Connect with us

Hi, what are you looking for?

သတင်း

စစ်ကောင်စီရဲ့ ဝမ်းနည်းခြင်းအထိမ်းအမှတ် ဥဩဆွဲသံကြောင့် မန္တလေးမြို့ခံတွေ ထိတ်လန့်

ငလျင်ကြောင့် ထိခိုက်သေကြေ အသက်ဆုံးရှုံးရတဲ့ ပြည်သူတွေအတွက် ဝမ်းနည်းခြင်းအထိမ်းအမှတ်ဆိုပြီး စစ်ကောင်စီရဲ့ ညွှန်ကြားချက်နဲ့ ဒီနေ့ ဧပြီလ ၁ ရက်နေ့ မွန်းလွဲပိုင်း ၁ နာရီ ခန့်မှာ ဥဩဆွဲ တာကို မြို့ကြီးတွေ မှာပြုလုပ်ခဲ့တယ်လို့ မြို့ခံတွေဆီကသိရပါတယ်။

ဧပြီ -၁ ၊၂၀၂၅၊ရောင်နီ /People’s Spring

ငလျင်ကြောင့် ထိခိုက်သေကြေ အသက်ဆုံးရှုံးရတဲ့ ပြည်သူတွေအတွက် ဝမ်းနည်းခြင်းအထိမ်းအမှတ်ဆိုပြီး စစ်ကောင်စီရဲ့ ညွှန်ကြားချက်နဲ့ ဒီနေ့ ဧပြီလ ၁ ရက်နေ့ မွန်းလွဲပိုင်း ၁ နာရီ ခန့်မှာ ဥဩဆွဲ တာကို မြို့ကြီးတွေ မှာပြုလုပ်ခဲ့တယ်လို့ မြို့ခံတွေဆီကသိရပါတယ်။

ရန်ကုန် ၊မန္တလေး ၊ နေပြည်တော်မှာရှိတဲ့ မီးသတ်စခန်းတွေကနေ ဝမ်းနည်းခြင်းအထိမ်းအမှတ်အနေနဲ့ ဥဩဆွဲ ကြတာပါ။

ဒါပေမယ့် ဥဩဆွဲ သံကြောင့် ငလျင်ဘေးဆိုးကြီးကို ကြုံခဲ့ရတဲ့ မန္တလေးမြို့က မြို့ခံပြည်သူတွေ အထိတ်တလန့် ဖြစ်ခဲ့ရတယ်လို့ သိရပါတယ်။

Public Service Announcement

Public Service Announcement

https://www.facebook.com/LuduNwayOo/videos/1332550131386464

” ဘာမှ ကြိုမကြေညာဘဲ ရုတ်တရက်ကြီး ဥဩဆွဲသံကြီးကြားရတာ ဘာထပ်ဖြစ်တာလဲဆိုပြီး အကုန်လန့်ဖြန့်ကြတာ” လို့ မန္တလေးမြို့ခံ အမျိုးသမီးတစ်ဦး က ပြောပါတယ်။

စစ်အာဏာသိမ်းမှုကြောင့် အကျပ်အတည်းတွေကို ရင်ဆိုင်ကြုံတွေ့နေရတဲ့မြန်မာပြည်သူတွေဟာ နှစ်ပေါင်းတစ်ရာအတွင်း အဆိုးရွားဆုံးငလျင်ဘေးကြီးကို ထပ်မံ ရင်ဆိုင်ခဲ့ရတာပါ။

ငလျင်ကြောင့် အာဏာသိမ်းစစ်ကောင်စီရုံးစိုက်ရာနေပြည်တော်အပါအဝင် မန္တလေး ၊ စစ်ကိုင်း ၊ပဲခူး နဲ့ ရှမ်းပြည်နယ်က ဒေသတွေမှာ အများပြည်သူ ထိခိုက်သေဆုံးမှုတွေ ၊အဆောက်အဦးပျက်စီးမှုတွေဖြစ်ပွားခဲ့တာပါ။

ငလျင်ဗဟိုချက်အနီးမှာရှိတဲ့ စစ်ကိုင်း နဲ့မန္တလေးမြို့တွေမှာ မြို့လုံးကျွတ်နီးပါး ပျက်စီးသွားပေမယ့် ကူညီကယ်ဆယ်ရေးကို စစ်ကောင်စီက လုပ်ကိုင်နိုင်စွမ်းမရှိဘူးလို့ မြို့ခံတွေက ပြောပါတယ်။

မန္တလေးမှာဆိုရင် ငလျင်လှုပ်ပြီး ငါးရက်ကြာတဲ့အထိ လူနေရပ်ကွက်တွေထဲက အပျက်အစီးတွေကြား ပိတ်မိသူတွေကို ရှာဖွေကယ်ထုတ်တာကို ရပ်ကွက်နေပြည်သူတွေက ကိုယ်ထူကိုယ်ထလုပ်ကိုင်နေရပါတယ်။

ဒါအပြင် စစ်ရုံးချုပ်အခြေစိုက်ရာ နေပြည်တော်မှာတောင် အာဏာသိမ်း စစ်ကောင်စီက လုံလောက်တဲ့ ကူညီကယ်ဆယ်မှု မလုပ်ဆောင်နိုင်ဘူး လို့ မြို့ခံပြည်သူအချို့ ဆီ စုံစမ်းမေးမြန်းမှုအရသိရပါတယ်။

ငလျင်ဘေးကယ်ဆယ်ရေးမှာ လည်း စစ်ကောင်စီတပ်ဖွဲ့ဝင်တွေအင်အားအများအပြားနဲ့ ပါဝင်ပြီး ရှာဖွေကယ်ဆယ်ရေးလုပ်ဆောင်တာမတွေ့ရဘူးလို့ မန္တလေး နဲ့ စစ်ကိုင်းမြို့ခံတွေက အသိပေးပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မန္ဆလေးမြို့မှာ အာဏာသိမ်းစစ်တပ်ရဲ့ ဝါဒဖြန့်ဇာတ်မင်းသား အောင်ဇမ္ဗူရဲ့ ဖျော်ဖြေပွဲကို ၃ ရက်ကြိုတင်ကာ ညအိပ်စောင့်ပြီး လက်မှတ်လာတန်းကြတဲ့ ပရိသတ်တွေ မိုးမိပြီး ဒုက္ခရောက်ခဲ့ကြပါတယ်။

သတင်း

မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်မှာ ကွမ်းယာရောင်းနေတဲ့ စစ်ရှောင်သားအဖ ၂ဦး ဓားထိုးခံရပြီး ဖခင်ဖြစ်သူသေဆုံးတဲ့ဖြစ်စဥ်တစ်ခု ဇူလိုင်၂၉ရက်က ဖြစ်ပွားခဲပါတယ်။

သတင်း

မန္တလေးမြို့၊ ပုသိမ်ကြီးမြို့အနီးကို ဗဟိုပြုပြီး ၄.၆ အဆင့်ရှိ အင်အား အတော်အသင့်ရှိတဲ့ မြေငလျင်တစ်ခု လှုပ်ခတ်သွားကြောင်း အမျိုးသားညီညွတ်ရေးအစိုးရရဲ့ လူမှုရေးရာ၊ အလုပ်သမားနှင့် လူသားချင်းစာနာထောက်ထားရေးဝန်ကြီးဌာန(MoSLHA)က သတင်းထုတ်ပြန်ပါတယ်။

သတင်း

မန္တလေးမြို့မှာ ထောင်ကျခံပြီးသား တပ်ပြေးတစ်ဦးကို စသ်ကောင်စီလက်အောက်ခံ ရာအိမ်မှူးက ဖမ်းဆီးပြီး စစ်မှုထမ်းထဲ ပြန်ထည့်လိုက်ကြောင်း Voice Of Mandalay အဖွဲ့ရဲ့ တာဝန်ရှိသူက ပြောပါတယ်။