Connect with us

Hi, what are you looking for?

သတင်း

မန္တလေးမြို့တွင်​အင်အားအသင့်အတင့်ရှိ ငလျင်ထပ်လှုပ်

စစ်ကိုင်းငလျင်ကြီး လှုပ်ခတ်ပြီး တတိယ​မြောက်​​နေ့ မတ်လ ၃၀ မွန်းလွဲ ၁ နာရီ ၃၈ မိနစ်တွင် မန္တလေးမြို့ အနီး ဗဟိုပြု၍ အင်အား ရစ်ချတာစ​ကေး ၅ ဒသမ ၁ ရှိ​သော​မြေငလျင် ထပ်မံလှုပ်ရှားပြန်သည်။

မတ်-၃၀၊၂၀၂၅။​​ဇော်ရမ်း၊​မေ/ People’s Spring

စစ်ကိုင်းငလျင်ကြီး လှုပ်ခတ်ပြီး တတိယ​မြောက်​​နေ့ မတ်လ ၃၀ မွန်းလွဲ ၁ နာရီ ၃၈ မိနစ်တွင် မန္တလေးမြို့ အနီး ဗဟိုပြု၍ အင်အား ရစ်ချတာစ​ကေး ၅ ဒသမ ၁ ရှိ​သော​မြေငလျင် ထပ်မံလှုပ်ရှားပြန်သည်။

ကမ္ဘာတစ်ဝန်း​မြေငလျင် သတင်းများကိုတိုင်းတာထုတ်ပြန်​ပေး​နေ​သော အ​မေရီကန် အ​ခြေစိုက် USGS က မန္တ​လေးမြို့ ​မြောက် ၊အနောက်​​မြောက်ဘက် ၁၈ မိုင်ခန့်အကွာ ​မြေအနက် ၆ မိုင်​ကျော်ကိုဗဟိုပြုလှုပ်ခတ်ခဲ့​ခြင်းဖြစ်ပြီး ပြင်အား ၅ ဒသမ ၁ ရှိ​ကြောင်းထုတ်ပြန်သည်။

“မန္တလေးထပ်ပြီးကြမ်းသွားတယ်ဗျာ။ အရမ်းစိုးရိမ်စရာအခြေအနေပဲ”ဟု မြို့ခံတစ်ဦးကပြောသည်။

Public Service Announcement

Public Service Announcement

“အခုပဲထပ်လှုပ်လို့ လမ်းပေါ်သွားနေသူတွေပါရပ်ထားရတယ်။ထပ်ကြမ်းရင် တိုက်ကပြိုတော့မယ်”ဟု​ဒေသခံတဦးက​ပြောသည်။

အဆိုပါငလျင်ကို ပြင်ဦးလွင်မြို့တွင်လည်း သိသိသာသာခံစားလိုက်ရသည်။

ယ​နေ့ငလျင် မတိုင်ခင် မန္တ​လေးမြို့တွင် ငလျင်အသေးများမကြာခဏလှုပ် နေ၍ မြို့ခံများမှာလမ်းမ ပေါ်ထွက်ရှောင်နေကြစဥ် အင်အားအသင့်အတင့်ရှိ ငလျင်ထပ်လှုပ်ခြင်းဖြစ်သည်။

​မြေငလျင် အန္တရာယ်ကိုစိုးရိမ်သဖြင့် ​​ဒေသခံ အချို့မှာ အခြားမြို့များသို့ ​​ပြောင်း​ရွေ့သွားသူများလည်းရှိသည်။ ငလျင် ကြီး လှုပ်ပြီး ၃ ရက်​မြောက်​နေ့တွင် စက်သုံးဆီအပါအဝင် ကုန်ပစ္စည်းများပြတ်လပ်လာပြီး ​ဈေးဝယ်ရခက်ခဲလာ​ကြောင်း​ဒေသခံများက​ပြောသည်။

“ဆီဆိုင်ကြီးတချို့လည်း ပိတ်ထားတယ်။အရေးရယ်အ ကြောင်းရယ်ဆို ပြေးစရာမရှိမှာစိုးလို့ ဒီမနက်ဆီသွားဝယ်တာ။ဖွင့်တဲ့ဆိုင်‌​တွေမှာတန်းစီပြီး လူအုပ်ကြီးလိုက်ပဲ”ဟု မြို့ခံတဦးကပြောသည်။

မတ်လ ၂၈ရက်က ရစ်ခ်ျတာစကေး ၇ဒဿမ၇ဖြင့် အင်အားပြင်းငလျင်ကြီးလှုပ်ခတ်သွား၍ အကြီးအကျယ်ပျက်စီးသွားသည့် အဆောက်အဦးများအတွင်း ပိတ်မိနေသူများကိုရှာဖွေကယ်ဆယ်ရေးလုပ်နေစဉ် နောက်ထပ်ငလျင်များဆက်လှုပ်နေခြင်းဖြစ်သည်။​မြေငလျင်ကြီးလှုပ်ခတ်ပြီး ​နောက်ဆက်တွဲ ​မြေငလျင် ၃ ရက်အတွင်းအကြိမ်​ပေါင်းများစွာလှုပ်ခတ်​နေရာ အများစုမှာအင်အားနည်း​သော်လည်း ငလျင်ကြီးလှုပ်ပြီး ၁၂ မိနစ်အကြာတွင် တံတာဦးမြို့နယ်ကို ဗဟိုပြု​မြေငလျင်မှာမဂ္ဂနီကျု ၆ ဒသမ ၄ ဖြင့်အပြင်းထန်ဆုံးဖြစ်သည်။

ထို​နောက် မတ် ၂၉ ရက်တွင် ​နေပြည်​တော် နှင့် မတ် ၃၀ တွင် မန္တ​​လေး၌ အင်အားအသင့်ဖြစ်​သော ၅ ဒသမ ၁ ရှိ​နောက်ဆက်တွဲ ​မြေငလျင်လှုပ်ခဲ့ခြင်းဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးမြို့၊ချမ်းမြသာစည်မြို့နယ်၊ကန်တော်ကြီးကန်ပတ်လမ်းမှာအမျိုး သားတစ်ဦးရဲ့ ရုပ်အလောင်းကို မနေ့ ( စက်တင်ဘာလ ၁၈ ရက်) နေ့ခင်းပိုင်းက မြို့ခံတွေ တွေ့ရှိခဲ့တယ်လို့ လူမူကူညီရေး လုပ်ကိုင်သူအချို့ဆီကသိရပါတယ်။

သတင်း

ပေါ်တာစွဲခံထားရပြီး မန္တလေးနန်းတွင်းမှာ ချုပ်နှောင်ခံထားရတဲ့ လူငယ်တွေကို ပုသိမ်ကြီးနယ်က ခလရ(၁၁၆)နဲ့ (၁၁၉)တပ်ရင်းကို ပို့လိုက်ပြီလို့ မြို့ခံတွေက ပြောပါတယ်။

သတင်း

မန္တလေးမြို့၊ ချမ်းအေးသာစံမြို့နယ်၊ဒေးဝန်းအနောက်ဘက် သင်္ဂဇာချောင်းအနီးမှာအမျိုးသမီးရုပ်အလောင်းကို ဒီနေ့ (စက်တင်ဘာလ ၁၆ ရက်) မနက်ပိုင်းက ဒေသခံတွေတွေ့ရှိခဲ့တယ်လို့ လူမူကူညီရေး လုပ်ကိုင်သူအချို့ဆီကသိရပါတယ်။

သတင်း

မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်မှာ လင်မယား၂ဦး နေအိမ်အတွင်း သတ်ဖြတ်ခံထားရကြောင်း ဒေသခံတွေက ပြောပါတယ်။