Connect with us

Hi, what are you looking for?

News

ကျောက်ပန်း​တောင်းမြို့နယ်တွင် စစ်​ကောင်စီခန့် ​ကျေးရွာအုပ်ချုပ်​ရေးမှူး ဓါးထိုးခံရ

​ကျောက်ပန်း​တောင်းမြို့နယ် ပန်းကြိုင်ရွာတွင် အာဏာသိမ်း စစ်​ကောင်စီခန့် ​ကျေးရွာအုပ်ချုပ်​ရေးမှူး ကို လူတစ်စုက အိမ်သို့လာ၍ ဓါးနှင့်ထိုးသတ်ခဲ့​ကြောင်း ​ဒေသခံများက​ပြောသည်။

စုဘူးကိုခွဲ၍ ပိုက်ဆံယူသွားစဥ်

​မေလ ၁၈ ရက်ညက ဆိုင်ကယ်စီလူတစ်စုက စစ်​ကောင်စီခန့်ရွာသူကြီးအိမ် လာ၍ ဓါးနှင့်ထိုးခဲ့ခြင်းဖြစ်ပြီး ၊ဒဏ်ရာအပြင်းအထန်ရသဖြင့် မိတ္ထီလာစစ်​ဆေးရုံသို့ ပို့​ဆောင်ကုသ​နေ​ကာ ​မေ၁၉ ရက်တွငွ​သေဆုံးသွား​ကြောင်​ဒေသခံအချို့က​ပြောသည်။ 

ဖြစ်စဥ်မှာ ​မေ ၁၄ ရက်က စစ်​ကောင်စီခန့် အုပ်ချုပ်​ရေးမှူး ဒလန် က စစ်​ကောင်စီတပ်ဖွဲ့ဝင်များကို ရွာသို့ ​ခေါ်​ဆောင်လာပြီး တက်ကြွ​သောလူငယ်အချို့ကို ဖမ်းဆီးရန်ပြသခဲ့သည်။ စစ်​ကောင်စီဖမ်းဆီးလို​သောလူငယ်များမှာတိမ်း​ရှောင်သွား၍ မဖမ်းမိ​​သော်လည်း ရွာအတွင်း​သေနတ်ပစ်​​ဖောက်ပြီးခြိမ်း​ခြောက်ခဲ့သည် ။ ထို​နောက် ​မေ ၁၈ ရက်ညအ​ရောက်တွင် အမည်မသိ့လူတစ်စုက ဒလန်အိမွသို့ဆိုင်ကယ်စီးလာပြီး ဓါးဖြင့်လုပ်ကြံခဲ့ခြင်းဖြစ်​ကြောင်း​ဒေသခံများက​ပြောသည်။ 

စစ်​ကောင်စီ၏ ဒလန် ဓါးထိုးခံရပြီး​နောက် စစ်​ကောင်စီတပ်ဖွဲ့ဝင်များက ကား၅ စီးဖြင့်​ရောက်လာပြီး​သေနတ်ပစ်​ဖောက်ကာ ပစ္စည်းများလုယက်ပြီး​သောင်းကျန်း​နေ​ကြောင်း​ဒေသခံအချို့က​ပြောသည်။ စစ်​ကောင်စီတပ်ဖွဲ့ဝင်များက အိမ်များကို​မွှေ​နှောက်ရှာကာ တန်ဖိုးရှိပစ္စည်းအကုန်ယူ​နေ​ကြောင်း ​သေနတ်ဖြင့်ပစ်ခတ်​နေ၍ ​ဒေသခံများလည်း ရွာမှတိမ်း​ရှောင်​နေ​ကြောင်း သိ့ရသည်။ မီးဖို​ချောင်မှ ဆီပင်မချန် စစ်​ကောင်စီတပ်ဖွဲ့ဝင်များက အဓမ္မ လုယက်ယူ​ဆောင်သွား​ကြောင်းလည်း ​ဒေသခံအချို့က​ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီက နိုင်ငံခြားငွေသုံးစွဲမှုကို လျှော့ချရန်ဆိုတဲ့ အကြောင်းပြချက်နဲ့ အရည်အသွေးနှိမ့် စာအုန်းဆီခွဲတမ်းတွေကိုလျှော့ချပြီးနောက်ပိုင်း အခြေခံပြည်သူတွေအနေနဲ့ စျေးကွက်ထဲမှာ ဝယ်ယူရခက်ခဲလာတယ်လို့ စုံစမ်းသိရှိရပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ် ခေါင်းဆောင်တွေဟာ သူတို့ရဲ့ အကျိုးစီးပွားအတွက် အောက်ခြေစစ်သည်တွေရဲ့ အသက်တွေကို စတေးနေတာမို့ စစ်ကောင်စီတပ်သားတွေအနေနဲ့ မိမိတို့ရဲ့ မိသားစုဘ၀ အနာဂတ်အတွက် အလေးအနက်စဉ်းစားကြဖို့၊ တော်လှန်ရေးဘက် ပြည်သူ့ဘက် ကူးပေါင်းကြဖို့ ပြည်သူ့ပန်းတိုင်က တိုက်တွန်းပါတယ်။

သတင်း

ဒေါ်လာငွေစီးဆင်းမှုကို ထိန်းချုပ်ဖို့ အထည်ချုပ်လုပ်ငန်းတွေရဲ့ ကုန်ကြမ်းတင်သွင်းမှုအပေါ် စစ်ကောင်စီက ကန့်သတ်လိုက်တယ်လို့ သိရပါတယ်။

သတင်း

ရန်ကုန်မြို့စာသင်ကျောင်းတွေမှာ မိဘခေါ်လာမှ ကျောင်းအပ်လို့ရမယ့် စစ်ကောင်စီရဲ့ သတ်မှတ်ချက်ကြောင့် ကျောင်းနေအရွယ်ကလေးတွေအချို့ ကျောင်းအပ်ဖို့ အခက်အခဲဖြစ်နေတယ်လို့ ရန်ကုန်မြို့နေပြည်သူတွေက ပြောပါတယ်။