Connect with us

Hi, what are you looking for?

သတင်း

မြန်မာစစ်တပ်အပါအဝင် အဖွဲ့အစည်း ၃ခုနှင့် လူပုဂ္ဂိုလ် ၁၃ဦးကို ကနေဒါ ထပ်မံ ပိတ်ဆို့ဒဏ်ခတ်

အာဏာသိမ်း မြန်မာစစ်တပ်၊ ကာကွယ်ရေးဝန်ကြီးဌာန နှင့် အမှတ်(၃၃)ခြေလျင်တပ်မအဖွဲ့အစည်း ၃ခုနှင့် စစ်ကောင်စီဝင်၊ စစ်ကောင်စီအစိုးရအဖွဲ့ဝင် လူပုဂ္ဂိုလ် ၁၃ဦးတို့ကို ကနေဒါက ဒဏ်ခတ်အရေးယူကြောင်း ယမန်နေ့(မတ်လ ၇ရက်)တွင် ထုတ်ပြန်ကြေညာသည်။

ဓါတ်ပုံ- CJ ၊ ICJ ၊ စစ်​ကောင်စီ

အီယိုရီ/People’s Spring

အာဏာသိမ်း မြန်မာစစ်တပ်၊ ကာကွယ်ရေးဝန်ကြီးဌာန နှင့် အမှတ်(၃၃)ခြေလျင်တပ်မအဖွဲ့အစည်း ၃ခုနှင့် စစ်ကောင်စီဝင်၊ စစ်ကောင်စီအစိုးရအဖွဲ့ဝင် လူပုဂ္ဂိုလ် ၁၃ဦးတို့ကို ကနေဒါက ဒဏ်ခတ်အရေးယူကြောင်း ယမန်နေ့(မတ်လ ၇ရက်)တွင် ထုတ်ပြန်ကြေညာသည်။

မြန်မာနိုင်ငံ ငြိမ်းချမ်းရေး၊ လုံခြုံရေးနှင့် တည်ငြိမ်ရေးတို့ကို ထိခိုက်စေပြီး ဆိုးရွားသည့်လူ့အခွင့်အရေးချိုးဖောက်မှုများကြောင့် လူပုဂ္ဂိုလ် ၁၃ဦးနှင့် အဖွဲ့အစည်း ၃ခုတို့ကို ဒဏ်ခတ်အရေးယူခြင်းဖြစ်ကြောင်း ကနေဒါနိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်သည်။

“မြန်မာနိုင်ငံ စစ်ကောင်စီ အကြီးတန်း အရာရှိများဟာ တိုင်းပြည်ရဲ့ ငြိမ်းချမ်းရေး၊ လုံခြုံရေးနဲ့ တည်ငြိမ်ရေးကို ပျက်ပြားစေပြီး လူ့အခွင့်အရေး ချိုးဖောက်မှုများ ကျူးလွန်ရာမှာ ပါဝင်နေချိန်မှာ ကနေဒါက ဘာမှမလုပ်ဆောင်ဘဲ မနေပါဘူး။ ကနေဒါဟာ မြန်မာပြည်သူတွေနဲ့ ငြိမ်းချမ်းပြီး အားလုံးပါဝင်နိုင်သော ဒီမိုကရေစီ အနာဂတ်ကို တိုးတက်အောင် လုပ်ဆောင်နေသူများရဲ့ မျှော်မှန်းချက်များကို ဆက်လက် ထောက်ခံသွားမှာဖြစ်ပါတယ်” ဟု ကနေဒါ နိုင်ငံခြားရေးဝန်ကြီး မယ်လာနီဂျိုလီက ပြောသည်။

Public Service Announcement

Public Service Announcement

ကနေဒါ၏ ပစ်မှတ်ထား ဒဏ်ခတ်အရေးယူလိုက်သူများထဲတွင် ဘရွှေ၊​ ကံဇော်၊ ကိုကိုလှိုင်၊ လူမွန်၊ အောင်ကျော်ထွန်း၊ အောင်မြိုင်၊ ကိုလေး၊ သန်းသန်းလင်း၊ မင်းထွဋ်၊ ခွန်သန့်ဇော်ထူး၊ မိုးအောင်၊ ထင်ကျော်သူ၊ အောင်ကျော်ဟိုး တို့ပါဝင်သည်။

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ရက် စစ်အာဏာသိမ်းချိန်ကတည်းက ကနေဒါသည် ၎င်း၏ မိတ်ဖက်များနှင့်အတူ စစ်ကောင်စီ၏ လုပ်ရပ်များကို ပြစ်တင်ရှုတ်ချခဲ့ပြီး ဒီမိုကရေစီလမ်းကြောင်းပေါ် ပြန်သွားရန် တိုက်တွန်းခဲ့သည်။

သို့သော် စစ်အာဏာသိမ်းမှု နောက်ဆက်တွဲ ပဋိပက္ခများကြောင့် လူသားချင်းစာနာမှု အကျပ်အတည်းပိုမိုဆိုးရွားလာနေပြီး မတည်ငြိမ်မှုနှင့် အရပ်သားပြည်သူများအပေါ် အကြမ်းဖက်မှုများ မြင့်တက်လာနေကြောင်း ကနေဒါက ဖော်ပြသည်။

ကုလသမဂ္ဂအစီရင်ခံစာများအရ ၂၀၂၄ ဒီဇင်ဘာ ၄ ရက်အထိ ၂၀၂၁ စစ်အာဏာသိမ်းချိန်မှ စစ်ကောင်စီ၏ အကြမ်းဖက်မှုတိုးမြှင့်လုပ်ဆောင်လာခြင်းကြောင့် အရပ်သားပြည်သူ ၆၀၀၀ ကျော် သတ်ဖြတ်ခံခဲ့ရသည်။ ၂၀၂၄ ပထမလေးလပတ်တွင် စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ကလေးငယ် ၆၁ဦးအပါအဝင် အရပ်သားပြည်သူ ၃၅၉ ဦး သေဆုံးခဲ့ပြီး အရပ်သားပြည်သူ ၇၅၆ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ကနေဒါသည် ကမ္ဘာ့နိုင်ငံအားလုံးကို အာဏာသိမ်းစစ်ကောင်စီအပေါ် အလားတူ ဒဏ်ခတ်ပိတ်ဆို့မှုပြုလုပ်ရန် တိုက်တွန်းသည်။

ထို့အပြင် နိုင်ငံတကာအသိုက်အဝန်းအနေဖြင့် မြန်မာစစ်ကောင်စီကို စစ်ဆင်ရေးဆိုင်ရာနှင့် ဘဏ္ဍာငွေကြေးဆိုင်ရာ အထောက်အပံ့အားလုံး ဆိုင်းငံ့ထားရန်နှင့် စစ်လက်နက်များ၊ ဆက်စပ်ပစ္စည်းများ၊ နှစ်မျိုးသုံးကိရိယာများ လွှဲပြောင်းပေးအပ်ခြင်း၊ စစ်ကောင်စီနှင့် ၎င်း၏ လက်နက်ပွဲစားများအား နည်းပညာဆိုင်ရာအကူအညီပေးခြင်းတို့ကို ရပ်ဆိုင်းရန် ကနေဒါက တောင်းဆိုသည်။

ကနေဒါသည် ၂၀၁၇ ရိုဟင်ဂျာ လူမျိုးသုဥ်းသတ်ဖြတ်မှုနှင့် ၂၀၂၁ စစ်အာဏာသိမ်းမှုနောက်ပိုင်း စစ်တပ်ခေါင်းဆောင်ပိုင်းအပါအဝင် လူပုဂ္ဂိုလ်စုစုပေါင်း ၁၄၉ဦးနှင့် စစ်တပ်အဖွဲ့အစည်း၊​ဆက်စပ်သော အဖွဲ့အစည်းပေါင်း ၉၂ ခုကို အရေးယူပိတ်ဆို့ထားကြောင်း သိရသည်။

ဆက်စပ်သတင်းများ

သတင်း

ကနေဒါနိုင်ငံက မြန်မာနိုင်ငံ ငလျင်ဘေးအတွက် လူသားချင်းစာနာမှုအကူအညီ အမေရိကန်ဒေါ်လာ ၉.၇၅သန်းပေးအပ်သွားမည်ဟု ရန်ကုန်မြို့ ကနေဒါသံရုံးက ယနေ့ အသိပေးသည်။

နိုင်ငံတကာ

တရုတ်၊ မက္ကဆီကိုနဲ့ ကနေဒါ နိုင်ငံတွေရဲ့ သွင်းကုန်တွေအပေါ် အခွန်တိုးမြှင့် စည်းကြပ်ဖို့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က အတည်ပြုလိုက်ခြင်းနဲ့အတူ နိုင်ငံတကာ စတော့ရှယ်ယာ စျေးကွက်ထဲမှာ ကြီးမားတဲ့ လှုပ်ခါသက်ရောက်မှုတွေ ဖြစ်ပေါ်လာခဲ့ပါတယ်။

နိုင်ငံတကာ

အိမ်နီးချင်း နှစ်နိုင်ငံဖြစ်တဲ့ မက္ကဆီကိုနဲ့ ကနေဒါတို့ရဲ့ သွင်းကုန်တွေကို ၂၅ ရာခိုင်နှုန်း အခွန်တိုးမြှင့် စည်းကြပ်မယ့် ကိစ္စကို ရွှေ့ဆိုင်းထားလိုက်ကြောင်း အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ပြောပါတယ်။

နိုင်ငံတကာ

သွင်းကုန်တွေအပေါ် အခွန်စည်းကြပ်မှု မြှင့်တင်လိုက်တဲ့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်ရဲ့ ဆုံးဖြတ်ချက်အတွက် လက်တုံ့ပြန်မယ်လို့ မက္ကဆီကို၊ ကနေဒါနဲ့ တရုတ် နိုင်ငံတွေက အသီးသီး ကြေညာထားကြပါတယ်။

Facebook