Connect with us

Hi, what are you looking for?

သတင်း

ငလျင်ဗဟိုချက်အနီးဆုံး စစ်ကိုင်းမြို့တွင်ရုပ်အ​လောင်း ၁၈၃​လောင်း မီးသဂြိုလ်ပြီး

ဖျက်အားပြင်းငလျင်ကြီး ဗဟိုပြုလှုပ်ခဲ့​သော​နေရာနှင့်အနီးဆုံးစစ်ကိုင်းမြို့တွင် ငလျင်ဒဏ်ကြောင့် ‌သေဆုံးထိခိုက်၊ပျက်စီးမှုအလွန်များနေပြီး ရှာဖွေကယ်ဆယ်ရေး ဒုတိယမြောက်နေ့ဖြစ်သော မတ်လ ၂၉ရက် ညနေအထိ ရုပ်အလောင်း ၁၈၀ ကျော် မီးရှို့သဂြိုလ်ထားရသည်။

ဖျက်အားပြင်းငလျင်ကြီး ဗဟိုပြုလှုပ်ခဲ့​သော​နေရာနှင့်အနီးဆုံးစစ်ကိုင်းမြို့တွင် ငလျင်ဒဏ်ကြောင့် ‌သေဆုံးထိခိုက်၊ပျက်စီးမှုအလွန်များနေပြီး ရှာဖွေကယ်ဆယ်ရေး ဒုတိယမြောက်နေ့ဖြစ်သော မတ်လ ၂၉ရက် ညနေအထိ ရုပ်အလောင်း ၁၈၀ ကျော် မီးရှို့သဂြိုလ်ထားရသည်။

မတ်-၂၉၊၂၀၂၅။ဇော်ရမ်း/People’s Spring

ဖျက်အားပြင်းငလျင်ကြီး ဗဟိုပြုလှုပ်ခဲ့​သော​နေရာနှင့်အနီးဆုံးစစ်ကိုင်းမြို့တွင် ငလျင်ဒဏ်ကြောင့် ‌သေဆုံးထိခိုက်၊ပျက်စီးမှုအလွန်များနေပြီး ရှာဖွေကယ်ဆယ်ရေး ဒုတိယမြောက်နေ့ဖြစ်သော မတ်လ ၂၉ရက် ညနေအထိ ရုပ်အလောင်း ၁၈၀ ကျော် မီးရှို့သဂြိုလ်ထားရသည်။

“သေဆုံးသူအရေအတွက် ဆက်တိုးနေတယ်။ ညနေ ၆ နာရီအထိ ၁၈၃ လောင်း” ဟုကယ်ဆယ်ရေးလုပ်ကိုင်​နေ​သော​ ဒေသခံတစ်ဦးက ပြောသည်။

ဘေးသင့်ဒေသခံတစ်ဦးကလည်း ” စစ်ကိုင်းမှာက ပိုက်ဆံရှိနေရင်တောင် ဘာမှဝယ်စားလို့မရတော့တဲ့ အခြေနေကြီးဖြစ်နေပါပြီ။ အစားအသောက်လေးတွေလှူပေးကြပါဦးဗျာ။ အဓိက အားထားရတဲ့ တံတားတွေကလည်း သွားလို့မရနေတော့ တကယ်အခက်အခဲဖြစ်နေကြလို့ပါဗျာ။ တော်တော်များများလည်း လမ်းပေါ်မှာ အကုန်ထွက်အိပ်နေကြရပါတယ်။ အဆင်ပြေရင် ကူညီကြပါဦးဗျာ”ဟု အကူအညီတောင်းထားသည်။

Public Service Announcement

Public Service Announcement

စစ်ကိုင်းမြို့တွင် မြို့ပေါ်ရပ်ကွက်များရှိတိုက်တာအဆောက်အဦးအားလုံးနီးပါး နှင့် သမိုင်းဝင်စေတီပုထိုးအများအပြား ထိခိုက်ပျက်စီးသွားခဲ့သည်။

မတ်လ ၂၉ ရက်​အထိ အ​ရေး​ပေါ်ကယ်ဆယ်​ရေးလုပ်ငန်းများကိုအင်တိုက်အားတိုက် မစတင်နိုင်သေးကြောင်း ဒေသခံများကပြောသည်။စစ်ကိုင်းမြို့သည် ငလျင်ဗဟိုချက်နှင့် အနီးဆုံးဖြစ်ခဲ့သည်။

ငလျင်ကြောင့် တနိုင်ငံလုံးအတိုင်းအတာဖြင့် ၁၆၄၄ ဦးသေဆုံးပြီး ၃၄၀၈ဦး ဒဏ်ရာရကာ ၁၃၉ ဦး ပျောက်ဆုံးနေကြောင်း စစ်ကောင်စီက ယနေ့ည သတင်းထုတ်ပြန်ထားသည်။သို့​သော်မြေပြင်တွင် ​သေဆုံးမှုမှာ စစ်​ကောင်စီထုတ်ပြန်​သောအ​ရေအတွက်ထက်များစွာ ပိုများ​ကြောင်းစစ်​ကောင်စီ သတင်းထုတ်ပြန်မှုတွင် မပါ​သေးသော​ဒေသ များစွာကျန်ရှိ​နေ​သေး​ကြောင်း​ကယ်ဆယ်​ရေးလုပ်ကိုင်သူများက​ ပြောသည်။

ဖျက်အားပြင်းငလျင်ကြီးသည် မတ်လ ၂၈ ရက် မွန်းလွဲ ၁၂ နာရီ ၅၀ မိနစ်ဝန်းကျင်တွင် စစ်ကိုင်းမြို့အနီးရှိ ​ရေခါးအင်းကို ဗဟိုပြု၍ မဂ္ဂနီကျု ၇ ဒသမ ၇ ရှိ​သော ​ အင်အားကြီး​မြေငလျင်ကြီးလှုပ်ခတ်ခဲ့သည်။​မြေငလျင်ကြီးမှာ မြေအနက် ၆မိုင်​ကျော်ကိုဗဟိုပြု​သော​ဇောက်တိမ်ငလျင်ဖြစ်သည်။​

မြေငလျင်သည်​ဇောက်တိမ်ပါက ဖျက်အားပိုကြီးသည်။

ထိုငလျင်ကြီးလှုပ်ပြီး ၁၂ မိနစ်ခန့်အကြာ မွန်းလွဲ ၁ နာရီ ၂ မိနစ်တွင် ပြင်းအား ၆ ဒသမ ၄ ရှိ ​နောက်ဆက်တွဲအင်အားကြီး ငလျင်မှာ တံတားဦးမြို့နယ်အတွင်ဗဟိုပြုထပ်မံလှုပ်ခတ်သည်။

(အင်အားပြင်းငလျင် ဗဟိုချက်အနီးရှိ စစ်ကိုင်းမြို့မှာလည်း ပျက်စီးဆုံးရှုံးမှု များပြားခဲ့ပါတယ်။ ဓာတ်ပုံ – KO M) 

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းမြို့နယ်မှာ စစ်ကောင်စီယာဥ်တန်းအတွက် လုံခြုံရေးယူပေးနေတဲ့ စစ်သားတွေ မိုင်းဆွဲတိုက်ခိုက်ခံရပြီး ထိခိုက်သေဆုံးမှုတွေရှိခဲ့ကြောင်း လင်းယုန်ညီနောင် ပြောက်ကျားတပ်ဖွဲ့ရဲ့ တာဝန်ရှိသူက ပြောပါတယ်။

နိုင်ငံတကာ

ဂျပန်နိုင်ငံ အနောက်တောင်ပိုင်းမှာ ဇူလိုင် ၂၈ ရက်နေ့က လှုပ်ခတ်ခဲ့တဲ့ မဂ္ဂနီကျု ၇.၁ အဆင့် ငလျင်ကြီးကြောင့် သေဆုံးသူဟာ နှစ်ဒါဇင် နီးပါးထိ များပြားလာခဲ့ပါတယ်။

သတင်း

မန္တလေးမြို့၊ ပုသိမ်ကြီးမြို့အနီးကို ဗဟိုပြုပြီး ၄.၆ အဆင့်ရှိ အင်အား အတော်အသင့်ရှိတဲ့ မြေငလျင်တစ်ခု လှုပ်ခတ်သွားကြောင်း အမျိုးသားညီညွတ်ရေးအစိုးရရဲ့ လူမှုရေးရာ၊ အလုပ်သမားနှင့် လူသားချင်းစာနာထောက်ထားရေးဝန်ကြီးဌာန(MoSLHA)က သတင်းထုတ်ပြန်ပါတယ်။

နိုင်ငံတကာ

ဂျပန် နိုင်ငံမှာ လှုပ်ခတ်ခဲ့တဲ့ ပြင်းထန်တဲ့ ငလျင်ကြီးကြောင်း သေဆုံးသူ အရေအတွက်ဟာ ၁၃ ဦးထိ မြင့်တက်လာကြောင်း သိရပါတယ်။