Connect with us

Hi, what are you looking for?

သတင်း

စစ်ကိုင်းငလျင်ကြီးက ထိုင်းရဲ့ ငလျင်ကြောတွေကိုပါ ရှုပ်ထွေးတဲ့ သက်ရောက်မှုတွေ ဖြစ်ပေါ်စေခဲ့ဖွယ်ရှိ

အိမ်နီးချင်း မြန်မာနိုင်ငံမှာ လှုပ်ခတ်သွားခဲ့တဲ့ အင်အားပြင်း ငလျင်ကြီးရဲ့ နောက်ဆက်တွဲ သက်ရောက်မှုတွေဟာ ထိုင်းနိုင်ငံနဲ့ သက်ဆိုင်တဲ့ ငလျင် ပြတ်ရွေ့ကြောတွေ လှုပ်ရှားမှုကိုပါ မြင့်တက်စေခဲ့ကြောင်း ပညာရှင်တွေက သတိပေးခဲ့ပါတယ်။

အိမ်နီးချင်း မြန်မာနိုင်ငံမှာ လှုပ်ခတ်သွားခဲ့တဲ့ အင်အားပြင်း ငလျင်ကြီးရဲ့ နောက်ဆက်တွဲ သက်ရောက်မှုတွေဟာ ထိုင်းနိုင်ငံနဲ့ သက်ဆိုင်တဲ့ ငလျင် ပြတ်ရွေ့ကြောတွေ လှုပ်ရှားမှုကိုပါ မြင့်တက်စေခဲ့ကြောင်း ပညာရှင်တွေက သတိပေးခဲ့ပါတယ်။

မတ်လ ၂၈ ရက်နေ့က စစ်ကိုင်းတိုင်းကို ဗဟိုပြုခဲ့ပြီး မြန်မာနိုင်ငံ အလယ်ပိုင်းနဲ့ ရှမ်းပြည်နယ် တောင်ပိုင်းတွေမှာ သေကြေပျက်စီးမှု အများအပြား ဖြစ်စေခဲ့တဲ့ မဂ္ဂနီကျု ၇.၇ ငလျင်ကြီးဟာ ထိုင်းဖက်က မြေအောက် ပြတ်ရွေ့ကြောင်းတွေကိုပါ ရှုပ်ထွေးတဲ့ သက်ရောက်မှုတွေ ဖြစ်ပေါ်စေတယ်လို့ အာရှ နည်းပညာ အင်စတီကျုရဲ့ ဆောက်လုပ်ရေး အင်ဂျင်နီယာနည်းပညာ ကျွမ်းကျင်သူ တစ်ဦးဖြစ်တဲ့ ပန်နွန် ဝါနစ်ချိုင်က ပြောကြားခဲ့ပါတယ်။ စစ်ကိုင်း ငလျင်ကြီးရဲ့ ပြင်းအားကို ထိုင်းငလျင်တိုင်းတာရေး ဌာနကတော့ မဂ္ဂနီကျု ၈.၂ လို့ သတ်မှတ်ပါတယ်။

အင်မတန် အင်အားပြင်းထန်တဲ့ အဲဒီလို ငလျင်ကြီးဟာ ထိုင်းအပါအဝင် အနီးတဝိုက် ဒေသတွင်း နိုင်ငံတွေထဲမှာ ကိန်းအောင်း တည်ရှိတဲ့ ငလျင်ကြော ပြတ်ရွေ့တွေထဲမှာပါ ဖိအားသိုလှောင်မှုတွေကို တိုးသွားစေတယ်လို့ သူက ပြောပါတယ်။ ဒေသတွင်းမှာ ဒီငလျင်ဟာ နောက်ဆုံး မဖြစ်နိုင်ဘူးလို့ သူက သတိပေးခဲ့ပါတယ်။

စစ်ကိုင်းငလျင်ကြီး လှုပ်ခတ်မှုကနေ ထုတ်လွှတ်လိုက်တဲ့ စွမ်းအင် သက်ရောက်မှုဟာ ထိုင်းရဲ့ တက်ခ်၊ မယ်ဟောင်ဆွန်နဲ့ ကန်ချနာဘူရီတို့မှာရှိတဲ့ ငလျင်ကြောတွေကိုပါ ရိုက်ခတ်စေခဲ့တယ်လို့ ယုံကြည်ရကြောင်း သူက ပြောပါတယ်။ အထူးသဖြင့် နိုင်ငံ မြောက်ပိုင်းနဲ့ အနောက်ပိုင်းမှာရှိတဲ့ ငလျင်ကြောတွေကို ပိုပြီး နိုးကြားစေတဲ့ လှုံ့ဆော်မှုမျိုး ဖြစ်ပေါ်စေခဲ့ဟန် ရှိတယ်လို့ ပန်နွန်က ပြောပါတယ်။

Public Service Announcement

Public Service Announcement

ထိုင်းမှာ သိပ္ပံနည်းကျ တိုင်းတာ အတည်ပြုထားတဲ့ ပြတ်ရွေ့ ငလျင်ကြော ၁၆ ခုရှိပြီး အများစုက နိုင်ငံ မြောက်ပိုင်းမှာပါ။ ထိုင်းမှာ ဖျက်အားပြင်း ဧရာမ ငလျင်ကြီးတွေ လှုပ်ခတ်တာမျိုးက ရှားပါးပေမယ့် ပြီးခဲ့တဲ့ ဆယ်စုနှစ်အတွင်း အင်အား အတန်အသင့်ရှိတဲ့ ငလျင်ငယ်တွေ လှုပ်ရှားမှု တိုးလာတာကို သတိထားသင့်ကြောင်း ပန်နွန်က ထောက်ပြခဲ့ပါတယ်။

ထိုင်းရဲ့ တွင်းထွက် သယံဇာတ ဝန်ကြီးဌာနက မြေအောက် ငလျင်ကြောတွေအပေါ် သက်ရောက်မှု အခြေအနေကို ဆက်လက် ဆန်းစစ် လေ့လာနေဆဲလို့ ပြောကြားခဲ့ပြီး အဆောက်အအုံ တည်ဆောက်မှုဆိုင်ရာ စည်းကမ်း ကြပ်မတ်ချက်တွေကို ပြန်လည် သုံးသပ် မွမ်းမံဖို့ဟာ အရေးအကြီးဆုံး လိုအပ်ချက် တစ်ခုဖြစ်ကြောင်း ပြောကြားထားပါတယ်။

စစ်ကိုင်းမှာ လှုပ်ခတ်ခဲ့တဲ့ ငလျင်ကြီးဟာ အရှေ့တောင်အာရှ ဒေသတွင်းမှာတော့ ဆယ်စုနှစ် တော်တော်များများ အကြာမှာ အပြင်းထန်ဆုံး ကြုံတွေ့ရတဲ့ ငလျင်လည်း ဖြစ်လာပါတယ်။ လက်ရှိအချိန်ထိ ငလျင်ကြောင့် အသေအပျောက် ၃၆၀၀ ကျော်သွားပြီဖြစ်ပြီး အဲဒီကိန်းဂဏန်းဟာ ဆက်လက် မြင့်တက်လာဖွယ် ရှိနေပါတယ်။ မြေပြင် အနေအထားအရ ငလျင်ဒဏ်ကို ပိုပြီး သက်ရောက် ခံစားရနိုင်ခြေများတဲ့ ဒေသတွေမှာ ငလျင်ဒဏ်ခံ အခြေခံ အဆောက်အအုံတွေ တည်ဆောက်နိုင်ရေးဟာ ထိုင်းအတွက် အရေးကြီးတဲ့ လုပ်ငန်းစဉ်တစ်ခုလို့ သတ်မှတ်သင့်ပြီလို့ ပန်နွန်က အကြံပြုခဲ့ပါတယ်။

လောလောဆယ်မှာတော့ ထိုင်းဖက်မှာရှိတဲ့ ပြတ်ရွေ့ကြောတွေနဲ့ အနီးတဝိုက်မှာ နေထိုင်သူတွေကို ငလျင်နဲ့ ပတ်သက်ပြီး နိုးကြားဖို့၊ သတင်းတွေ စောင့်နားထောင်ဖို့ အာဏာပိုင်တွေက တိုက်တွန်းထားကြောင်း သိရပါတယ်။

ကိုးကား: Nation

ဆက်စပ်သတင်းများ

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင် ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ရောက်နေချိန်မှာ စစ်တပ်က ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်က စစ်ဘေးရှောင်စခန်းတစ်ခုကို လေကြောင်းကနေ ဗုံးဆက်တိုက်ကြဲနေတယ်လို့ ဒေသခံသတင်းရင်းမြစ်တချို့က ပြောပါတယ်။

နိုင်ငံတကာ

ထိုင်းနိုင်ငံမှာ အသတ်ခံခဲ့ရတဲ့ ရုရှားလူငယ် မောင်နှမကို လူသတ်သမားတွေက မြှုပ်နှံထားခဲ့ရာ နေရာမှာ သူတို့အတွက် ရည်စူးပြီး ဆုတောင်းပွဲ တစ်ခုကို ကျင်းပခဲ့ပါတယ်။

သတင်း

အာဏာသိမ်းမြန်မာစစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို ကြိုဆိုခဲ့တဲ့ထိုင်းအစိုးရရဲ့ ဆုံးဖြတ်ချက်ဟာ စီးပွားရေးပူးပေါင်းဆောင်ရွက်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့ (OECD)ထဲ ဝင်ရောက်ဖို့ အားထုတ်မှုတွေကို ထိခိုက်လာစေနိုင်ကြောင်းထိုင်းရဲ့အဓိကအတိုက်အခံ နိုင်ငံရေး ပါတီက သတိပေးလိုက်ပါတယ်။

နိုင်ငံတကာ

ထိုင်းနိုင်ငံ တောင်ပိုင်းမှာ ရဲနှစ်ဦးကို ပစ်သတ်ခဲ့တဲ့ ဖြစ်စဉ်နဲ့ ဆက်နွှယ်တဲ့ သံသယရှိသူ နှစ်ယောက်ကို သုတ်သင် ရှင်းလင်းခဲ့ကြောင်း လုံခြုံရေး တပ်ဖွဲ့ဝင်တွေက ပြောပါတယ်။