မကွေးတိုင်း မြိုင်မြို့နယ်တွင် အာဏာသိမ်းစစ်ကောင်စီတပ်၏ ရဲကားတစ်စီးအား ယနေ့နံနက်ပိုင်းကာ မိုင်းဆွဲကာခုခံတိုက်ခိုက်ခဲ့ကြောင်း မြိုင် PDFက သတင်းထုတ်ပြန် သည်။
ယနေ့( နိုဝင်ဘာ ၄ရက် )နံနက် ၄နာရီ၁၀မိနစ်ခန့်က မကွေးတိုင်း မြိုင်မြို့နယ် မြိုင်-ဗဟင်းလမ်းမပေါ် တွင် စစ်ကောင်စီ၏ ရဲများစီးနင်းလိုက်ပါလာသော ကားအား မိုင်းဆွဲ တိုက်ခိုက်ကာ အောင်မြင်စွာဆုတ်ခွာနိုင်ခဲ့ကြောင်း မြိုင် PDFက အသိပေးသည်။
ကားပေါ်ပါရဲတပ်ဖွဲ့၏ အထိအခိုက် စုံစမ်းဆဲဖြစ်ပြီး မြိုင် PDF မှ ဒုတပ်ရင်းမှုး -ဗိုလ်လက်ျာ၊ ဒုစိပ်မှုး ဗိုလ်ဗျုဟာ၊ ဗိုလ်တောက်ဆိတ်၊ မိုင်းဘုရင် နှင့် အဖွဲ့သားများက ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း မြိုင် PDFက အသိပေးသည်။
“ဗဟင်းကနေ မြိုင်ကိုလာတဲ့စစ်ကောင်စီယာဉ်လို့ပြောတယ်။ အသေအပျောက်ကတော့ မသိရသေးဘူး”ဟု မြိုင်ဒေသခံတစ်ဦးက ပြောသည်။
တိုက်ပွဲများဆင်နွှဲရန် အခွင့်အရေးများရခဲ့သော်လည်း မြို့နေပြည်သူလူထုထိခိုက်မည်စိုး၍ စစ်ကောင်စီတပ်ကို တိုက်ခိုက်ခြင်းမပြုခဲ့သည့်အခြေအနေများလည်းရှိခဲ့ကြောင်း၊ မြိုင်မြို့နယ်တွင် မြို့နေပြည်သူများ မလိုအပ်ဘဲခရီးသွားလာခြင်းမပြုလုပ်ကြရန်လည်း မြိုင်PDFကမေတ္တာရပ်ခံထားသည်။

Public Service Announcement
