Connect with us

Hi, what are you looking for?

News

ပြည်သူ့တော်လှန်ရေးအင်အားစုများ လမ်းညွှန်ချက် NUG ကာကွယ်ရေးဝန်ကြီးဌာန ထုတ်ပြန်

ပြည်သူ့တော်လှန်ရေးအင်အားစုများသည် အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေး ဝန်ကြီးဌာန ထံမှ အထောက်အပံ့တောင်းခံရယူခွင့် ရရှိစေမည်ဖြစ်ပြီး၊ ဝန်ကြီးဌာနတွင် ရှိသော ရန်ပုံငွေအရင်းအမြစ်နှင့် စစ်ဆင်ရေးလိုအပ်ချက်များအပေါ်မူတည်၍ လုပ်ထုံး လုပ်နည်းနှင့် အညီ ထောက်ပံ့ဆောင်ရွက်သွားမည်ဟု အသိပေးထားသည်။

အမျိုးသားညီညွတ်ရေးအစိုးရ(NUG)ကာကွယ်ရေးဝန်ကြီးဌာနက ထူထောင်လျက်ရှိသော အမိန့်ပေး ကွပ်ကဲမှုစနစ် (Chain of Command) အောက်တွင် ပူးပေါင်းပါဝင်ဆောင်ရွက်ရန် အပါအဝင် ပြည်သူ့တော်လှန်ရေး အင်အားစုများအတွက်လမ်းညွှန်ချက်ကို ယနေ့ (နိုဝင်ဘာ ၅ရက်)တွင် ထုတ်ပြန်သည်။

ကာကွယ်ရေးဝန်ကြီးဌာနသည် စစ်အာဏာရှင်တွန်းလှန်ရေး ပြည်သူ့ခုခံစစ်ပွဲတွင် အဓိကကျသည့် အခန်းကဏ္ဍမှ ဦးဆောင်တာဝန်ယူဆောင်ရွက်လျက်ရှိကြောင်း၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် လေ့ကျင့်ဖွဲ့စည်းရေး ၊ ညီနောင်တော်လှန်ရေးအင်အားစုများနှင့် သွေးစည်းမဟာမိတ်ဖွဲ့ လက်တွဲဆောင်ရွက်ရေး၊ နိုင်ငံအဝှမ်း ပြန့်နှံ့ပေါ်ပေါက်လျက်ရှိနေသော ဒေသဆိုင်ရာ ကာကွယ်ရေးအဖွဲ့များ၊ မြေပြင်ပျောက်ကြားအင်အားစုများကြား ချိတ်ဆက်ကွပ်ကဲမှု အားကောင်းခိုင်မာလာစေရေးအတွက် အား သွန်ဆောင်ရွက်လျက်ရှိကြောင်း ဖော်ပြထားသည်။

ပြည်သူ့တော်လှန်ရေးအင်အားစုအားလုံးသည် စစ်ကျွန်ဘဝမှ တိုင်းရင်းသားပြည်သူ တစ်ရပ်လုံးကို လွတ် မြောက်စေလျက် စစ်မှန်သော ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုကို တည်ထောင်ရန် ရည်ရွယ်ဖွဲ့စည်းသော တပ်ဖွဲ့များဖြစ်သည့် အားလျော်စွာ စိတ်ဓါတ်ကောင်းမွန်မှု၊ စည်းကမ်းရှိမှု ၊ ကျင့်ဝတ်ရိုသေမှုတွင် နမူနာစံပြဖြစ်စေလျက် ပြည်သူကို လက်တွေ့ကာကွယ်စောင့်ရှောက်နိုင်ရန် ဦးတည်ကြိုးပမ်းကြရမည်ဖြစ်သည်ဟုဆိုသည်။

ထို့ကြောင့် ကာကွယ်ရေးဝန်ကြီးဌာနက ထူထောင်သော ပြည်သူ့ကာကွယ်ရေးတပ်မတော် တပ်ရင်း တပ်ဖွဲ့(PDF) များ ၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)များ၊ အခြား ဒေသဆိုင်ရာ ကာကွယ်ရေး တပ်ဖွဲ့(LDF)များ ၊ မြေပြင်ပြောက်ကျား အင်အားစု (STF)များ စနစ်တကျ လိုက်နာ ဆောင်ရွက်နိုင်စေရန် ကျင့်ဝတ် ၊ စည်းကမ်းများအား လမ်းညွှန်ထုတ်ပြန်ခြင်းဖြစ်ကြောင်း ဖော်ပြထားသည်။

Public Service Announcement

Public Service Announcement

ပြည်သူ့တော်လှန်ရေး အင်အားစုများအနေဖြင့်ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသော စစ်ဖက်ဆိုင်ရာကျင့်ဝတ် စည်းကမ်းများ (Code of Conduct) ညွှန်ကြားချက်များကို လေးစား လိုက်နာရန်၊ ကာကွယ် ရေးဝန်ကြီးဌာနက ထူထောင်လျက်ရှိသော အမိန့်ပေး ကွပ်ကဲမှုစနစ် (Chain of Command) အောက်တွင် ပူးပေါင်းပါဝင်ဆောင်ရွက်ရန်၊ ဒေသတွင်း ကာကွယ်ရေးတပ်ဖွဲ့များအကြား ပေါင်းစပ်ညှိုနှိုင်းဆောင်ရွက်ရန် တို့ကို လိုက်နာဆောင်ရွက်ရမည်ဟု ဆိုသည်။

ထို့ပြင် ပြည်သူ့အကျိုးစီးပွားနှင့် အသက်လုံခြုံမှုကို ထိပါးစေမည့် စစ်ရေးလူပ်ရှားမူများကို ရှောင်ကြဉ်ရန်၊ ကာကွယ်ရန်ပုံငွေအလို့ငှာ ဆပ်ကြေးကောက်ခြင်း၊ ခြိမ်းခြောက်ငွေတောင်းခံများကို လုံးဝမပြုလုပ်ရန်၊ သယံဇာတထုတ်ယူသုံးစွဲခြင်း၊ သိမ်းဆည်းရမိသောသယံဇာတများအား စီမံခန့်ခွဲခြင်း အတွက် ကာကွယ်ရေးဝန်ကြီးဌာနမှ တဆင့် သက်ဆိုင်ရာဝန်ကြီးဌာန၏ ခွင့်ပြုချက် ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆောင်ရွက်ရန် တို့ကိုလည်း ဖော်ပြထားသည်။

ဒေသဆိုင်ရာ ကာကွယ်ရေးတပ်ဖွဲ့များ၊ မြေပြင် ပျောက်ကြားအင်အားစုများသည် တစ်ဖွဲ့ချင်းဖြစ်စေ ၊ ချိတ်ဆက်စုစည်းထားသော အစုအဖွဲ့များအလိုက်ဖြစ်စေ ကာကွယ်ရေး ဝန်ကြီးဌာနသို့ စာရင်းမှတ်တမ်း ပေးသွင်း ထားရှိကြရန်၊ ကာကွယ်ရေးဝန်ကြီးဌာန၏ ချိတ်ဆက် စုစည်းကွပ်ကဲမှုအောက်တွင် မရှိသေးသော အခြားအဖွဲ့များနှင့် မဟာမိတ်ပြုလုပ်လိုပါက ဝန်ကြီးဌာနသို့ တင်ပြ ၍ ခွင့်ပြုချက် ရယူရန်၊ ကွပ်ကဲမှုအဆင့်ဆင့် ၏အမိန့်နှင့်ညွှန်ကြားချက်များကို တိကျစွာလိုက်နာ ဆောင်ရွက်ရန် စသည့် အချက်များ ပါရှိသည်။

ထို့ပြင် ကာကွယ်ရေးဝန်ကြီးဌာနနှင့် ပြည်သူ့ကာကွယ် ရေးတပ်မတော်၏ အမှတ်တံဆိပ်များ ကို ခွင့်ပြုချက်မရှိဘဲ သုံးစွဲခြင်း မပြုရန်၊ ဆိုရှယ်မီဒီယာစာမျက်နှာများတွင် အကြမ်းဖက်မှုနှင့် လူမှုပဋိပက္ခကို ဦးတည် စေသော ဖေါ်ပြမှုများ ၊ အသုံးအနှုန်းများကို ရှောင်ရှားရန်နှင့် လျှိုဝှက်အပ်သော စစ်ဆင်ရေး အစီအစဉ်များ ၊ လှုပ်ရှားမှုများ ၊ သတင်းအချက်အလက်များကို ဖေါ်ပြခြင်းမပြုရန် အချက်များလည်း လမ်းညွှန်ချက်၌ ဖော်ပြထားသည်။

ပြည်သူ့တော်လှန်ရေးအင်အားစုများသည် အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေး ဝန်ကြီးဌာန ထံမှ အထောက်အပံ့တောင်းခံရယူခွင့် ရရှိစေမည်ဖြစ်ပြီး၊ ဝန်ကြီးဌာနတွင် ရှိသော ရန်ပုံငွေအရင်းအမြစ်နှင့် စစ်ဆင်ရေးလိုအပ်ချက်များအပေါ်မူတည်၍ လုပ်ထုံး လုပ်နည်းနှင့် အညီ ထောက်ပံ့ဆောင်ရွက်သွားမည်ဟု အသိပေးထားသည်။

ဆက်စပ်သတင်းများ

သတင်း

နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ထံ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC) သွားရောက်တွေ့ဆုံခဲ့မှုအပေါ် လှိုက်လှဲစွာကြိုဆိုကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG)က ဒီကနေ့ ဩဂုတ် ၄ရက်မှာ ထုတ်ပြန်ပါတယ်။

သတင်း

တော်လှန်ရေးအင်အားစုများရဲ့ဘုံနိုင်ငံရေးသဘောတူညီချက် (ပထမမူကြမ်း)ကို သဘောတူအတည်ပြုကြောင်း သဘောတူညီချက်မှာ ပါဝင်တဲ့ တော်လှန်ရေးအဖွဲ့အစည်းတွေက ဒီကနေ့ ဇူလိုင် ၃၀ရက်မှာ အသိပေးထုတ်ပြန်ပါတယ်။

ဆောင်းပါး

ပြည်နယ်/ယူနစ် အားကောင်းရေးမှ ပြည်ထောင်စု အားကောင်းရေး (Bottom-Up Federalism) အခြေခံမူဖြင့် ပြည်နယ်/ယူနစ် ဥပဒေအစီအမံများ စစ်ကိုင်း၊ မကွေး၊ မန္တလေးနှင့် ရန်ကုန်ဒေသတို့တွင် ၂၀၂၅ ခုနှစ် နှစ်လယ်ပိုင်းမှစ၍ အသီးသီးပေါ်ပေါက်လာကြသည်။

သတင်း

အာရက္ခပြည်မှာ ကြုံတွေ့နေရတဲ့ ရေဘေးဖြစ်စဉ်အတွင်း ရေဘေးသင့်ပြည်သူများ ရဲ့ အရေးပေါ်လိုအပ်ချက်များကို ကူညီဖြေရှင်းပေးနိုင်ဖို့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG) က အာရက္ခပြည်သူ့ တော်လှန်ရေးအစိုးရဖြစ်တဲ့ ရက္ခိုင့်အမျိုးသားအဖွဲ့ချုပ် (ULA/AA)ကို တရုတ်ယွမ်ငွေ ၁၅၀,၀၀၀ (တစ်သိန်းငါးသောင်း) ကနဦးအဖြစ် ကူညီပံ့ပိုးခဲ့တယ်လို့ NUGက သတင်းထုတ်ပြန်ပါတယ်။