Connect with us

Hi, what are you looking for?

သတင်း

ငလျင်ဒဏ်ကြောင့် မန္တလေးအိုးဘိုထောင် အဆောင်တွေ ပြိုကျလုနီးပါးဖြစ်နေ

အင်အားပြင်းငလျင်ဒဏ်ကြောင့် မန္တလေးအိုးဘိုအကျဉ်းထောင်မှာ အဆောင်တွေ ပြိုကျလုနီးပါးတွေဖြစ်နေပြီး အင်ဂျင်နီယာတွေစစ်ဆေးတာမှာ နေထိုင်ရန်မသင့်ကြောင်းမှတ်ချက်ပေးသွားတဲ့ အဆောင်တွေမှာ အကျဉ်းသားတွေကို ဆက်လက်ထားရှိတယ်လို့ နိုင်ငံရေးအကျဉ်းသားမိသားစုဝင်တွေက ပြောပါတယ်။

မန္တလေးအိုးဘိုအကျဉ်းထောင်အား တွေ့ရစဉ်။ ဓာတ်ပုံ - CJ

■အင်ဂျင်နီယာတွေက နေထိုင်ရန်မသင့်ကြောင်းမှတ်ချက်ပေးတဲ့ အဆောင်တွေမှာ အကျဉ်းသားတွေကို ဆက်ထားတယ်လို့ဆို

ဧပြီ ၆၊၂၀၂၅။မေ/People’s Spring

အင်အားပြင်းငလျင်ဒဏ်ကြောင့် မန္တလေးအိုးဘိုအကျဉ်းထောင်မှာ အဆောင်တွေ ပြိုကျလုနီးပါးတွေဖြစ်နေပြီး အင်ဂျင်နီယာတွေစစ်ဆေးတာမှာ နေထိုင်ရန်မသင့်ကြောင်းမှတ်ချက်ပေးသွားတဲ့ အဆောင်တွေမှာ အကျဉ်းသားတွေကို ဆက်လက်ထားရှိတယ်လို့ နိုင်ငံရေးအကျဉ်းသားမိသားစုဝင်တွေက ပြောပါတယ်။

ယာယီအမျိုးသားအဆောင်၊အမျိုးသမီးအဆောင်(၁)နဲ့အဆောင်(၂)တို့ဟာ နံရံတွေ အက်ကွဲကြောင်းထကာ အုတ်‌တွေပြိုနေတာ၊ထုတ်တန်း‌တွေ ကွဲတာ၊ယိုက်တာတွေဖြစ်နေတယ်လို့ သိရပါတယ်။

Public Service Announcement

Public Service Announcement

“ယာယီအမျိုးသားအဆောင်က အဆိုးဆုံးပဲ။အဆောင်အပြင်ဘက်မှာ နေထိုင်ခွင့်တောင်းတော့ တောင်းဆိုရအောင် မင်းတို့ကပြည်သူတွေမဟုတ်ဘူးလို့ တာဝန်ရှိသူတွေကပြန် ပြောတယ်”လို့ နိုင်ငံရေးအကျဉ်းသားတစ်ဦးရဲ့ စကားကို မိသားစုဝင်ကပြန် ပြောပြပါတယ်။

ဒါ့အပြင် အဲဒီအဆောင်တွေမှာ လူဦး ရေ၁၂၀ဆန့်ပေမယ့် ၁၉၀အထိ နေခိုင်းထားတယ်လို့လည်း သိရပါတယ်။

အကျဉ်းထောင်ဝန်ထမ်းတွေကတော့ အချုပ်ဆောင်တွေအတွင်းမနေဘဲ အပြင်မှာပဲ နေထိုင်ကာ ရာဇဝတ်မှုနဲ့ ထောင်ကျနေသူတွေကို အကျဉ်းသားစီမံအုပ်ချုပ်ရေးအဖွဲ့ ဖွဲ့ကာ စောင့်ကြည့်ခိုင်းတယ်လို့သိရပါတယ်။

ဒါ့အပြင် စားကြွင်း၊စားကျန်နဲ့ အမှိုက်တွေ မပစ်ရတာမို့ ဝမ်းလျောရောဂါ တွေလည်းဖြစ် နေတယ်လို့ ဆိုပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေး အိုးဘိုထောင်မှာ စစ်တပ်နဲ့ ထောင်အာဏာပိုင်တွေ ပူးပေါင်းပြီး အကျဉ်းသားတွေကို စစ်မှုထမ်းဖို့ ဖိအားပေးတာ၊ သီးခြားခွဲထုတ်တာတွေ လုပ်ဆောင်နေကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က စက်တင်ဘာ ၂၇ ရက်မှာ ထုတ်ပြန်ပါတယ်။

ဆောင်းပါး

၂၀၂၅ မတ် ၂၈ စစ်ကိုင်းငလျင်ကြီးက​ပေးတဲ့ ငလျင်သင်ခန်းစာသစ်

သတင်း

နေပြည်တော်၊ဇမ္ဗူသီရိမြို့နယ်ကငလျင်ဘေးသင့်ပြည်သူတွေရဲ့ယာယီတည်းခိုရေးစခန်းမှာ တောကြီးမြွေဟောက်တွေ့တာကြောင့် သွားရောက်ဖမ်းဆီးပေးခဲ့ရတယ်လို့ မီးသတ်တပ်ဖွဲ့က ထုတ်ပြန်ပါတယ်။

သတင်း

ရန်ကုန်မြို့မှာ ဒီနေ့ ည ၁၁နာရီကျော်မှာငလျင်လှုပ်ခဲ့ပါတယ်။

Trending

Facebook