Connect with us

Hi, what are you looking for?

သတင်း

ပုဏ္ဏားကျွန်းလေကြောင်းတိုက်ခိုက်ခံရမှု ဒဏ်ရာရသူများအနက် ၂ဦး ထပ်မံသေဆုံး၊ သေဆုံးသူ ၅ဦးရှိလာ

ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ် အောင်ဖြူပြင်ကျေးရွာမှ ဘုန်းကြီး‌ကျောင်းကို မတ်လ ၂၅ ရက်ညက လေကြောင်းတိုက်ခိုက်မှု၌ ဒဏ်ရာရသူ ၁၄ဦးအနက် ၂ဦးထပ်မံသေဆုံးသွားခဲ့၍ စုစုပေါင်းသေဆုံးသူ ၅ဦးရှိလာသည်။

စစ်ကောင်စီလေကြောင်းတိုက်ခိုက်မှုကြောင့် အဆောင်အဦးပျက်စီးမှုအချို့အား တွေ့ရစဉ်။ ဓာတ်ပုံ - Arakan Princess Media

မတ် ၂၇၊ ၂၀၂၅။ အိမ်သွင်/People’s Spring

ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ် အောင်ဖြူပြင်ကျေးရွာမှ ဘုန်းကြီး‌ကျောင်းကို မတ်လ ၂၅ ရက်ညက လေကြောင်းတိုက်ခိုက်မှု၌ ဒဏ်ရာရသူ ၁၄ဦးအနက် ၂ဦးထပ်မံသေဆုံးသွားခဲ့၍ စုစုပေါင်းသေဆုံးသူ ၅ဦးရှိလာသည်။

အောင်ဖြူပြင်ကျေးရွာဘုန်းကြီး‌ကျောင်းကို မတ်လ၂၅ ရက် ည ၇ နာရီခန့်တွင်စစ်ကောင်စီက လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။ စစ်ဘေးရှောင်မိသားစုဝင် ၃ဦးသေဆုံးပြီး ၁၄ဦး ဒဏ်ရာရခဲ့ပြီး မတ်လ ၂၆ရက်တွင် ၂ဦးထပ်မံသေဆုံးသွားခြင်းဖြစ်သည်။

“မိန်းကလေးတစ်ယောက်၊ အမျိုးသားတစ်ယောက် ထပ်ဆုံးတာပါဗျ။ ဒဏ်ရာရ ၁၂ဦး ကျန်နေသေးတယ်။ ဖျက်အားပြင်းဗုံးနဲ့ ကြဲတာဆိုတော့ဗျာ ဆိုးရွားပါတယ်” ဟု ဒေသခံတစ်ဦးကပြောသည်။

Public Service Announcement

Public Service Announcement

အောင်ဖြူပြင်ရွာ ဘုန်းကြီးကျောင်းကို ပေါင် ၅၀၀ ဗုံး ကြဲချခြင်းဖြစ်ပြီး ဘုန်းကြီးကျောင်းတွင်ရှိနေသာ စစ်ရှောင်များထိခိုက်‌ သေဆုံးခြင်းဖြစ်ကြောင်း ဒေသခံတစ်ဦးကပြောသည်။

သေဆုံးသူ ၅ဦးမှာ အမျိုးသားသုံးဦး၊ အမျိုးသမီး၂ဦးဖြစ်သည်။ ပုဏ္ဍားကျွန်းမြို့သည် အာရက္ခတပ်တော်(AA) သိမ်းယူထားသည့် မြို့ဖြစ်သည်။ ပြီးခဲ့သည့်ဖေဖော်ဝါရီမှစတင်၍ AAက စစ်တွေမြို့အား သိမ်းယူရေးထိုးစစ်ဆက်လက်ပြင်းထန်နေပြီး မြို့ပတ်ဝန်းကျင်နေရာများကို စစ်ကောင်စီက လေကြောင်း၊ လက်နက်ကြီးနှင့် ဒရုန်းအသုံးပြု၍ ပစ်ခတ်တိုက်ခိုက်နေသည်။

မတ်လ ၂၂ရက်ကလည်း ပုဏ္ဏားကျွန်းမြို့နယ်၊ ကျော်ဇံရွာနှင့် ပေါက်တောမြို့နယ် သဲခုံရွာကို စစ်ကောင်စီက လေကြောင်းမှ ‌ဗုံးကြဲတိုက်ခိုက်ခဲ့သည်။ လူထိခိုက်မှုမရှိသော်လည်း အဆောက်အအုံအချို့ပျက်စီးခဲ့သည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီ ၂၀ရက်က ပေါက်တောမြို့ကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်ရာ ကလေးငယ်နှစ်ဦး အပါအဝင် ၄ဦး သေ‌ဆုံးပြီး ၁၇ ဦး ဒဏ်ရာရခဲ့သည်။

စစ်ကောင်စီသည် ယခုရက်ပိုင်းအတွင်း ရှမ်းပြည်နယ်မြောက်ပိုင်း နောင်ချိုမြို့နယ်၊မကွေးတိုင်း ဂန့်ဂေါမြို့နယ်၊ မြိုင်မြို့နယ်၊ မန္တလေးတိုင်း စဉ့်ကူးမြို့တို့ကိုလည်း လေကြောင်းမှဗုံးကြဲတိုက်ခိုက်၍ အရပ်သားထိခိုက်သေဆုံးမှုများရှိနေသည်။

AAသည် လက်ရှိတွင် ရခိုင်ပြည်နယ်မှ စစ်တွေနှင့်ကျောက်ဖြူမြို့ကို သိမ်းယူနိုင်ရေးတိုက်ပွဲဖော်ဆောင်နေပြီး ဧရာဝတီတိုင်း၊ ပဲခူးတိုင်းနှင့် မကွေးတိုင်းမှ စစ်ကောင်စီစခန်းချို့ကိုလည်း တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များနှင့်အတူ တိုက်ခိုက်နေသည်။

ဆက်စပ်သတင်းများ

သတင်း

ရခိုင်ပြည်နယ်၊ရသေ့တောင်မြို့နယ်၊ မိုးစဲကျွန်း၊ ကူတောင်ကျေးရွာကနေ ကျောက်တော်မြို့ဆီ စျေးဝယ်သွားတဲ့ စက်လှေတစီးဟာ ဒီကနေ့ မနက်ပိုင်းမှာ ပုဏ္ဏားကျွန်းမြို့အနီး နစ်မြှုပ်သွားခဲ့တာကြောင့် စက်လှေ ပေါ်လာသူ ၈ ဦး သေဆုံးပြီး ၂ ဦး ပျောက်ဆုံးနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

အာရက္ခတပ်တော်(AA)ထိန်းချုပ်ထားတဲ့ ပုဏ္ဏားကျွန်းမြို့ကို စစ်တပ်က ဒီကနေ့ မေလ ၁၅ရက်မနက်ပိုင်းမှာ ဂျက်ဖိုက်တာ ၂စီးနဲ့ ဗုံးကြဲတိုက်ခိုက်သွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ပုဏ္ဏားကျွန်းမြို့နယ်၊ယိုးငူရွာကဈေးကိုစစ်တပ်ကလေကြောင်းကနေဗုံးကြဲလို့ စစ်ဘေးရှောင်တွေအပါအဝင်ဒေသခံ ၃၀ ဦးထက်မနည်းထိိခိုက်သေ ဆုံးတယ်လို့ ကနဦးသတင်းရရှိပါတယ်။။

သတင်း

နမ္မတူမြို့ကို စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ရာ ဘုန်းကြီးကျောင်းထိမှန်ပျက်စီးခဲ့တယ်လို့ တအာင်းတပ်မတော်(TNLA)က ထုတ်ပြန်ပါတယ်။