Connect with us

Hi, what are you looking for?

သတင်း

မုန်းမြို့နယ်ရှိ ကျေးရွာများ စစ်ကောင်စီ လေကြောင်းတိုက်ခိုက်မှု အရပ်သားသုံးဦးသေဆုံးဟု KNU အသိပေး

ကရင်အမျိုးသားအစည်းအရုံး(KNU) ညောင်လေးပင်ခရိုင် မုန်း(မူး)မြို့နယ်ကို စစ်ကောင်စီ လေကြောင်း တိုက်ခိုက်ခဲ့ရာ ပြည်သူ သုံးဦး သေဆုံးပြီး နှစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း KNU ဗဟိုက သတင်းထုတ်ပြန်သည်။

စစ်ကောင်စီလေကြောင်းတိုက်ခိုက်မှုကြောင့် ဒဏ်ရာရသူအား ဆေးကုသမှုပေးနေစဉ်။ ဓာတ်ပုံ - KNU

ဟန်နွေ/People’s Spring

ကရင်အမျိုးသားအစည်းအရုံး(KNU) ညောင်လေးပင်ခရိုင် မုန်း(မူး)မြို့နယ်ကို စစ်ကောင်စီ လေကြောင်း တိုက်ခိုက်ခဲ့ရာ ပြည်သူ သုံးဦး သေဆုံးပြီး နှစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း KNU ဗဟိုက သတင်းထုတ်ပြန်သည်။

မတ်လ ၆ရက်က စစ်ကောင်စီတပ်၏ တိုက်လေယာဉ်သည် မုန်းမြို့နယ် ကျောက်ကြီးပေါက်ကျေးရွာအတွင်း ဗုံးကြဲခဲ့ရာ (၆၃)နှစ် အရွယ် အမျိုးသမီးတစ်ဦး သေဆုံးကာ (၁၅)နှစ်အရွယ် အပါအဝင် မိန်းကလေး နှစ်ဦး ဒဏ်ရာရရှိခဲ့ဟု ဖော်ပြသည်။

ယင်းနေ့၌ပင် စစ်ကောင်စီက မကျည်းတောကျေးရွာအား လေကြောင်းတိုက်ခိုက်ခဲ့ရာ အသက် ၅၃နှစ်အရွယ် အမျိုးသမီးတစ်ဦးနှင့် အသက် ၅၅ နှစ်အရွယ် အမျိုးသား တစ်ဦး သေဆုံးခဲ့ကြောင်း အသိပေးသည်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီ၏ လေကြောင်း တိုက်ခိုက်မှုကြောင့် ပြည်သူလူထု နေအိမ်ပျက်စီးမှုများလည်း ရှိခဲ့သည်။

ကျောက်ကြီးမြို့နယ် အင်းနက်ကျေးရွာကိုလည်း စစ်ကောင်စီက မတ်လ ၅ရက်တွင် လေကြောင်း တိုက်ခိုက်ခဲ့ရာ ထိခိုက်မှုမရှိဟုဆိုသည်။ မတ်လ ၆ရက် ညပိုင်းတွင် ရေးစီလော်(နရွဲပင်)ရွာကိုစစ်ကောင်စီ လေကြောင်းတိုက်ခိုက်ခဲ့ရာ နေအိမ် ပျက်စီးခဲ့ကြောင်း KNUက ထုတ်ပြန်သည်။

စစ်ကောင်စီတပ်သည် ကျောက်ကြီးမြို့နယ် အပါအဝင် KNU အုပ်ချုပ်နယ်မြေများရှိ ပြည်သူလူထုနေထိုင်ရာ နေရာများကို လေကြောင်း၊ ဒရုန်း၊လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်မှုများ ဆက်တိုက်ပြုလုပ်လျက်ရှိရာ ပြည်သူထိခိုက်သေဆုံးမှုများ မကြာခဏ ဖြစ်ပေါ်လျက်ရှိသည်။

စစ်ကောင်စီတပ်မှ ပြည်သူလူထုအပေါ် ပစ်မှတ်ထား တိုက်ခိုက်မှုများ ရပ်တန့်နိုင်ရေး ထိရောက်သည့် အရေးယူမှုများ လုပ်ဆောင်ပေးရန် ကျောက်ကြီးမြို့နယ် ကရင်အရေးပေါ် ကူညီကယ်ဆယ်ရေးကော်မတီက ပြည်တွင်း၊ ပြည်ပ အဖွဲ့အစည်းများနှင့် နိုင်ငံတကာထံ တောင်းဆိုထားသည်။

ဆက်စပ်သတင်းများ

သတင်း

ကော်သူးလေအဆင့်မြင့်ပညာရေးကောင်စီကို အဆင့်မြင့်ပညာရေးအဖွဲ့အစည်းများ၊ အဆင့်မြင့်ပညာရေးဗျူရို ခေါင်းဆောင်များနဲ့ လွတ်လပ်သော ပညာရှင်များ ကိုယ်စားပြုတဲ့ အဖွဲ့ဝင် ၂၁ဦးနဲ့ ဖွဲ့စည်းလိုက်ကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU)က စက်တင်ဘာ ၂၁ရက်မှာ ထုတ်ပြန်ကြေညာပါတယ်။

သတင်း

ကချင်ပြည်နယ်မှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ် တိုက်ခိုက်သိမ်းပိုက်ထားတဲ့ နယ်မြေ များလာပြီး စစ်တပ် ဆုံးရှုံးမှုများလာလို့ အများပြည်သူ ကျေးရွာတွေကို ဗုံးကြဲတိုက်ခိုက်မှု ဆက်တိုက် ပြုလုပ်နေကြောင်း KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) မူတြော်(ဖာပွန်)ခရိုင် တပ်မဟာ(၅)နယ်မြေ စက်တင်ဘာလဝက် တိုက်ပွဲတွေအတွင်း စစ်တပ်က အရာရှိအပါအဝင် သေဆုံးသူ ၂၂ဦး ရှိကြောင်း KNU မူတြော်ခရိုင်က သတင်းထုတ်ပြန်ပါတယ်။

သတင်း

ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်( မူတြော်)၊ နို့ခဲထရွာမှာ မနေ့ ( စက်တင်ဘာလ ၁၆ ရက်) က KNU တပ်မဟာ (၅) နဲ့ အာဏာသိမ်းစစ်တပ်တို့ကြား တိုက်ပွဲဖြစ်ရာမှာ လက်နက်အချို့သိမ်းဆည်းရမိတယ်လို့ တပ်မဟာ (၅) ပြောရေးဆိုခွင့်ရှိသူ ပဒိုစောထိုရော်ဘင်က ပြောပါတယ်။