Connect with us

Hi, what are you looking for?

နိုင်ငံတကာ

သမ္မတသစ် တင်မြှောက်မယ့် ကြားဖြတ် ရွေးကောက်ပွဲရက်ကို တောင်ကိုရီးယား ကြေညာ

သမ္မတသစ် တစ်ဦးကို တင်မြှောက်ဖို့အတွက် ကြားဖြတ် ရွေးကောက်ပွဲကို ဇွန်လ ၃ ရက်နေ့မှာ ကျင်းပမယ်လို့ တောင်ကိုရီးယားက ကြေညာခဲ့ပါတယ်။

သမ္မတသစ် တစ်ဦးကို တင်မြှောက်ဖို့အတွက် ကြားဖြတ် ရွေးကောက်ပွဲကို ဇွန်လ ၃ ရက်နေ့မှာ ကျင်းပမယ်လို့ တောင်ကိုရီးယားက ကြေညာခဲ့ပါတယ်။

နိုင်ငံရေးအရ ရှုပ်ထွေးမှုတွေ ဂယက်ထသွားစေခဲ့တဲ့ စစ်အုပ်ချုပ်ရေး အမိန့်ကို ကြေညာခဲ့သူ သမ္မတ ယွန်ဆွတ်ခ်ယောကို ရာထူးကနေ ဖယ်ရှားတဲ့ အခြေခံဥပဒေ ခုံရုံး ဆုံးဖြတ်ချက် ထွက်ပေါ်အပြီး ရက်ပိုင်း အကြာမှာ ယာယီ သမ္မတ ဟန်ဒက်ခ်ဆူက ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပမယ့်နေ့ကို ထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။

တောင်ကိုရီးယားရဲ့ ဖွဲ့စည်းပုံ အခြေခံ ဥပဒေအရ သမ္မတနေရာ လစ်လပ်သွားရင် နှစ်လအတွင်း ရွေးကောက်ပွဲ ကျင်းပရမယ်လို့ ပြဋ္ဌာန်းထားပါတယ်။

လာမယ့် ရွေးကောက်ပွဲမှာလည်း တောင်ကိုရီးယားရဲ့ ဟဲဗီးဝိတ် နိုင်ငံရေး အင်အားစု နှစ်ခုဖြစ်ပြီး သမ္မတယွန် ကိုယ်စားပြုခဲ့တဲ့ ကွန်ဆာဗေးတစ် ပြည်သူ့စွမ်းအား ပါတီနဲ့ အတိုက်အခံ လစ်ဘရယ် ဒီမိုကရက်တစ် ပါတီတို့ပဲ အဓိက အားပြိုင်ရဖွယ် ရှိနေပါတယ်။

Public Service Announcement

Public Service Announcement

ဒါပေမဲ့ ပြည်သူ့စွမ်းအား ပါတီဟာ ယွန်ရဲ့ စစ်အုပ်ချုပ်ရေး ကြေညာအမိန့်ကို အကြောင်းပြုပြီး လူထုရဲ့ ယုံကြည်မှု ကျဆင်းတဲ့ အခြေအနေတွေ ကြုံနေရတာကြောင့် အာဏာရပါတီဆိုတဲ့ အခြေအနေကို ဆက်ထိန်းထားဖို့ အရမ်းခက်ခဲလာဖွယ် ရှိပါတယ်။ တစ်ဖက်မှာလည်း ပြည်သူ့စွမ်းအား ပါတီက သမ္မတရဲ့ စစ်အုပ်ချုပ်ရေး ကြေညာအမိန့်ဟာ ပါတီနဲ့ နှီးနှောဆက်နွှယ်မှု လုံးဝမရှိကြောင်း အစွမ်းကုန် ရှင်းလင်းထားပါတယ်။

လာမယ့် သီတင်းပတ်တွေအတွင်း ရွေးကောက်ပွဲဝင် ပါတီအသီးသီးဟာ အဆိုပြု သမ္မတလောင်း နာမည်တွေကိုလည်း ကြေညာကြဖွယ် ရှိနေပါတယ်။ ဒီမိုကရက်တစ် ပါတီကတော့ ပါတီထဲမှာ စိန်ခေါ်သူ မရှိသလောက် အားကောင်းနေတဲ့ ပါတီခေါင်းဆောင် လီဂျေမြောင်ကိုပဲ သမ္မတလောင်း နေရာအတွက် အဆိုပြုသွားမှာပါ။ လေ့လာသူတွေကတော့ လာမယ့် ရွေးကောက်ပွဲမှာ လီဟာ အပြတ်အသတ် ရေပန်းအစားဆုံး အနေအထားနဲ့ ဦးဆောင်လိမ့်မယ်လို့ ပြောပါတယ်။ သူဟာ ၂၀၂၂ ရွေးကောက်ပွဲမှာ ယွန်ကို မဲအရေအတွက် ကွာဟချက် အရမ်းကျဉ်းကျဉ်းမြောင်းမြောင်းနဲ့ အရေးနိမ့်ခဲ့သူပါ။

ပြည်သူ့စွမ်းအား ပါတီကတော့ သမ္မတလောင်းအဖြစ် ဘယ်သူ့ကို အဆိုပြုရမလဲ ဆိုတာကို မဆုံးဖြတ်ရသေးပါဘူး။ လောလောဆယ်တော့ အလုပ်သမားဝန်ကြီး ကင်မ်မွန်ဆူး၊ ဆိုးလ်မြို့တော်ဝန် အိုဆီဟွန်း၊ ဒေဂူ မြို့တော်ဝန် ဟွန်ဂျူပျို၊ ပါတီခေါင်းဆောင်ဟောင်း ဟန်ဒေါင်ဟွန်းနဲ့ လူသိများတဲ့ လွှတ်တော်အမတ် အန်ချိုဆူတို့ အပါအဝင် ၁၀ ဦးလောက်ဟာ ပါတီကိုယ်စားပြု သမ္မတလောင်း နေရာအတွက် ပါဝင်ယှဉ်ပြိုင်ဖို့ စိတ်ကူးထားကြကြောင်းလည်း သိရပါတယ်။

ကိုးကား: AP

ဆက်စပ်သတင်းများ

သတင်း

တောင်ကိုရီးယားနိုင်ငံ၊ ဆိုးလ်မြို့လယ်က ဘိုရှင်းဂတ်ပန်းခြံမှာ မြန်မာတွေစုပေါင်းပြီး ရှစ်လေးလုံးအရေးတော်ပုံ (၃၈) နှစ်မြောက်အဖြစ် ချီတက်ဆန္ဒပြပွဲကို ဒီကနေ့ (သြဂုတ် ၉) ပြုလုပ်ခဲ့ပါတယ်။

နိုင်ငံတကာ

ရေကြီးရာကနေ မြောက်ကိုရီးယားဖက်ကနေ မျောပါလာတယ်လို့ ယုံကြည်ရတဲ့ မြေမြှုပ်မိုင်းတွေကို တောင်ကိုရီးယားက လိုက်လံ သိမ်းဆည်း ဖယ်ရှားနေရပါတယ်။

သတင်း

တောင်ကိုရီးယားနိုင်ငံ၊ ဆိုးလ်မြို့မှာ ရှစ်လေးလုံးအရေးတော်ပုံ (၃၈) နှစ်မြောက် အထိမ်းအမှတ်အဖြစ် ဒီကနေ့(သြဂုတ် ၇)မှာ တောင်ကိုရီးယား-အာဆီယံစင်တာနဲ့ အာဆီယံသံရုံးအပါအဝင် နေရာ ၁၂ ခုမှာ လှုပ်ရှားမှုတွေ ပြုလုပ်ခဲ့ပါတယ်။

သတင်း

တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့မှာ ​ပြည်ပရောက်မြန်မာတွေ စုပေါင်းပြီး (၃၈)နှစ်မြောက် ရှစ်လေးလုံး အရေးတော်ပုံနေ့အကြို လှုပ်ရှားမှုတွေကို ဒီကနေ့ (သြဂုတ် ၆) ပြုလုပ်ခဲ့ပါတယ်။