Connect with us

Hi, what are you looking for?

သတင်း

ရမည်းသင်းမြို့နယ် ဘုန်ကြီးကျောင်း၌ နွေရာသီယဉ်ကျေးမှုသင်တန်းတက်နေသည့် ကလေးငယ် ၁၂ ဦးအလောင်း တွေ့ရှိထား

မန္တလေးတိုင်း၊ ရမည်းသင်းမြို့နယ် ရွာတန်းကျေးရွာရှိ ဘုန်ကြီးကျောင်း၌ နွေရာသီယဉ်ကျေးမှုသင်တန်းတက်ရောက်နေသည့် ကလေးငယ် ၁၂ဦး အလောင်းတွေ့ရှိထားပြီး ကယ်ဆယ်ရန် ကျေးရွာများကျန်ရှိနေသေးကြောင်း လူမှုကူညီရေးအဖွဲ့အချို့က လူထုနွေဦးသို့ ပြောသည်။

ရမည်းသင်းမြို့၌ ငလျင်ကြောင့် ပျက်စီးသွားသော နေအိမ်တစ်လုံးအား တွေ့ရစဉ်။ ဓာတ်ပုံ - မွန်မြတ်သူ အရေးပေါ်ကယ်ဆယ်ရေး

မတ်-၃၁၊၂၀၂၅။ရဲခေါင်/People’s Spring

မန္တလေးတိုင်း၊ ရမည်းသင်းမြို့နယ် ရွာတန်းကျေးရွာရှိ ဘုန်ကြီးကျောင်း၌ နွေရာသီယဉ်ကျေးမှုသင်တန်းတက်ရောက်နေသည့် ကလေးငယ် ၁၂ဦး အလောင်းတွေ့ရှိထားပြီး ကယ်ဆယ်ရန် ကျေးရွာများကျန်ရှိနေသေးကြောင်း လူမှုကူညီရေးအဖွဲ့အချို့က လူထုနွေဦးသို့ ပြောသည်။

အင်အားပြင်း ငလျင်လှုပ်ခတ်မှုအပြီး နာရီပေါင်း ၇၀ခန့်အကြာ လေးရက်မြောက်နေ့တွင် ရမည်းသင်းမြို့ပေါ် ၌ ထိခိုက်ပျက်စီးမှု အခြေအနေများရှင်းလင်းနိုင်ခဲ့ပြီး သေဆုံးသူ ၁၀၀ ဝန်းကျင်ရှိသည်ဟု သိရသည်။

“ရွာတန်းက ၁၂ယောက်ရှိထားတယ်။ငလျင်ကြောင့် ပြိုကျပျက်စီးတဲ့ရွာတွေ ရှိသေးတယ်။တောင်ပေါ်ဘက် အခြမ်းတွေက အဆက်အသွယ်ပြတ်တောက်နေဆဲပဲ”ဟု ရမည်းသင်းမြို့၌ ငလျင်ကယ်ဆယ်ရေးလုပ်နေသူတစ်ဦးက ပြောသည်။

Public Service Announcement

Public Service Announcement

ကယ်ဆယ်ရန်ကျန်ရှိနေသည့် ကျေးရွာများ၏ အချက်အလက် အသေးစိတ်ကိုမူ လုံခြုံရေးအခြေ အနေကြောင့် ပြောဆိုနိုင်ခြင်းမရှိဟု ဆိုသည်။

ရမည်းသင်းမြို့နယ် မီးသတ်ဦးစီးဌာနသို့ လူထုနွေဦးက ဆက်သွယ်ခဲ့သော်လည်း ပြန်လည်ဖြေဆိုခြင်းမရှိ သေးပေ။

“ရမည်းသင်းတမြို့လုံးနီးပါးပြိုကျပျက်စီးပြီး အသေပျောက်အရမ်းများပါတယ်။ဗလီတွေလည်းပြိုကျပြီး သူတို့ဝတ်ပြုချိန်ဖြစ်တာကြောင့် အထိခိုက်သေပျောက်တော်တော် များတယ်။နှစ်ပေါင်း ၁၄၀ ကျော်သက် တမ်းရှိတဲ့Church ကြီးလည်း ပြိုကျသွားခဲ့ပြီ။ဖြစ်တည်းကနေ ခုထိ လိုင်းတွေအကုန်ဖြတ်ခံထားရလို့ ဘာသတင်းမှမတက် ဘယ်သူမှမသိ။ဆေးရုံဆိုမဆံ့တော့လို့ အပြင်ဟင်းလင်းပြင်တွေမှာတောင် ဖျာတွေခင်းပြီး တင်ထားရတဲ့ထိပဲ”ဟု ရမည်းသင်းမြို့ခံတစ်ဦးက ပြောသည်။

ငလျင်ဗဟိုချက်အနီးရှိ မန္တလေးတိုင်းတွင် သေဆုံးသူ ကနဦးစာရင်းအရ ထောင်နှင့်ချီရှိကာ ကျောက်ဆည်၊စဥ့်ကူ၊တံတားဦး၊ ပျော်ဘွယ်၊မိတ္ထီလာ၊သာစည်နှင့် ဝမ်းတွင်းမြို့နယ်တို့တွင်လည်း ငလျင်ကြောင့် သေဆုံးသူ အများအပြာရှိကာ ကယ်ဆယ်ရန် ကျန်ရှိနေသူများရှိနေကြောင်း သိရသည်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးမြို့၊ ပုသိမ်ကြီးမြို့အနီးကို ဗဟိုပြုပြီး ၄.၆ အဆင့်ရှိ အင်အား အတော်အသင့်ရှိတဲ့ မြေငလျင်တစ်ခု လှုပ်ခတ်သွားကြောင်း အမျိုးသားညီညွတ်ရေးအစိုးရရဲ့ လူမှုရေးရာ၊ အလုပ်သမားနှင့် လူသားချင်းစာနာထောက်ထားရေးဝန်ကြီးဌာန(MoSLHA)က သတင်းထုတ်ပြန်ပါတယ်။

နိုင်ငံတကာ

ဂျပန် နိုင်ငံမှာ လှုပ်ခတ်ခဲ့တဲ့ ပြင်းထန်တဲ့ ငလျင်ကြီးကြောင်း သေဆုံးသူ အရေအတွက်ဟာ ၁၃ ဦးထိ မြင့်တက်လာကြောင်း သိရပါတယ်။

နိုင်ငံတကာ

ဂျပန်နိုင်ငံ အနောက်တောင်ပိုင်းမှာ မဂ္ဂနီကျု ၇.၁ အဆင့် ငလျင်ကြီးတစ်ခု လှုပ်ခတ်ခဲ့တဲ့နောက် ဆူနာမီ ရေလှိုင်းအန္တရာယ် သတိပေးချက်တွေ ထုတ်ပြန်ထားပါတယ်။

နိုင်ငံတကာ

ပီရူးနိုင်ငံ အလယ်ပိုင်းမှာ လှုပ်ခတ်ခဲ့တဲ့ ငလျင်နှစ်ခုကြောင့် လူ ၆ ဦးထက်မနည်း သေဆုံးခဲ့သလို ထိခိုက်ပျက်စီးမှုတွေလည်း ဖြစ်ပေါ်ခဲ့ကြောင်း သိရပါတယ်။

Facebook