Connect with us

Hi, what are you looking for?

သတင်း

နေပြည်တော်ကငလျင်ဘေးသင့်ယာယီတည်းခိုရေးစခန်းမှာ တောကြီးမြွေဟောက်တွေ့

နေပြည်တော်၊ဇမ္ဗူသီရိမြို့နယ်ကငလျင်ဘေးသင့်ပြည်သူတွေရဲ့ယာယီတည်းခိုရေးစခန်းမှာ တောကြီးမြွေဟောက်တွေ့တာကြောင့် သွားရောက်ဖမ်းဆီးပေးခဲ့ရတယ်လို့ မီးသတ်တပ်ဖွဲ့က ထုတ်ပြန်ပါတယ်။

(​နေပြည်​တော်က ငလျင်ကယ်ဆယ်​ရေးစခန်းကို​ရောက်လာတဲ့ ​တောကြီး​မွေ​ဟောက်နဲ့ မီးသတ်တပ်ဖွဲ့ဝင် ၂ ဦး ။ဓါတ်ပုံ-မီးသတ်တပ်ဖွဲ့)

စက်တင်ဘာ-‌၃၊၂၀၂၆။သတိုး/People’s Spring

နေပြည်တော်၊ဇမ္ဗူသီရိမြို့နယ်ကငလျင်ဘေးသင့်ပြည်သူတွေရဲ့ယာယီတည်းခိုရေးစခန်းမှာ တောကြီးမြွေဟောက်တွေ့တာကြောင့် သွားရောက်ဖမ်းဆီးပေးခဲ့ရတယ်လို့ မီးသတ်တပ်ဖွဲ့က ထုတ်ပြန်ပါတယ်။

ဒီနေ့(စက်တင်ဘာ၃) ညနေ ၄နာရီခွဲလောက်မှာ ဇမ္ဗူသီရိမြို့နယ်၊ဗလသိဒ္ဓိဘောလုံးကွင်းအတွင်းမှာ ဖွင့်ထားတဲ့ငလျင်ဘေးသင့်ပြည်သူတွေရဲ့ယာယီတည်းခိုရေးစခန်းမှာ တောကြီးမြွေဟောက်တွေ့တာကြောင့်သွားရောက်ကူညီခဲ့တာကို မီးသတ်တပ်ဖွဲ့က မှတ်တမ်းဓာတ်ပုံတွေနဲ့အတူ ထုတ်ပြန်ထားတာပါ။

ဒီဖြစ်စဉ်ကို ဗလသိဒ္ဓိနယ်မြေမီးသတ်စခန်းက မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ ဗဟိုမီးသတ်စခန်းက ရှာဖွေကယ်ဆယ်ရေးယာဉ်(၁)စီးနဲ့ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်တွေက သွားရောက်ဖမ်းဆီးပေးခဲ့တာလို့ဆိုပါတယ်။

Public Service Announcement

Public Service Announcement

ပြီးခဲ့တဲ့ တစ်နှစ်ကျော် ၂၀၂၅ မတ်လက စစ်ကိုင်းမြို့အနီးကို ဗဟိုပြုပြီး လှုပ်ခတ်ခဲ့တဲ့ ငလျင်ကြီးမှာ နေပြည်တော်ကပျက်စီးဆုံးရှူံးမှုတွေကြီးကြီးမားမားကြုံခဲ့ရတာပါ။ဒါပေမယ့် စစ်တပ်ရုံးစိုက်တဲ့မြို့ဖြစ်တာ‌နဲ့အညီ သတင်းထိန်းချုပ်ထားတာတွေကြောင့် ​သေဆုံးထိခိုက်ပျက်စီးမှုအ​ခြေအ​နေမှန်တွေကို အတိအကျမသိခဲ့ရပါဘူး။

အဲဒီ့အချိန်ကတည်းက ငလျင်ဘေးသင့် ပြည်သူတွေအတွက် ကယ်ဆယ်ရေးစခန်းတွေ ဖွင့်ပေးခဲ့ရတာဖြစ်ပြီး ငလျင်အတွက် ပြည်ပက အလှူငွေတွေရခဲ့ပေမယ့် မင်းအောင်လှိုင် ဦးဆောင်တဲ့ အာဏာသိမ်းစစ်တပ်ရဲ့ ညံ့ဖျင်းတဲ့ စီမံခန့်ခွဲမှုတွေကြောင့် ပြည်သူတွေကယာယီကယ်ဆယ်ရေးစခန်းနေရာမှာ လက်ရှိအချိန်အထိ နေထိုင်နေရတာဖြစ်တယ်လို့​ဒေသခံအချို့က​ပြောပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ရန်ကုန်မြို့မှာ ဒီနေ့ ည ၁၁နာရီကျော်မှာငလျင်လှုပ်ခဲ့ပါတယ်။

သတင်း

နေပြည်တော်၊တပ်ကုန်းမြို့နယ်မှာ ဆိုင်ကယ်အသံကျယ်လောင်စွာမောင်းလို့ဆိုပြီး ဖမ်းဆီးခံရတဲ့ လူငယ်ဟာ စစ်မှုထမ်းပါသွားခဲ့တယ်လို့ ဒေသခံတချို့က ပြောပါတယ်။

သတင်း

ပဲခူးမြို့အနီးမှာ ဒီနေ့ နေ့မနက်ပိုင်း လှုပ်ရှားသခဲ့တဲ့ရစ်ခ်တာစကေး ၄.၆ အဆင့်ငလျင်ကို ရန်ကုန်မြို့မှာလည်း သိရှိခံစားခဲ့ပါတယ်။

နိုင်ငံတကာ

မဂ္ဂနီကျု ၅.၉ ငလျင်တစ်ခု လှုပ်ခတ်ခဲ့ပြီးတဲ့နောက် တိုကျိုမြို့တော်နဲ့ ပိုမိုကျယ်ဝန်းတဲ့ ကန်တိုဒေသမှာ နေထိုင်သူတွေ အနေနဲ့ လာမယ့် သီတင်းပတ်တွေမှာပါ ပြင်းအားတူ ငလျင်တစ်ခု လှုပ်ခတ်နိုင်ခြေကို သတိထားကြဖို့ ဂျပန် အစိုးရက သတိပေးခဲ့ပါတယ်။