Connect with us

Hi, what are you looking for?

သတင်း

ဘားအံမှာ သင်္ကြန်ပွဲတော် စည်ကားအောင် စစ်ကောင်စီစီစဉ်

ကရင်ပြည်နယ်မှာ စစ်ရေးပြင်းထန်နေပေမယ့် ပြည်နယ်မြို့တော် ဘားအံမှာ လာမယ့် သင်္ကြန်ပွဲတော်ကာလအတွင်းစည်ကားအောင် အာဏာသိမ်းစစ်ကောင်စီ က စီစဉ်နေပါတယ်။

ပြီးခဲ့တဲ့ နှစ် သင်္ကြန် မှာ အာဏာသိမ်းစစ်ကောင်စီရဲ့ ကရင်ပြည်နယ်အစိုးရအဖွဲ့ဝင်တွေကိုတွေ့ရပုံ (ဓာတ်ပုံ - စစ်ကောင်စီပြန်ကြားရေး)

မေနွယ် /People’s Spring

ကရင်ပြည်နယ်မှာ စစ်ရေးပြင်းထန်နေပေမယ့် ပြည်နယ်မြို့တော် ဘားအံမှာ လာမယ့် သင်္ကြန်ပွဲတော်ကာလအတွင်းစည်ကားအောင် အာဏာသိမ်းစစ်ကောင်စီ က စီစဉ်နေပါတယ်။

ဘားအံမြို့ပေါ် ကမ်းနားလမ်းတလျှောက် မှာ လမ်းလျှောက် သင်္ကြန် ၊ ညစျေးတန်းအနီး သံလွင်မြစ် မှာ သဲသောင်ပြင် သင်္ကြန် တို့ကို ကျင်းပမှာ ဖြစ်ပြီး စတုဒီသာမဏ္ဍပ်တွေလည်းထည့်သွင်းကျင်းပမှာဖြစ်တယ်လို့ စစ်ကောင်စီရဲ့ ကရင်ပြည်နယ်အစိုးရ အဖွဲ့ က ကြေညာပါတယ်။

လက်ရှိမှာတော့ ကမ်းနားလမ်း ညစျေးအနီး သံလွင်မြစ်ကမ်း သဲသောင်ပြင်နေရာကို စက်ယန္တယား ယာဉ်တွေနဲ့ မြေညှိနေပြီလို့ မြို့ခံအချို့ကပြောပါ တယ်။

Public Service Announcement

Public Service Announcement

သဲသောင်ပြင်သင်္ကြန်ကိုတော့ ဘားအံမြို့မှာ ပထမဆုံးအကြိမ်အဖြစ် ကျင်းပမှာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ နှစ်ကတော့ လမ်းလျှောက် သင်္ကြန် ထည့်သွင်းကျင်းပစေခဲ့ပေမယ့် စည်ကားမှုမရှိဘူးလို့ မြို့ခံတွေဆီကသိရပါတယ်။

ကရင်ပြည်နယ်မှာ ကော့ကရိတ်မြို့ ၊ဖာပွန်မြို့ ၊ ကမမောင်းမြို့နဲ့ လှိုင်းဘွဲ့မြို့နယ်တွေအတွင်း တိုက်ပွဲတွေ ဖြစ်နေပြီး ထိုင်း – မြန်မာ နယ်စပ်အနီးက စစ်ကောင်စီတပ်စခန်းတွေကို KNU နဲ့ ပူးပေါင်းတပ်က တိုက်ခိုက်နေပါတယ်။

တိုက်ပွဲတွေကြောင့် အဲဒီဒေသတွေက ဒေသခံတွေဟာ ဘားအံမြို့ဆီ လာရောက်စစ်ရှောင်ကြတာတွေလည်းရှိနေပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီက e-ID စနစ်နဲ့ ပြည်သူတွေကို တင်းကျပ်စွာစောင့်ကြည့်နေရာကနေ ယခုအခါ သံဃာထုကိုပါ ထိန်းချုပ်ဖို့ မန္တလေးမြို့က ရဟန်း၊ သာမဏေနဲ့ သီလရှင်တွေကို Unique ID နံပါတ် ထုတ်ပေးဖို့ ပြင်ဆင်နေကြောင်း သတင်းရရှိပါတယ်။

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

ပြည်သူ့အပေါ် ပစ်မှတ်ထားရက်စက်တဲ့ မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းဟု ထုတ်ပြန်

သတင်း

တောင်ကိုရီးယားနိုင်ငံ ၊ဆိုးလ်မြို့ရှိ ထိုင်းနိုင်ငံသံရုံးရှေ့မှာ ပြည်ပရောက် မြန်မာတွေက ထိုင်းအစိုးရအနေနဲ့ စစ်ကောင်စီနဲ့ ထိတွေ့ဆက်ဆံနေကို ကန့်ကွက်ကြောင်း ဒီကနေ့ (သြဂုတ် ၁၉)မှာ ဆန္ဒပြခဲ့ပါတယ်။

Facebook