Connect with us

Hi, what are you looking for?

သတင်း

မင်းအောင်လှိုင်နဲ့တွေ့ဆုံခဲ့မှုကြောင့် ဝေဖန်ပြစ်တင်ခံရတဲ့ ဘူတန်ဝန်ကြီးချုပ်

ဘူတန်ဝန်ကြီးချုပ် Tshering Tobgay ဟာ အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်နဲ့ တွေ့ဆုံမှုကို သူ့ရဲ့လူမှုကွန်ရက်မှာ ဖော်ပြခဲ့ရာ ဝေဖန်ပြစ်တင်မှုတွေနဲ့ တွေ့ကြုံခဲ့ရပြီး အဲဒီဖော်ပြမှု(post)ကို ပြန်လည်ဖယ်ရှားသွားပါတယ်။

■ တင်ထား​သော​ဖေစ်ဘွခ်ပို့စ်ကို ပြန်လည်ဖယ်ရှားခဲ့ရ

ဧပြီ ၅၊ ၂၀၂၅။ People’s Spring

ဘူတန်ဝန်ကြီးချုပ် Tshering Tobgay ဟာ အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်နဲ့ တွေ့ဆုံမှုကို သူ့ရဲ့လူမှုကွန်ရက်မှာ ဖော်ပြခဲ့ရာ ဝေဖန်ပြစ်တင်မှုတွေနဲ့ တွေ့ကြုံခဲ့ရပြီး အဲဒီဖော်ပြမှု(post)ကို ပြန်လည်ဖယ်ရှားသွားပါတယ်။

ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ ဘင်းစတက်(BIMSTEC)ထိပ်သီးညီလာခံတက်ရောက်ရင်း အာဏာသိမ်းစစ်ခေါင်းဆောင်နဲ့တွေ့ဆုံခဲ့တဲ့ ဘူတန်ဝန်ကြီးချုပ်ဟာ သူ့ရဲ့ဖေ့စ်ဘုတ်စာမျက်နှာမှာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့တွေ့ဆုံခဲ့မှုအပေါ် ဝမ်းမြောက်မိကြောင်း ဧပြီ ၄ ရက်မှာဖော်ပြခဲ့ပါတယ်။ အဲဒီဖော်ပြမှုကို မြန်မာပြည်သူများက တညီတညွတ် တည်း ပြစ်တင်ရှုတ်ချခဲ့ပြီး စစ်ခေါင်းဆောင်ဟာ မြန်မာပြည်သူတွေရဲ့ ခေါင်းဆောင်မဟုတ်ဘဲ ‘ရာဇဝတ်သား’၊‘လူသတ်ကောင်’ ဖြစ်ကြောင်း ၊ “ရှက်စရာ​ကောင်း​ကြောင်း” ဘူတန်ဝန်ကြီးချုပ်ရဲ့ ဖော်ပြမှုအောက်မှာ မှတ်ချက်​ပေါင်း​ထောင်ချီ​ရေးသားတုန့်ပြန်ခဲ့ကြပါတယ်။

Public Service Announcement

Public Service Announcement

အဲဒီနောက်မှာတော့ ဘူတန်ဝန်ကြီးချုပ်က စစ်ခေါင်းဆောင်မင်းအောင်လှိုင်နဲ့ အတူယှဥ်တွဲရိုက်ထားတဲ့ ဓာတ်ပုံနဲ့ ဖော်ပြမှုကို သူ့ရဲ့ဖေ့စ်ဘုတ်စာမျက်နှာကနေ ပြန်လည် ဖြုတ်ချဖယ်ရှားသွားခဲ့ပါတယ်။

မြန်မာနိုင်ငံရဲ့ အိမ်နီးချင်း အင်အားကြီးနိုင်ငံ အိန္ဒိယဝန်ကြီးချုပ် နာရန်ဒရာမိုဒီက မနေ့က စစ်ခေါင်းဆောင်မင်းအောင်လှိုင်နဲ့တွေ့ဆုံမှုမှာ ဗိုလ်ချုပ်မှူးကြီး(Senior General)ရာထူးကိုသာ သုံးနှုန်းဖော်ပြခဲ့ပါတယ်။ မင်းအောင်လှိုင်က သူ့ကိုယ်သူ ပေးအပ်ထားတဲ့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ ဝန်ကြီးချုပ်၊ ယာယီသမ္မတ စတဲ့ ရာထူးတွေကို အသိအမှတ်ပြု ထည့်သွင်းသုံးနှုန်းခြင်း မရှိခဲ့ပါဘူး။

ဆက်စပ်သတင်းများ

သတင်း

မလေးရှားနိုင်ငံရောက် မြန်မာတိုင်းရင်းသားညွန့်ပေါင်းအဖွဲ့ COBEM နဲ့ NGO အဖွဲ့တွေ၊ လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူတွေ ပူးပေါင်းပြီး မြန်မာဒုက္ခသည်တွေကို နေရပ်ပြန်ပို့မယ့်အစီအစဉ်နဲ့ မလေးရှားဝန်ကြီးချုပ်က အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို ဖိတ်ခေါ်တွေ့ဆုံမယ့် အစီအစဉ်တွေကို ဒီကနေ့ (စက်တင်ဘာ ၂၄) ကန့်ကွက်ဆန္ဒပြခဲ့ကြပါတယ်။

သတင်း

စက်တင်ဘာ-၂၄၊၂၀၂၆။People’s Spring တိုင်းမ်(Time )မဂ္ဂဇင်းနဲ့ အင်တာဗျူးအတွက် မြန်မာ စစ်အာဏာရှင်မင်းအောင်လှိုင်ရဲ့ဓာတ်ပုံကို နေပြည်တော်မှာကျွန်တော်သွားရိုက်ပေးခဲ့ပါတယ်။ အနောက်နိုင်ငံ အခြေစိုက် မီဒီယာ တစ်ခုအတွက် သူ့ကို အခုလို ဓာတ်ပုံရိုက်ခွင့်ရတာ ပထမဆုံး(စစ်တပ်အာဏာသိမ်းပြီး​နောက်ပိုင်း ​နေပြည်​တော်ကိုသွားပြီးမင်း​အောင်လှိုင်ကိုဓါတ်ပုံရိုက်တာ)လည်း ဖြစ်နိုင်ပါတယ်။ သူ့လက်ထောက် တစ်ယောက်က ‘သမ္မတကို ဘယ်လိုပုံစံမျိုးနဲ့ ရှိစေချင်သလဲ’ဆိုပြီးကျွန်တော့်ကို လာမေးပါတယ်။...

သတင်း

အမေရိကန်နဲ့ဆက်ဆံရေးပြန်လည်တည်ဆောက်ချင်တယ်လို့ အာဏာ သိမ်းစစ်ခေါင်းဆောင်မင်းအောင်လှိုင်ကပြောကြားခဲ့ပါတယ်။

သတင်း

မိခင်ဒေါ်အောင်ဆန်းစုကြည် နဲ့ တွေ့ခွင့်​ပေးဖို့ ၊လွှတ်​ပေးဖို့ လန်ဒန်မြို့ မြန်မာသံရုံးက တစ်ဆင့် အာဏာသိမ်းခေါင်းဆောင် မင်းအောင်လှိုင်ဆီကိုစာရေးသားပေးပို့ခဲ့တယ်လို့ ကင်မ်အဲရစ်(ခ)ကိုထိန်လင်းက အသိပေးထားပါတယ်။

Facebook