Connect with us

Hi, what are you looking for?

သတင်း

ဝန်းသိုမြို့နယ်ကို စစ်ကောင်စီလေကြောင်းတိုက်ခိုက်၍ အရပ်သား ၃၀ကျော် သေဆုံး

စစ်ကိုင်းတိုင်း၊ ဝန်းသိုမြို့နယ်၊ နန်းခမ်းကျေးရွာကို စစ်ကောင်စီက ဂျက်ဖိုက်တာဖြင့် ဗုံးကြဲတိုက်ခိုက်ရာ ကလေးငယ်များ အပါအဝင် ၃၀ကျော် သေဆုံးကြောင်း အဆိုပါမြို့ခံတစ်ဦးက ပြောသည်။

ဧပြီ ၉၊ ၂၀၂၅။ဇော်ရမ်း/People’s Spring

စစ်ကိုင်းတိုင်း၊ ဝန်းသိုမြို့နယ်၊ နန်းခမ်းကျေးရွာကို စစ်ကောင်စီက ဂျက်ဖိုက်တာဖြင့် ဗုံးကြဲတိုက်ခိုက်ရာ ကလေးငယ်များ အပါအဝင် ၃၀ကျော် သေဆုံးကြောင်း အဆိုပါမြို့ခံတစ်ဦးက ပြောသည်။

စစ်ကောင်စီက ယနေ့ (ဧပြီလ ၉ရက်) ညနေ ၃နာရီခန့်တွင် လေကြောင်းတိုက်ခိုက်ခြင်းဟု သတင်းရရှိသည်။

” အင်းတော်မြို့သိမ်းခံရပြီးကတည်းက ပတ်ချာလည်ကို ရမ်းသမ်းပြီးပစ်နေတာ။ လေယာဉ်နဲ့လည်း ပစ်တယ်။ ကသာကနေ လက်နက်ကြီးတွေလည်း ပစ်နေတယ်။ ဝန်းသိုကိုကျတော့ ဘာမှမဆိုင်တဲ့နေရာကို ပစ်တာ”ဟု ဒေသခံတစ်ဦးက ပြောသည်။

Public Service Announcement

Public Service Announcement

သေဆုံးသူများတွင် ကလေးငယ်နှင့်အမျိုးသမီးများပါဝင်ပြီး ဒဏ်ရာရသူများလည်း ရှိနေသည်။

စစ်ကောင်စီက နန်းခမ်းကျေးရွာဆေးရုံရှေ့၊ကျောင်းဟောင်းပတ်ဝန်းကျင်ကို ပေါင် ၅၀၀ဗုံး ကြဲချခဲ့ခြင်းပြီး ဖုန်းလိုင်းဆက်သွယ်ရေးအခက်အခဲကြောင့် အသေးစိတ်မသိရှိရသေးကြောင်း မြို့ခံတစ်ဦးက ပြောသည်။

ဝန်းသိုမြို့နှင့် နယ်မြေဆက်စပ်မှုရှိသော အင်း တော်မြို့ကို တော်လှန်ရေးပူးပေါင်းတပ်များ ဧပြီ ၇ရက်ညတွင် တိုက်ခိုက်သိမ်းပိုက်ထားပြီး စစ်ကောင်စီက လေကြောင်းနှင့် လက်နက်ကြီးအသုံးပြု၍ ပစ်ခတ်မှုများပြုလုပ်နေသည်။

စစ်ကောင်စီသည် ယနေ့ ညနေပိုင်းတွင်လည်း စစ်ကိုင်းတိုင်းအတွင်း ကနီမြို့ကို စက်တပ် လေထီးဖြင့် ဗုံးကြဲ တိုက်ခိုက်ခဲ့သေးသည်။

စစ်ကိုင်းငလျင်ကြီးကြောင့် ပြည်သူများဘေးသင့်နေချိန် စစ်ကောင်စီက လေကြောင်းနှင့် လက်နက်ကြီးတိုက်ခိုက်မှုကြောင့် မတ်လ ၂၈ရက်မှ ဧပြီ ၈ ရက်အထိ ကလေးငယ်များအပါအဝင် ပြည်သူ ၇၂ဦး သေဆုံးခဲ့ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ယနေ့(ဧပြီ ၉ ရက်)တွင် ထုတ်ပြန်သည်။

အဆိုပါစာရင်းတွင် ဝန်းသိုမြို့လေကြောင်းတိုက်ခိုက်ခံရမှုကြောင့် သေဆုံးသူ၃၀ကျော် မပါသေးပေ။

ဆက်စပ်သတင်းများ

ဆောင်းပါး

PDF တွေရဲ့ဒရုန်း​လေတပ်ကိုထိုး​ဖောက်ဝင်​ရောက်တိုက်ခိုက်လာနိုင်တာကစစ်တပ်အတွက်အကြီးမားဆုံးစိန်​ခေါ်မှုဖြစ်လာမလား။

သတင်း

မကွေးတိုင်း၊ မင်းတုန်းမြို့နယ်မှာ အာဏာသိမ်းစစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှုကြောင့် ကလေးငယ်တွေအပါအ၀င် ‌‌ပြည်သူ ၆ဦးသေဆုံးပြီး ၅ဦး ဒဏ်ရာရရှိတယ်လို့ သရက်ခရိုင်အမှတ်(၄) တပ်ရင်း တာ၀န်ရှိသူက လူထုနွေဦးကို ပြောပါတယ်။

သတင်း

ရှမ်းပြည်နယ်မြောက်ပိုင်းမိုးမိတ်မြို့အနီးမှာ ဒီနေ့ တိုက်ပွဲဆက်ဖြစ်နေပြီး စစ်တပ်က လေကြောင်းကနေ ဗုံးကြဲပြီး လက်နက်ကြီးတွေ ပစ်ခတ်နေပါတယ်။

သတင်း

မန္တလေးတိုင်း၊တောင်သာမြို့နယ်က တိုက်နယ်ပကဖ တာဝန်ခံရဲ့ နာရေးကို စစ်တပ်က လေကြောင်းတိုက်ခိုက်ဖို့ကြိုးစားခဲ့ပြီး နေရာမှား ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ တော်လှန်ရေးတပ်တွေက ပြောပါတယ်။

Facebook