Connect with us

Hi, what are you looking for?

နိုင်ငံတကာ

အမေရိကန်မှာ ငလျင်လှုပ်ချိန် တိရစ္ဆာန်ရုံထဲက ဆင်အုပ်ရဲ့ စနစ်တကျ တုံ့ပြန်ပုံ မှတ်တမ်းဗီဒီယို ထွက်ပေါ်လာ

ငလျင်တစ်ခု လှုပ်ခတ်ချိန် အမေရိကန် တိရစ္ဆာန်ရုံ တစ်ခုမှာ ဆင်တွေရဲ့ စနစ်တကျ အကာအကွယ်ယူ တုံ့ပြန် လှုပ်ရှားမှု တစ်ခုကို လုံခြုံရေး ကင်မရာတွေက မှတ်တမ်းတင်ထားနိုင်ခဲ့ပါတယ်။

ငလျင်တစ်ခု လှုပ်ခတ်ချိန် အမေရိကန် တိရစ္ဆာန်ရုံ တစ်ခုမှာ ဆင်တွေရဲ့ စနစ်တကျ အကာအကွယ်ယူ တုံ့ပြန် လှုပ်ရှားမှု တစ်ခုကို လုံခြုံရေး ကင်မရာတွေက မှတ်တမ်းတင်ထားနိုင်ခဲ့ပါတယ်။

ဧပြီ ၁၄ ရက် မနက်ပိုင်းတုန်းက ကယ်လီဖိုးနီးယား ပြည်နယ်မှာ မဂ္ဂနီကျု ၅.၂ အဆင့် ငလျင်တစ်ခု လှုပ်ခတ်သွားလို့ ဒေသခံတွေ အထိတ်တလန့် ဖြစ်ခဲ့ပါတယ်။ ဆန်ဒီယေဂို တိရစ္ဆာန်ရုံမှာ တပ်ဆင်ထားတဲ့ လုံခြုံရေး ကင်မရာတွေကတော့ ငလျင်လှုပ်တဲ့အချိန် တိရစ္ဆာန်ရုံထဲမှာ မွေးမြူထားတဲ့ အာဖရိက ဆင်အုပ်က ထိထိရောက်ရောက် မြန်မြန်ဆန်ဆန်နဲ့ ဘယ်လို သဘာဝအလျောက် ဘယ်လို တုံ့ပြန်ခဲ့သလဲ ဆိုတာကို မှတ်တမ်းတင်ထားနိုင်ခဲ့တာပါ။

ဆင်တွေက မြေလွှာတုန်ခါလာချိန်မှာ အထိတ်တလန့် ဖြစ်သွားပေမယ့် အချင်းချင်း အသံပြု ဆက်သွယ်ပြီး တစ်နေရာတည်းမှာ စုဝေးလိုက်ကြပါတယ်။ ပြီးတော့ ဆင်သားပေါက်လေးတွေကို အလယ်မှာထားပြီး အရွယ်ရောက်ပြီး ဆင်တွေက ဝန်းရံကာကွယ်ထားတဲ့ အနေအထားမျိုး စက်ဝိုင်းပုံ နေရာယူထားလိုက်တာကို တွေ့ရပါတယ်။

ဆင်တွေရဲ့ အဲဒီလို စနစ်ကျတဲ့ တုံ့ပြန်ပုံ ဗီဒီယိုကို တိရစ္ဆာန်ရုံက လူမှုကွန်ရက်ပေါ်မှာ မျှဝေခဲ့တဲ့နောက် လူပြောအများဆုံး အကြောင်းအရာတစ်ခု ဖြစ်လာပါတယ်။ ဆင်တွေဟာ ငလျင်စလှုပ်ချိန်မှာ နည်းနည်း ထိတ်ပြာသွားပုံ ပေါ်ပေမယ့် အားလုံး စုစည်းနေရာယူထားပြီးတဲ့ အချိန်မှာတော့ တည်တည်ငြိမ်ငြိမ် ရှိနေခဲ့ကြပါတယ်။

Public Service Announcement

Public Service Announcement

နန်ဒူလာ၊ အူမွန်ဂါနီနဲ့ ခိုဆီလို့ နာမည်ပေးထားတဲ့ ဆင်ကြီးသုံးကောင်ဟာ ကျောချင်းကပ်ပုံစံ နေရာယူပြီး ဆင်ပေါက်လေး နှစ်ကောင်ကို အကာအကွယ်ပေးဖို့ အသင့်အနေအထားမျိုး ရပ်နေခဲ့ကြတာပါ။ သတ္တဗေဒ ပညာရှင်တွေက အဲဒီ မြင်ကွင်းဟာ ဆင်တွေရဲ့ အချင်းချင်း ရိုင်းပင်းတတ်တဲ့ ပင်ကို စရိုက်နဲ့ ခြိမ်းခြောက်မှုကို အမြန်ဆုံး တုံ့ပြန်တတ်တဲ့ စေ့ဆော်နိုင်မှုတွေကို ထင်ဟပ်စေကြောင်း ပြောပါတယ်။

ကယ်လီဖိုးနီးယားက ငလျင်ကြောင့် အဝေးပြေး လမ်းမတစ်နေရာမှာ ကျောက်တုံးကြီးတွေ ပြိုကျခဲ့တဲ့ ဖြစ်စဉ်ကလွဲရင် ထိခိုက်သေကြေမှုနဲ့ အပျက်အစီးတွေ ကြီးကြီးမားမား မရှိခဲ့ဘူးလို့ သိရပါတယ်။

ကိုးကား: AP, San Diego Zoo

ဆက်စပ်သတင်းများ

နိုင်ငံတကာ

တရုတ်နိုင်ငံ အနောက်မြောက်ပိုင်းမှာ လှုပ်ခတ်ခဲ့တဲ့ မဂ္ဂနီကျု ၆.၃ အဆင့် ငလျင်ကြောင့် လူ ၁ ဦးသေပြီး ၈ ဦး ဒဏ်ရာရခဲ့ပါတယ်။

နိုင်ငံတကာ

အင်ဒိုနီးရှား နိုင်ငံ အလယ်ပိုင်းမှာ မဂ္ဂနီကျု ၆.၇ အဆင့် ငလျင်တစ်ခု လှုပ်ခတ်ခဲ့သလို နောက်ဆက်တွဲ ငလျင်ငယ်တွေပါ ထပ်လှုပ်နေတာကြောင့် ဒေသခံတွေ အထိတ်တလန့် ဖြစ်နေပါတယ်။

သတင်း

ကရင်နီပြည်နယ်၊ လွိုင်ကော်မြို့အနီးမှာ ဒီကနေ့ ဇွန်လ၁၅ရက် မနက်အစောပိုင်းက ရစ်ခ်တာစကေး ၄ ဒဿမ ၄ အဆင့် ငလျင်တစ်ခု မြေအနက်တိမ်တဲ့နေရာကို ဗဟိုပြု လှုပ်သွားပါတယ်။

သတင်း

ရန်ကုန်မြို့အနီးမှာ ဒီနေ့ (ဇွန်လ၁၄)ညနေ ၅နာရီ ၉ မိနစ်ခန့်ကရစ်ခ်တာစကေး ၄ ဒဿမ ၁ အဆင့် ငလျင်ထပ်လှုပ်သွားပါတယ်။