Connect with us

Hi, what are you looking for?

သတင်း

မုံရွာနယ် တောပုပျူရွာကို PDF ပူးပေါင်းတပ်တွေ အဝေးပစ် လက်နက်ကြီးတွေနဲ့ သွားရောက်ပစ်ခတ်

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်က တောပုပျူစောထီး ကျေးရွာကို PDF ပူး ပေါင်းတပ်တွေက အဝေးပစ် လက်နက်ကြီးတွေနဲ့ သွားရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ‌ ‌‌ နေအိမ်တွေ ထိခိုက်ပျက်ဆီးခဲ့တယ်လို့ ယင်းမာပင်ခရိုင်တပ်ရင်း(၃၅)၊တပ်ခွဲ(၃)တောင်ပံနီအထူး ပြောက်ကြားတပ်ဖွဲ့က ပြောပါတယ်။

တော်လှန်ရေးတပ်ဖွဲ့တွေ အသုံးပြုခဲ့တဲ့ အဝေးပစ်လက်နက်များကို တွေ့ရစဉ်။ ဓာတ်ပုံ-ပေးပို့

မတ် ၂၆၊ ၂၀၂၅။ ရှိန်း/People’s Spring

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်က တောပုပျူစောထီး ကျေးရွာကို PDF ပူး ပေါင်းတပ်တွေက အဝေးပစ် လက်နက်ကြီးတွေနဲ့ သွားရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ‌ ‌‌ နေအိမ်တွေ ထိခိုက်ပျက်ဆီးခဲ့တယ်လို့ ယင်းမာပင်ခရိုင်တပ်ရင်း(၃၅)၊တပ်ခွဲ(၃)တောင်ပံနီအထူး ပြောက်ကြားတပ်ဖွဲ့က ပြောပါတယ်။

မတ်လ ၂၅ရက် မနေ့ ညနေ ၄နာရီမှာ တောပုပျူစောထီးကျေးရွာကို ၆၀မမ၊ ၈၀မမ၊ ၁၂၀မမ၊ ၁၀၇ရှော့တိုက်ဒုံး၊ လက်နက်ငယ်များနဲ့သွားရောက်ပစ်ခတ်ခဲ့တာလို့ တောင်ပံနီ ပြောက်ကြားတပ်ခွဲမှူး ကိုဆံရှည်က ပြောပါတယ်။

“အတည်ပြုလို့ရတဲ့သတင်းကတော့ ကျွန်တော်တို့ပစ်တဲ့လက်နက်ကြီးတွေရွာထဲအထိ ကျတယ်။ အိမ်တွေအထဲထိကျပြီး ထိခိုက်ပျက်စီးမှုရှိတယ်လို့တော့ သတင်းကအတည်ပြုလို့ရတယ်”လို့ ကိုဆံရှည်က ပြောပါတယ်။

Public Service Announcement

Public Service Announcement

လူသေဆုံးထိခိုက်မှုရှိ၊ မရှိကတော့ စုံစမ်းနေဆဲဖြစ်တယ်လို့ဆိုပါတယ်။

တောပုရွာဟာ ၂၀၂၂ခုနှစ်ကတည်းက အင်အားကြီးပျူစောထီးကျေးရွာဖြစ်ပါတယ်။

ဒီတိုက်ခိုက်မှုကို ယင်းမာပင်ခရိုင်တပ်ရင်း(၃၅)၊တပ်ခွဲ(၃)တောင်ပံနီအထူးပြောက်ကြားတပ်ဖွဲ့ ချင်းတွင်းဒိုင်းနမိုက်၊ တကိုယ်တော် အောင်ကြီး၊၅/ဖိုက်တာGroupတို့ ပူးပေါင်းလုပ်ဆောင်ခဲ့တာလို့ သိရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ကန့်ဘလူမြို့နယ်၊ ဇာဒီပျူ​စောထီးရွာမှာ ကင်းစောင့် နေတဲ့ ပျူစောထီးတဦးကို ကွမ်ယာ​ကြွေးဟန်ပြုပြီး အနီးကပ်ပစ်ခတ်ကာG3 တလက်သိမ်းနိုင်ခဲ့တယ်လို့ ကန့်ဘလူခရိုင်ပကဖ လှုပ်ရှား​ရေးတပ်ရင်းက ဒုတပ်ရင်းမှူးဗိုလ်ပိုင်ချဲက ပြောပါတယ်။

သတင်း

​မောင်နှစ်မချင်းရန်ဖြစ်၍ပျူကိုတိုင်ရာအကိုဖြစ်သူကိုဖမ်း​ခေါ်သွားပြီးသတ်လိုက်လို့ ​မိသားစုကငွေ​​ပေးကာအ​လောင်းပြန်ထုတ်ရ

သတင်း

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ် ဇီးကုန်းမြို့မှာ မြို့ထဲဝင်လာတဲ့ စစ်တပ်လက်အောက်ခံ ရဲတစ်ဦးနဲ့ ပျူစောထီးတစ်ဦးတို့ ပစ်ခတ်ခံရပြီး သေဆုံးခဲ့တယ်လို့ ဇီးကုန်းတိုက်နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ က ပြောပါတယ်။

သတင်း

မန္တလေးမြို့၊မဟာအောင်မြေကျောက်ဝိုင်းအတွင်းမှာ ပျူစောထီးတွေ ခြိမ်းခြောက်ငွေတောင်းနေလို့အခက်အခဲ ဖြစ်နေကြောင်း ကျောက်လုပ်ငန်းလုပ်ကိုင်သူတွေက ပြောပါတယ်။