Connect with us

Hi, what are you looking for?

သတင်း

ပြည်သူများကပ်ဘေးကြုံနေချိန် စစ်ကောင်စီက နောင်ချိုမြို့နယ်ကို ဒရုန်းဖြင့် ထပ်မံဗုံးကြဲ

မြန်မာနိုင်ငံတွင် ပြည်သူလူထုများ ကပ်ဘေးအန္တရာယ်ကြုံနေရချိန် စစ်ကောင်စီတပ်မှ နောင်ချိုကို ဒရုန်းဖြင့် လာရောက်ဗုံးကြဲတိုက်ခိုက် ခဲ့ကြောင်း တအာင်းတပ်မတော် (TNLA)က ယနေ့(မတ်လ၃၁ရက်) ထုတ်ပြန်သည်။

နောင်ချိုမြို့နယ် ကျောက်ကြမ်းရွာကို ဗုံးကြဲတိုက်ခိုက်အပြီး တွေ့ရစဉ်။ ဓာတ်ပုံ - TNLA

မတ်-၃၁၊၂၀၂၅။ ဟန်နွေ/People’s Spring

မြန်မာနိုင်ငံတွင် ပြည်သူလူထုများ ကပ်ဘေးအန္တရာယ်ကြုံနေရချိန် စစ်ကောင်စီတပ်မှ နောင်ချိုကို ဒရုန်းဖြင့် လာရောက်ဗုံးကြဲတိုက်ခိုက် ခဲ့ကြောင်း တအာင်းတပ်မတော် (TNLA)က ယနေ့(မတ်လ၃၁ရက်) ထုတ်ပြန်သည်။

မတ်လ ၂၈ရက် ငလျင်လှုပ်ခတ်ချိန်တွင် နောင်ချိုမြို့နယ် နောင်လင်ကျေးရွာကို စစ်ကောင်စီက ပေါင် ၂၅၀ ဗုံး နှစ်လုံးအသုံးပြုလေကြောင်း တိုက်ခိုက်ခဲ့ပြီး ယနေ့(မတ်လ ၃၁ရက်)နံနက်တွင် စစ်ကောင်စီတပ်မှ (၁၂၀)မမ ဗုံးသီးသယ်ဆောင် လာသည့်ဒရုန်းဖြင့် နောင်ချိုမြို့နယ် ကျောက်ကြမ်းရွာကို ဗုံးကြဲတိုက်ခိုက်လာခြင်းဖြစ်သည်ဟု အသိပေးသည်။

နောင်လင်ကျေးရွာ လေကြောင်းတိုက်ခိုက်မှုတွင် ဒေသခံ နေအိမ် ၃လုံး၊ စာသင်ကျောင်း ၂ကျောင်း ထိခိုက်ပျက်စီးခဲ့ပြီး ယနေ့ ဒရုန်း တိုက်ခိုက်မှုတွင်လည်း ထိမှန်ပျက်စီးမှုရှိဟု ဖော်ပြသည်။

Public Service Announcement

Public Service Announcement

မတ်လ ၂၆ရက်လည်း နောင်ချိုမြိုနယ်၊ အုမ္မခါးကျေးရွာ၊ သုံးဆယ်ကျေးရွာနှင့် ရွှေညောင်ပင် ကျေးရွာတွင် စစ်ကောင်စီတပ်မှ လေကြောင်းတိုက်ခိုက်ခဲ့၍ ဒေသခံ ၄ဦး သေဆုံးကာ ၄ဦး ဒဏ်ရာရခဲ့ကြောင်း ထုတ်ပြန်သည်။

ယင်းတိုက်ခိုက်မှုတွင် နေအိမ်ပျက်စီးမှုများလည်းရှိခဲ့သည်ဟု ဆိုသည်။

စစ်ကောင်စီတပ်သည် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ အရပ်သားများအား ရည်ရွယ်ရှိရှိ ဦးတည်ဗုံးကြဲတိုက်ခိုက်နေရာ ပြည်သူများအနေဖြင့် စစ်ကောင်စီ၏ ဗုံးကြဲတိုက်ခိုက်မှုများ ရှောင်ရှားနိုင်ရန် စစ်ရေးသတိအမြဲရှိရန်လိုအပ်ကြောင်းနှင့် လေကြောင်းရန်ကာကွယ်ရေးဆိုင်ရာနည်းလမ်းများ လိုက်နာဆောင်ရွက်ရန် လိုအပ်ကြောင်း TNLAက ထပ်မံသတိပေးသည်။

စစ်ကောင်စီသည် ကချင်လွတ်လပ်ရေးတပ်မတော်(KIA)နှင့် တိုက်ပွဲဖြစ်နေသည့် ကချင်ပြည်နယ် ဗန်းမော်မြို့ကိုလည်း မတ်လ ၂၉ရက်နှင့် ၃၀ရက်နေ့များတွင် လေကြောင်း တိုက်ခိုက်ခဲ့ဟု KIAက အသိပေးထားသည်။

စစ်ကောင်စီအနေဖြင့် ငလျင်ဘေးကြုံနေရချိန် လေကြောင်း တိုက်ခိုက်မှုများ ကျူးလွန်နေသည့်အပေါ် ဝမ်းနည်းရကြောင်းလည်း ကရင်အမျိုးသားအစည်းအရုံး(KNU)က ထုတ်ပြန်ထားသည်။

စစ်ကောင်စီ ခေါင်းဆောင်အနေဖြင့် ငြိမ်းချမ်းရေး၊ နိုင်ငံရေးဆွေးနွေးရေးတို့ကို ဟန်ပြပြောဆိုနေသကဲ့သို့ တဖက်တွင်လည်း အရပ်သား ပြည်သူ ရှိရာနေရာများကို ပစ်မှတ်ထားသည့် လေကြောင်း တိုက်ခိုက်မှုများကို ဆက်တိုက်ပြုလုပ်လျက်ရှိသည်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ဂျပန်နိုင်ငံ အနောက်တောင်ပိုင်းမှာ ဇူလိုင် ၂၈ ရက်နေ့က လှုပ်ခတ်ခဲ့တဲ့ မဂ္ဂနီကျု ၇.၁ အဆင့် ငလျင်ကြီးကြောင့် သေဆုံးသူဟာ နှစ်ဒါဇင် နီးပါးထိ များပြားလာခဲ့ပါတယ်။

သတင်း

မန္တလေးမြို့၊ ပုသိမ်ကြီးမြို့အနီးကို ဗဟိုပြုပြီး ၄.၆ အဆင့်ရှိ အင်အား အတော်အသင့်ရှိတဲ့ မြေငလျင်တစ်ခု လှုပ်ခတ်သွားကြောင်း အမျိုးသားညီညွတ်ရေးအစိုးရရဲ့ လူမှုရေးရာ၊ အလုပ်သမားနှင့် လူသားချင်းစာနာထောက်ထားရေးဝန်ကြီးဌာန(MoSLHA)က သတင်းထုတ်ပြန်ပါတယ်။

နိုင်ငံတကာ

ဂျပန် နိုင်ငံမှာ လှုပ်ခတ်ခဲ့တဲ့ ပြင်းထန်တဲ့ ငလျင်ကြီးကြောင်း သေဆုံးသူ အရေအတွက်ဟာ ၁၃ ဦးထိ မြင့်တက်လာကြောင်း သိရပါတယ်။

နိုင်ငံတကာ

ဂျပန်နိုင်ငံ အနောက်တောင်ပိုင်းမှာ မဂ္ဂနီကျု ၇.၁ အဆင့် ငလျင်ကြီးတစ်ခု လှုပ်ခတ်ခဲ့တဲ့နောက် ဆူနာမီ ရေလှိုင်းအန္တရာယ် သတိပေးချက်တွေ ထုတ်ပြန်ထားပါတယ်။