Connect with us

Hi, what are you looking for?

News

ကလေးမြို့နယ်တိုက်ပွဲတွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်သုံးဦးအဖမ်းခံရပြီး နှစ်ဦးအသတ်ခံရ

ကလေးမြို့နယ်တောင်ပိုင်းဒေသများတွင် တိုက်ပွဲများအချိန်မရွေးပြင်းထန်စွာဖြစ်ပွားနိုင်သဖြင့် ပြည်သူများအနေဖြင့်ယာဥ်များဖြင့်သွားလာခြင်းမပြုရန် ၊ လုံခြုံရာသို့အဆင်သင့်ရွေ့ပြောင်းနိုင်ရေး ပြင်ဆင်ထားရန် ကလေးPDF က နိုဝင်ဘာ ၃ ရက်တွင် တိုက်တွန်းထား သည်

(အကြမ်းဖက်စစ်ကောင်စီတပ်များက ကလေးမြို့နယ်အတွင်းရှိ ပြည်သူများ၏ နေအိမ်များကို ဝင်ရောက်ဖျက်ဆီး၊ပစ္စည်းများလုယက်ယူဆောင်နေသည်။ ဓာတ်ပုံ-CJ)

ကလေးမြို့နယ်မှပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်သုံးဦးနှင့် အရပ်သားနှစ်ဦးကို အကြမ်းဖက်စစ်ကောင်စီက ဖမ်းဆီးသွားပြီး နှစ်ဦးကို သေနတ်ဖြင့် ပစ်သတ်ခဲ့ကြောင်း People’s Defence Force (Kalay)က ယနေ့သတင်းထုတ်ပြန်သည်။

စစ်ကောင်စီ၏ပရမ်းပတာပစ်ခတ်မှုများနှင့်အတူ ယမန်နေ့က တိုက်ပွဲပြင်းထန်ခဲ့သော ကလေးမြို့ ချောင်းခွရွာအနီးတိုက်ပွဲတွင် PDFဖက်မှ သုံးဦးကို ဖမ်းဆီးသွားပြီး နှစ်ဦး အသတ်ခံရခြင်းဖြစ်ကြောင်း နိုဝင်ဘာ ၃ ရက်ကလေးမြို့နယ်တိုက်ပွဲသတင်းနောက်ဆက်တွဲအဖြစ်ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

(အကြမ်းဖက်စစ်ကောင်စီတပ်များက ကလေးမြို့နယ်အတွင်းရှိ ပြည်သူများ၏ နေအိမ်များကို ဝင်ရောက်ဖျက်ဆီး၊ပစ္စည်းများလုယက်ယူဆောင်နေသည်။ ဓာတ်ပုံ-CJ)

“နိုဝင်ဘာ ၃ ရက်နေ့တိုက်ပွဲအတွင်းကင်းတာဝန်ယူဆောင်ရွက်နေသော မိမိတို့ပူးပေါင်းတပ်ဖွဲ့များဘက်မှ ပ.က.ဖအဖွဲ့ဝင် သုံး ဦးသည် အကြမ်းဖက်စစ်သားများ၏ ဖမ်းဆီးခေါ်ဆောင်သွားခြင်းခံခဲ့ရပြီး ချောင်းခွရွာ စာသင်ကျောင်းအနီးတွင် နှစ်ဦးပစ်သတ်ခံခဲ့ရ၍ ကျဆုံးသွားခဲ့ပြီဖြစ်‌ကြောင်း ဝမ်းနည်းစွာသတင်းထုတ်ပြန်အပ်ပါသည်” ဟု People’s Defence Force (Kalay) က ယနေ့(‌နိုဝင်ဘာ ၄ရက်)တွင် ဖော်ပြထားသည်။

ထို့အပြင် ယမန်နေ့ည ၇ နာရီ ဝန်းကျင်တွင် ဟားခါးလေးကျေးရွာမှ အပြစ်မဲ့ပြည်သူ ၂ ဦးကိုလည်း ဖမ်းဆီးခေါ်ဆောင်သွားပြီး ၊ အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့များ သည် နတ်ချောင်းကျေးရွာအတွင်း တပ်စွဲနေရာယူထားကာ၊ ရွာအတွင်းနေအိမ်များကို မွှေနှောက်ဖျက်ဆီးမှုများ ဆက်လက်ပြုလုပ်နေသည်ဟု ပြည်သူလူထုအား အသိပေးထားသည်။

Public Service Announcement

Public Service Announcement

ကလေးမြို့နယ်တွင် ယမန်နေ့က ဖြစ်ပွားသော တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၄၇ ဦး သေဆုံးခဲ့ကြောင်းကလေး(PDF)နှင့် ဒေသခံများကအတည်ပြုပြောကြားသည်။ ထိုအပြင်နိုဝင်ဘာ ၂ ရက်က ကလေးမြို့နယ်တောင်ပိုင်း၌ဖြစ်ပွားသောတိုက်ပွဲနှင့် စစ်ကောင်စီတပ်ကို မိုင်းဆွဲတိုက်ခိုက်ရာ ၃ ဦးထက်မနည်းသေဆုံးခဲ့ကြောင်းလည်း ကလေးPDFက ထုတ်ပြန်သည်။

ကလေးမြို့နယ်တောင်ပိုင်းဒေသများတွင် တိုက်ပွဲများအချိန်မရွေးပြင်းထန်စွာဖြစ်ပွားနိုင်သဖြင့် ပြည်သူများအနေဖြင့်ယာဥ်များဖြင့်သွားလာခြင်းမပြုရန် ၊ လုံခြုံရာသို့အဆင်သင့်ရွေ့ပြောင်းနိုင်ရေး ပြင်ဆင်ထားရန် ကလေးPDF က နိုဝင်ဘာ ၃ ရက်တွင် တိုက်တွန်းထား သည်။

ဆက်စပ်သတင်းများ

သတင်း

စစ်တပ် သေဆုံးသူများပြီး စစ်သုံ့ပန်းနဲ့ လက်နက်တွေ သိမ်းရ

သတင်း

ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) ရဲဘော် တွေအနေနဲ့ ဒရုန်းနည်းပညာ စစ်ရေးမှာ အသုံးပြုတာနဲ့ ပတ်သက်ပြီး စစ်အုပ်စုထက် ပိုသာကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရည်မွန်က ပြောပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ်ဟာ ဒီနေ့ စက်တင်ဘာ ၁၃ ရက် နေ့လယ်ပိုင်းမှာ ရခိုင်ပြည်နယ်က ပုဏ္ဏားကျွန်းမြို့နယ် ဦးရာဇ်တော်ဘုရားတောင်ခြေရင်းရှိ စေတီရင်းရွာနဲ့ အနီးဝန်းကျင်တွေကို ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အရပ်သား ပြည်သူ ၂ ဦးသေဆုံးပြီး ၃ ဦးထက်မနည်း ဒဏ်ရာရသွားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

Facebook