Connect with us

Hi, what are you looking for?

LuduNwayOo

News

ဘုရင့်နောင် တံတား အမှတ် ၂ အဆင်းမှာ စစ်ကောင်စီတပ်လမ်းပိတ်စစ်ဆေးနေ

အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် အောက်တိုဘာ လကုန်ပိုင်းမှစတင်၍ လှိုင်သာယာ မြို့နယ်အတွင်းမှ ကျူးကျော်များကို အင်အားသုံး၍ ဖယ်ရှားခဲ့ပြီး ယင်းတံတားကိုလည်း မကြာခဏပိတ်ဆို့တာတွေလုပ်နေတာကြောင့် သွားလာရေးအတွက် အခက်အခဲများရင်ဆိုင်နေရသည်။

လှိုင်သာယာဘက်သို့အဝင် ဘုရင့်နောင် တံတား အမှတ် ၂ အဆင်းတွင် ယနေ့နံနက်၌ အကြမ်းဖက်စစ်ကောင်စီဝင်များက စစ်ဆေးမှုများပြုလုပ်နေသောကြောင့် လမ်းပိတ်ဆို့ မှုဖြစ်ပေါ်နေကြောင်း ယင်းနေရာသို့ ရောက်ရှိနေသူတစ်ဦးကပြောသည်။

အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များက ဖြတ်သန်းလာသည့် အိမ်စီးကား၊ အငှားကား၊ YBS ကားအားလုံးကို စစ်ဆေးနေခြင်းဖြစ်ပြီး မသင်္ကာသူများကို တစ်ဦးချင်းစစ်ဆေးမှုများရှိကြောင်း လှိုင်သာယာ သတင်းများကို ဖော်ပြပေးသည့် HTY Information ၏ ဖေ့စ်ဘွတ်၌ ရေးသားထားသည်။

အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် အောက်တိုဘာ လကုန်ပိုင်းမှစတင်၍ လှိုင်သာယာ မြို့နယ်အတွင်းမှ ကျူးကျော်များကို အင်အားသုံး၍ ဖယ်ရှားခဲ့ပြီး ယင်းတံတားကိုလည်း မကြာခဏပိတ်ဆို့တာတွေလုပ်နေတာကြောင့် သွားလာရေးအတွက် အခက်အခဲများရင်ဆိုင်နေရသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီတပ်စခန်းမှ သိမ်းရသည့် လက်နက်ခဲယမ်းများကို တပ်ရင်းမှူးက ပြသရာ လက်နက်ကြီးလက်နက်ငယ်မျိုးစုံ အလက် ၃၀ကျော်နှင့် ခဲယမ်း၊ ကျည်များစွာ နှင့် စစ်အသုံးအဆောင်ပစ္စည်းများ ကို တွေ့ရသည်။

သတင်း

ဒုချုပ်စိုးဝင်းဒရုန်းနဲ့တိုက်ခိုက်ခံရတယ်ဆိုတာကို စစ်ကောင်စီရဲ့ပြောရေးဆိုခွင့်ရှိသူက ငြင်းဆိုထားပါတယ်။ စစ်​ကောင်စီ​ပြော​ရေးဆိုခွင့်ရှိသူက စစ်​ကောင်စီအတွက် သတင်းဆိုး​တွေဆိုရင် အမြဲ ငြင်းဆို​လေ့ရှိပါတယ် ။

သတင်း

ယ‌နေ့ညနေ ၃နာရီခန့်အထိ ရရှိထားသောသတင်းများအရ မိုးမောက်မြို့ပေါ်တွင် စစ်ကောင်စီလက်နက်ကြီးပစ်ခတ်မှုကြောင့် ကလေးတဦးအပါအဝင် သေဆုံးသူသုံးဦးရှိပြီး တစ်ဦးဒဏ်ရာရာရှိခဲ့ကြောင်း သိရသည်။

သတင်း

တော်လှန်ရေးပူးပေါင်းတပ် သိမ်းပိုက်ထားသည့် ခလရ(၂၇၅)တပ်မှ စစ်ကောင်စီတပ်သားများသည် ပြီးခဲ့သည့် ဧပြီ ၁၀ရက်ညကတည်းက အမှတ်(၂)တံတားသို့ထွက်​ပြေးလာပြီး ခိုလှုံ​နေခြင်းဖြစ်သည်။