Connect with us

Hi, what are you looking for?

သတင်း

အာဏာသိမ်းခေါင်းဆောင်မိသားစုအကျိုအတွက် အသုံးချနေခြင်းဖြစ်၍ စစ်သားများ ပြည်သူနှင့်ပူး​ပေါင်းကြရန် PDF ဗျူဟာ ၃၃ စစ်ဆင်ရေးမှူးတိုက်တွန်း

ဗျူဟာ ၃၃ စစ်ဆင်ရေးမှူး ရဲဘော် စောဒါးကိုနှင့် အလင်းဝင်​သောစစ်သားများ။ဓါတ်ပုံ-​ဒေါနတပ်ရင်း

ဟန်နွေ/People’s Spring

နိုင်ငံတဝန်း ပြည်သူများအား အတင်းအဓမ္မ လူသစ်စုဆောင်းနေခြင်းအပါအဝင် စစ်ကောင်စီ ခေါင်းဆောင် မင်းအောင်လှိုင် လုပ်ဆောင်နေသည့် လုပ်ရပ်များ အားလုံးသည် နိုင်ငံအကျိုးအတွက် မဟုတ်ဘဲ ၎င်း မိသားစုနှင့် စစ်ခေါင်းဆောင်တစုတွက် အသုံးချနေခြင်းဖြစ်ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) စစ်ဆင်ရေးနယ်မြေ(၁) တောင်ပိုင်းစစ်ဒေသ၊ ဗျူဟာ ၃၃ စစ်ဆင်ရေးမှူး ရဲဘော် စောဒါးကိုက ပြောကြားသည်။

ရဲဘော်စောဒါးကို ဦးဆောင်သည့် ဒေါနတပ်ရင်းသို့ ပြည်သူ့စစ်မှုထမ်း တပ်သားသစ် ၂ဦး လက်နက်နှင့် အလင်းဝင်လာမှု အခြေအနေနှင့်မေးမြန်းရာ ယခုကဲ့သို့ ပြောဆိုခြင်းဖြစ်သည်။ ဒေါနတပ်ရင်းသို့ အလင်းဝင်လာသူ စုစုပေါင်း ၆၀ ကျော်ရှိပြီး ယင်းအနက် ၂၀ကျော်သည် စစ်ကောင်စီကို ပြန်လည်တော်လှန်တိုက်ခိုက်နေကြောင်း ရဲဘော် စောဒါးကိုက ပြောသည်။

ထို့ကြောင့်ကျန်နေသည့် စစ်ကောင်စီတပ်သားများ ပြည်သူ့ဘက်သို့ ရပ်တည်ရန်လိုအပ်ကြောင်း၎င်းက တိုက်တွန်းသည်။

Public Service Announcement

Public Service Announcement

“ ပြည်သူနဲ့အတူတူ ပူးပေါင်းသွားဖို့လိုအပ်တယ်။ မြို့ထဲမှာ အကြမ်းဖက်ပြီး နီးတဲ့သူကို ပြန်ပေးဆွဲ အတင်းအဓမ္မ စစ်သားစုဆောင်းနေတဲ့ဟာတွေက ဒါသည် အဖြေမဟုတ်ဘူး။ လက်ရှိ စစ်ကောင်စီ မင်းအောင်လှိုင် လုပ်နေတဲ့ဟာတွေအားလုံးက တိုင်းပြည်အတွက်လည်းမဟုတ်သလို လူမျိုးအတွက်လည်း မဟုတ်ဘူး နိုင်ငံအတွက်လည်းမဟုတ်ဘူး သူ့ကိုယ်ကျိုးအတွက်ပဲဖြစ်တယ်။ သူ့မိသားစုတစု လက်တဆုပ်စာလူတစုအတွက်ဖြစ်တာ ဖြစ်တဲ့အတွက် ကျနော်တို့တွေက ပြည်သူ့ဘက် ရပ်တည်ပြီး မြန်မြန်လေး ပြည်သူနဲ့ ပူးပေါင်း ပြီးဆက်သွားဖို့ပေါ့”ဟုဗျူဟာ ၃၃ စစ်ဆင်ရေးမှူးကဆက်ပြောသည်။

ထိုသို့ပူးပေါင်းခြင်းမပြုလုပ်ပါကအဓိပ္ပါယ်မဲ့ ပေးဆပ်မှုများနှင့် ကြုံကြရမည်ဖြစ်ကြောင်း ၎င်းက ပြောသည်။

“စစ်မှုထမ်းပြီး ပါသွားတဲ့ သူတွေအားလုံးဟာ ဘယ်နေရာ ဘယ်ဒေသမှာ သေဆုံးကျဆုံးမှန်းမသိ သားသေလည်း အမေမသိ အဲဒီလိုမျိုး အခြေအနေတွေက လက်ရှိ တော်တော်များများ ကြားနေရတယ်။ တချို့တွေက စစ်မှုထမ်း ပစတွေကို စစ်ရေးပြင်းထန်တဲ့နေရာတွေကို တောက်လျှောက်ပို့တာပေါ့။” ဟု ရဲဘော်စောဒါးကိုက ပြောသည်။

လက်ရှိတွင် စစ်ကောင်စီကအဓမ္မစစ်သားစုဆောင်းပြီးအချိန်တိုစစ်သင်တန်းပေးထားသည့် တပ်သားသစ်များကိုကရင်နီ၊ရက္ခိုင်၊ ရှမ်း ၊ကရင် စသည့် စစ်ပွဲပြင်းထန်သည့် ဒေသများသို့စေလွှတ်နေသည်။

“စစ်ပွဲအရမ်းပြင်းထန်တဲ့နေရာသေတွင်းထဲကိုတွန်းပို့သလိုပဲ။” ဟု ရဲဘော် စောဒါးကိုက ပြောသည်။

ထို့ကြောင့် ရောက်သည့်နေရာဒေသ၌ပြည်သူများ၊ တော်လှန်ရေးတပ်များကို ဆက်သွယ်ပြီး အမြန်ပူးပေါင်းကြရန် စစ်ကောင်စီတပ်သားများကို၎င်းက တိုက်တွန်းသည်။

လူသစ်စုဆောင်းခံရသူများ အပါအဝင် ပြည်သူဘက်ရပ်တည်လိုသောစစ်သားများနှင့် ရဲတပ်ဖွဲ့ဝင်များအနေဖြင့် ပြည်သူ့ကာကွယ်ရေးတပ်မတော် ဒေါနတပ်ရင်းနှင့် မဟာမိတ်ပူးပေါင်းတပ်ဖွဲ့များ ၊ နီးစပ်ရာ တော်လှန်ရေးတပ်ဖွဲ့များသို့ ချိတ်ဆက်ကာ အလင်းဝင်ရောက်နိုင်ကြောင်းလည်း ဒေါနတပ်ရင်းက အသိပေးပြီး Telegram / +66988960058 / @naingyan၊ Signal / +66988960058 / @yai.08၊ Viber / +66659905540၊ Phone / 09884896475 တို့အား ဆက်သွယ်နိုင်ကြောင်း ဖော်ပြသည်။

အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊​တော်လှန်​ရေးခေါင်းဆောင်များနှင့်တိုင်းရင်းသားတော်လှန်ရေးတပ်ဖွဲ့ ခေါင်းဆောင်များကလည်း စစ်ကောင်စီတပ်သားများ ရသည့်နည်းဖြင့် တော်လှန်ရေးတပ်ဖွဲ့များနှင့် ပူးပေါင်းရန် တိုက်တွန်းထားပြီး ယခုနှစ်တွင် စစ်ရေးအရှိန်မြှင့်တင်ရန်ရှိကြောင်း အသိပေးထားသည်။

ဆက်စပ်သတင်းများ

သတင်း

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) နဲ့ မြို့နယ်ပြည်သူ့ ကာကွယ်ရေးအဖွဲ့ (ပကဖ) ရဲဘော်တွေက လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက် (၈၁) နှစ်ပြည့် မွေးနေ့အထိမ်းအမှတ် လှုပ်ရှားမှုတွေကို ဒီက​နေ့ (ဇွန် ၁၉)မှာ အသီးသီးပြုလုပ်ခဲ့ပါတယ်။

သတင်း

ပဲခူးတိုင်း စစ်ဌာနနဲ့ အာဠာဝက တပ်ရင်းက ရဲဘော်တွေ၊ Beyond Sittaung အဖွဲ့သားတွေကလည်း ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ အမှတ်တရအဖြစ် ရုပ်သံဗွီဒီယိုတစ်ခု ဝေမျှခဲ့ပါတယ်။

သတင်း

ချင်းပြည်နယ်၊ တီးတိန်မြို့နယ်အခြေစိုက် ချင်းဒေသကာကွယ်ရေးတပ်(CDF)-စီးယင်း တပ်ဖွဲ့ထံအာဏာသိမ်းစစ်ကောင်စီတပ်က တပ်သား ၄ဦး လက်နက်နဲ့အတူ အလင်းဝင်လာကြောင်း CDF စီးယင်းက သတင်းထုတ်ပြန်ပါတယ်။

သတင်း

ပဲခူးနဲ့ ဧရာဝတီတိုင်းမှာ ပေါ်တာဆွဲခံရတဲ့ ပခုက္ကူမြို့နယ်အခြေစိုက် ခလရ (၂၃၅) တပ်ရင်းက စစ်မှုထမ်းတပ်သား ၂ ဦးဟာ COBRA ONE Pakokku တပ်ဖွဲ့ထံ အလင်းဝင်ရောက်လာခဲ့တယ်လို့ အဲဒီတပ်ဖွဲ့က သတင်းထုတ်ပြန်ပါတယ်။