၁၃ဦးကို ကနေဒါ ထပ်မံ ပိတ်ဆို့ဒဏ်ခတ်

အာဏာသိမ်း မြန်မာစစ်တပ်၊ ကာကွယ်ရေးဝန်ကြီးဌာန နှင့် အမှတ်(၃၃)ခြေလျင်တပ်မအဖွဲ့အစည်း ၃ခုနှင့် စစ်ကောင်စီဝင်၊ စစ်ကောင်စီအစိုးရအဖွဲ့ဝင် လူပုဂ္ဂိုလ် ၁၃ဦးတို့ကို ကနေဒါက ဒဏ်ခတ်အရေးယူကြောင်း ယမန်နေ့(မတ်လ ၇ရက်)တွင် ထုတ်ပြန်ကြေညာသည်။

ဓါတ်ပုံ- CJ ၊ ICJ ၊ စစ်​ကောင်စီ

အီယိုရီ/People’s Spring

အာဏာသိမ်း မြန်မာစစ်တပ်၊ ကာကွယ်ရေးဝန်ကြီးဌာန နှင့် အမှတ်(၃၃)ခြေလျင်တပ်မအဖွဲ့အစည်း ၃ခုနှင့် စစ်ကောင်စီဝင်၊ စစ်ကောင်စီအစိုးရအဖွဲ့ဝင် လူပုဂ္ဂိုလ် ၁၃ဦးတို့ကို ကနေဒါက ဒဏ်ခတ်အရေးယူကြောင်း ယမန်နေ့(မတ်လ ၇ရက်)တွင် ထုတ်ပြန်ကြေညာသည်။

မြန်မာနိုင်ငံ ငြိမ်းချမ်းရေး၊ လုံခြုံရေးနှင့် တည်ငြိမ်ရေးတို့ကို ထိခိုက်စေပြီး ဆိုးရွားသည့်လူ့အခွင့်အရေးချိုးဖောက်မှုများကြောင့် လူပုဂ္ဂိုလ် ၁၃ဦးနှင့် အဖွဲ့အစည်း ၃ခုတို့ကို ဒဏ်ခတ်အရေးယူခြင်းဖြစ်ကြောင်း ကနေဒါနိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်သည်။

“မြန်မာနိုင်ငံ စစ်ကောင်စီ အကြီးတန်း အရာရှိများဟာ တိုင်းပြည်ရဲ့ ငြိမ်းချမ်းရေး၊ လုံခြုံရေးနဲ့ တည်ငြိမ်ရေးကို ပျက်ပြားစေပြီး လူ့အခွင့်အရေး ချိုးဖောက်မှုများ ကျူးလွန်ရာမှာ ပါဝင်နေချိန်မှာ ကနေဒါက ဘာမှမလုပ်ဆောင်ဘဲ မနေပါဘူး။ ကနေဒါဟာ မြန်မာပြည်သူတွေနဲ့ ငြိမ်းချမ်းပြီး အားလုံးပါဝင်နိုင်သော ဒီမိုကရေစီ အနာဂတ်ကို တိုးတက်အောင် လုပ်ဆောင်နေသူများရဲ့ မျှော်မှန်းချက်များကို ဆက်လက် ထောက်ခံသွားမှာဖြစ်ပါတယ်” ဟု ကနေဒါ နိုင်ငံခြားရေးဝန်ကြီး မယ်လာနီဂျိုလီက ပြောသည်။

Public Service Announcement

Public Service Announcement

ကနေဒါ၏ ပစ်မှတ်ထား ဒဏ်ခတ်အရေးယူလိုက်သူများထဲတွင် ဘရွှေ၊​ ကံဇော်၊ ကိုကိုလှိုင်၊ လူမွန်၊ အောင်ကျော်ထွန်း၊ အောင်မြိုင်၊ ကိုလေး၊ သန်းသန်းလင်း၊ မင်းထွဋ်၊ ခွန်သန့်ဇော်ထူး၊ မိုးအောင်၊ ထင်ကျော်သူ၊ အောင်ကျော်ဟိုး တို့ပါဝင်သည်။

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ရက် စစ်အာဏာသိမ်းချိန်ကတည်းက ကနေဒါသည် ၎င်း၏ မိတ်ဖက်များနှင့်အတူ စစ်ကောင်စီ၏ လုပ်ရပ်များကို ပြစ်တင်ရှုတ်ချခဲ့ပြီး ဒီမိုကရေစီလမ်းကြောင်းပေါ် ပြန်သွားရန် တိုက်တွန်းခဲ့သည်။

သို့သော် စစ်အာဏာသိမ်းမှု နောက်ဆက်တွဲ ပဋိပက္ခများကြောင့် လူသားချင်းစာနာမှု အကျပ်အတည်းပိုမိုဆိုးရွားလာနေပြီး မတည်ငြိမ်မှုနှင့် အရပ်သားပြည်သူများအပေါ် အကြမ်းဖက်မှုများ မြင့်တက်လာနေကြောင်း ကနေဒါက ဖော်ပြသည်။

ကုလသမဂ္ဂအစီရင်ခံစာများအရ ၂၀၂၄ ဒီဇင်ဘာ ၄ ရက်အထိ ၂၀၂၁ စစ်အာဏာသိမ်းချိန်မှ စစ်ကောင်စီ၏ အကြမ်းဖက်မှုတိုးမြှင့်လုပ်ဆောင်လာခြင်းကြောင့် အရပ်သားပြည်သူ ၆၀၀၀ ကျော် သတ်ဖြတ်ခံခဲ့ရသည်။ ၂၀၂၄ ပထမလေးလပတ်တွင် စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ကလေးငယ် ၆၁ဦးအပါအဝင် အရပ်သားပြည်သူ ၃၅၉ ဦး သေဆုံးခဲ့ပြီး အရပ်သားပြည်သူ ၇၅၆ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ကနေဒါသည် ကမ္ဘာ့နိုင်ငံအားလုံးကို အာဏာသိမ်းစစ်ကောင်စီအပေါ် အလားတူ ဒဏ်ခတ်ပိတ်ဆို့မှုပြုလုပ်ရန် တိုက်တွန်းသည်။

ထို့အပြင် နိုင်ငံတကာအသိုက်အဝန်းအနေဖြင့် မြန်မာစစ်ကောင်စီကို စစ်ဆင်ရေးဆိုင်ရာနှင့် ဘဏ္ဍာငွေကြေးဆိုင်ရာ အထောက်အပံ့အားလုံး ဆိုင်းငံ့ထားရန်နှင့် စစ်လက်နက်များ၊ ဆက်စပ်ပစ္စည်းများ၊ နှစ်မျိုးသုံးကိရိယာများ လွှဲပြောင်းပေးအပ်ခြင်း၊ စစ်ကောင်စီနှင့် ၎င်း၏ လက်နက်ပွဲစားများအား နည်းပညာဆိုင်ရာအကူအညီပေးခြင်းတို့ကို ရပ်ဆိုင်းရန် ကနေဒါက တောင်းဆိုသည်။

ကနေဒါသည် ၂၀၁၇ ရိုဟင်ဂျာ လူမျိုးသုဥ်းသတ်ဖြတ်မှုနှင့် ၂၀၂၁ စစ်အာဏာသိမ်းမှုနောက်ပိုင်း စစ်တပ်ခေါင်းဆောင်ပိုင်းအပါအဝင် လူပုဂ္ဂိုလ်စုစုပေါင်း ၁၄၉ဦးနှင့် စစ်တပ်အဖွဲ့အစည်း၊​ဆက်စပ်သော အဖွဲ့အစည်းပေါင်း ၉၂ ခုကို အရေးယူပိတ်ဆို့ထားကြောင်း သိရသည်။

ဆက်စပ်သတင်းများ

သတင်း

ကနေဒါ၊ ချက်နဲ့ ဂျပန်နိုင်ငံရောက် မြန်မာတွေက ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက် (၈၁) နှစ်ပြည့် မွေးနေ့အထိမ်းအမှတ် လှုပ်ရှားမှုတွေကို ဇွန်လ ၁၉ရက်က ပြုလုပ်ခဲ့ပါတယ်။

နိုင်ငံတကာ

ရာဇဝတ်ကြောင်းဆိုင်ရာ တရားစွဲဆိုမှုတွေ ခံထားရတာကြောင့် ကမ္ဘာ့ဖလား ပြိုင်ပွဲဝင် ဂါနာအသင်း ကွင်းလယ်ကစားသမား သောမတ်စ် ပါတေးကို ပြည်ဝင်ခွင့် ဗီဇာ ထုတ်ပေးဖို့ ကနေဒါက ငြင်းဆိုခဲ့ပါတယ်။

နိုင်ငံတကာ

အခုနှစ် ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲကြီးရဲ့ ပထမဆုံး ဖွင့်ပွဲ အစီအစဉ်တွေကို မက္ကဆီကို နိုင်ငံမှာ ကျင်းပသွားခဲ့ပါတယ်။

သတင်း

တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့ရှိ အိန္ဒိသံရုံးရှေ့မှာ ပြည်ပရောက် မြန်မာ့ဒီမိုကရေစီအရေး လှုပ်ရှားနေတဲ့ အဖွဲ့အစည်းတွေနဲ့ တော်လှန်ပြည်သူတွေ ပူးပေါင်းပြီး အိန္ဒိယအစိုးရအနေနဲ့ မြန်မာစစ်တပ်အပေါ် အသိအမှတ်ပြုဆက်ဆံနေခြင်းနဲ့ စစ်လက်နက်ပစ္စည်းတွေ ထောက်ပံ့ပေးနေခြင်းတို့ကို ကန့်ကွက်ရှုတ်ချတဲ့ သတင်းစာရှင်းလင်းပွဲတစ်ရပ်ကို ဒီကနေ့ (ဇွန် ၁၀) မှာ ပြုလုပ်ခဲ့ပါတယ်။