Connect with us

Hi, what are you looking for?

News

စစ်ကောင်စီတပ်၏ရဲကားတစ်စီးကို မြိုင်PDFမိုင်းဆွဲတိုက်ခိုက်

“ဗဟင်းကနေ မြိုင်ကိုလာတဲ့စစ်ကောင်စီယာဉ်လို့ပြောတယ်။ အသေအပျောက်ကတော့ မသိရသေးဘူး”ဟု မြိုင်ဒေသခံတစ်ဦးက ပြောသည်။

မကွေးတိုင်း မြိုင်မြို့နယ်တွင် အာဏာသိမ်းစစ်ကောင်စီတပ်၏ ရဲကားတစ်စီးအား ယနေ့နံနက်ပိုင်းကာ မိုင်းဆွဲကာခုခံတိုက်ခိုက်ခဲ့ကြောင်း မြိုင် PDFက သတင်းထုတ်ပြန် သည်။

ယနေ့( နိုဝင်ဘာ ၄ရက် )နံနက် ၄နာရီ၁၀မိနစ်ခန့်က မကွေးတိုင်း မြိုင်မြို့နယ် မြိုင်-ဗဟင်းလမ်းမပေါ် တွင် စစ်ကောင်စီ၏ ရဲများစီးနင်းလိုက်ပါလာသော ကားအား မိုင်းဆွဲ တိုက်ခိုက်ကာ အောင်မြင်စွာဆုတ်ခွာနိုင်ခဲ့ကြောင်း မြိုင် PDFက အသိပေးသည်။

ကားပေါ်ပါရဲတပ်ဖွဲ့၏ အထိအခိုက် စုံစမ်းဆဲဖြစ်ပြီး မြိုင် PDF မှ ဒုတပ်ရင်းမှုး -ဗိုလ်လက်ျာ၊ ဒုစိပ်မှုး ဗိုလ်ဗျုဟာ၊ ဗိုလ်တောက်ဆိတ်၊ မိုင်းဘုရင် နှင့် အဖွဲ့သားများက ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း မြိုင် PDFက အသိပေးသည်။

“ဗဟင်းကနေ မြိုင်ကိုလာတဲ့စစ်ကောင်စီယာဉ်လို့ပြောတယ်။ အသေအပျောက်ကတော့ မသိရသေးဘူး”ဟု မြိုင်ဒေသခံတစ်ဦးက ပြောသည်။

Public Service Announcement

Public Service Announcement

တိုက်ပွဲများဆင်နွှဲရန် အခွင့်အရေးများရခဲ့သော်လည်း မြို့နေပြည်သူလူထုထိခိုက်မည်စိုး၍ စစ်ကောင်စီတပ်ကို တိုက်ခိုက်ခြင်းမပြုခဲ့သည့်အခြေအနေများလည်းရှိခဲ့ကြောင်း၊ မြိုင်မြို့နယ်တွင် မြို့နေပြည်သူများ မလိုအပ်ဘဲခရီးသွားလာခြင်းမပြုလုပ်ကြရန်လည်း မြိုင်PDFကမေတ္တာရပ်ခံထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ ကနီမြို့ထဲမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်အချို့ဟာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေဆီ လက်နက်ချအလင်းဝင်လာတယ်လို့ သတင်းရရှိပါတယ်။

သတင်း

စစ်ကောင်စီက e-ID စနစ်နဲ့ ပြည်သူတွေကို တင်းကျပ်စွာစောင့်ကြည့်နေရာကနေ ယခုအခါ သံဃာထုကိုပါ ထိန်းချုပ်ဖို့ မန္တလေးမြို့က ရဟန်း၊ သာမဏေနဲ့ သီလရှင်တွေကို Unique ID နံပါတ် ထုတ်ပေးဖို့ ပြင်ဆင်နေကြောင်း သတင်းရရှိပါတယ်။

သတင်း

စစ်တပ်စစ်ကြောင်းတွေနဲ့ လက်ရှိစစ်ရေးအခြေအနေကြောင့် မင်းတုန်းမြို့အနောက်ဘက်ခြမ်းက ကျေးရွာတွေမှာနေထိုင်တဲ့ ဒေသခံတွေအနေနဲ့ လေကြောင်းနဲ့ လက်နက်ကြီးအန္တရာယ်အထူးသတိပြုကြဖို့ သရက်ခရိုင်အမှတ်(၄)တပ်ရင်းက သတိပေးပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ဝန်းသိုမြို့မှာ ဒေသခံတွေလုံခြုံရေးအတွက် ထုတ်ပြန်ထားတဲ့ ညမထွက်ရအမိန့်ကို ၂ လကျော်အကြာမှာ ပြန်လည်ရုပ်သိမ်းလိုက်ပြီလို့ ကောလင်းခရိုင်အမှတ်(၄)တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။

Facebook