Connect with us

Hi, what are you looking for?

News

ဘုရင့်နောင် တံတား အမှတ် ၂ အဆင်းမှာ စစ်ကောင်စီတပ်လမ်းပိတ်စစ်ဆေးနေ

အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် အောက်တိုဘာ လကုန်ပိုင်းမှစတင်၍ လှိုင်သာယာ မြို့နယ်အတွင်းမှ ကျူးကျော်များကို အင်အားသုံး၍ ဖယ်ရှားခဲ့ပြီး ယင်းတံတားကိုလည်း မကြာခဏပိတ်ဆို့တာတွေလုပ်နေတာကြောင့် သွားလာရေးအတွက် အခက်အခဲများရင်ဆိုင်နေရသည်။

လှိုင်သာယာဘက်သို့အဝင် ဘုရင့်နောင် တံတား အမှတ် ၂ အဆင်းတွင် ယနေ့နံနက်၌ အကြမ်းဖက်စစ်ကောင်စီဝင်များက စစ်ဆေးမှုများပြုလုပ်နေသောကြောင့် လမ်းပိတ်ဆို့ မှုဖြစ်ပေါ်နေကြောင်း ယင်းနေရာသို့ ရောက်ရှိနေသူတစ်ဦးကပြောသည်။

အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များက ဖြတ်သန်းလာသည့် အိမ်စီးကား၊ အငှားကား၊ YBS ကားအားလုံးကို စစ်ဆေးနေခြင်းဖြစ်ပြီး မသင်္ကာသူများကို တစ်ဦးချင်းစစ်ဆေးမှုများရှိကြောင်း လှိုင်သာယာ သတင်းများကို ဖော်ပြပေးသည့် HTY Information ၏ ဖေ့စ်ဘွတ်၌ ရေးသားထားသည်။

အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် အောက်တိုဘာ လကုန်ပိုင်းမှစတင်၍ လှိုင်သာယာ မြို့နယ်အတွင်းမှ ကျူးကျော်များကို အင်အားသုံး၍ ဖယ်ရှားခဲ့ပြီး ယင်းတံတားကိုလည်း မကြာခဏပိတ်ဆို့တာတွေလုပ်နေတာကြောင့် သွားလာရေးအတွက် အခက်အခဲများရင်ဆိုင်နေရသည်။

ဆက်စပ်သတင်းများ

သတင်း

ဒေါ်လာငွေစီးဆင်းမှုကို ထိန်းချုပ်ဖို့ အထည်ချုပ်လုပ်ငန်းတွေရဲ့ ကုန်ကြမ်းတင်သွင်းမှုအပေါ် စစ်ကောင်စီက ကန့်သတ်လိုက်တယ်လို့ သိရပါတယ်။

သတင်း

ရန်ကုန်မြို့စာသင်ကျောင်းတွေမှာ မိဘခေါ်လာမှ ကျောင်းအပ်လို့ရမယ့် စစ်ကောင်စီရဲ့ သတ်မှတ်ချက်ကြောင့် ကျောင်းနေအရွယ်ကလေးတွေအချို့ ကျောင်းအပ်ဖို့ အခက်အခဲဖြစ်နေတယ်လို့ ရန်ကုန်မြို့နေပြည်သူတွေက ပြောပါတယ်။

သတင်းဆောင်းပါး

ထီးချိုင့်၊ကသာ၊အင်း​တော်မြို့နယ်​တွေမှာစစ်တပ် စစ်ကြောင်းတွေကို တော်လှန်ရေးတပ်တွေက ပျောက်ကြားတိုက်ခိုက်ချိန်မှာ အလောင်းအများစုရဲ့ ယူနီဖောင်း​တွေဟာ စစ်မှုမထမ်းမ​နေရဥပ​ဒေနဲ့ အဓမ္မစု​ဆောင်းထားတဲ့ ၊​ပေါ်တာဆွဲထားတဲ့ စစ်သားသစ်​တွေရဲ့ပစ တံဆိပ်တွေဖြစ်နေတယ်လို့ ပျောက်ကြားတိုက်ခိုက်မှုမှာပါဝင်နေတဲ့ တော်လှန်ရေး ရဲဘော်တဦးက ပြောပါတယ်။

သတင်း

ကျော်သောင်း ဆိုသူက ကျောက်စိမ်းမြေ ဖားကန့်ကို လှုပ်လှုပ်ရှားရှားဖြစ်သွားစေပါတယ်။စစ်တပ်ရဲ့ အကြိးစား ဒေါက်တိုင်လက်နက်ပွဲစား စီးပွားရေးလုပ်ငန်းရှင် ခရိုနီ ဂျော်နသန်ကျော်သောင်းမဟုတ်ပါ။ ဖားကန့်မြို့က နာမည်ကြီးပြည့်တန်ဆာလုပ်ငန်းရှင် ကျော်သောင်းဆိုသူဖြစ်ပါတယ်။