Connect with us

Hi, what are you looking for?

သတင်း

ကျုံဒိုးမြို့အနီးဝိုက် သင်္ကြန်အကြတ်နေ့မှာ တိုက်ပွဲဖြစ်နေ ၊ ကမ်းနီရွာ ဘုန်းကြီးကျောင်းဗုံးကြဲခံရ

ကရင်ပြည်နယ် ၊ ကော့ကရိတ်မြို့နယ်၊ ကော့ကရိတ် – ကျုံဒိုး လမ်းပိုင်းမှာ ဒီနေ့ သင်္ကြန်အကြတ်နေ့ (ဧပြီ ၁၅ ) မနက်အစောပိုင်းကစပြီး စစ်ကောင်စီတပ်နဲ့ KNU ပူးပေါင်းတပ်တွေကြား တိုက်ပွဲဖြစ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဧပြီ – ၁၅၊ ၂၀၂၅၊ နိုင်ပကောင်း/People’s Spring

ကရင်ပြည်နယ် ၊ ကော့ကရိတ်မြို့နယ်၊ ကော့ကရိတ် – ကျုံဒိုး လမ်းပိုင်းမှာ ဒီနေ့ သင်္ကြန်အကြတ်နေ့ (ဧပြီ ၁၅ ) မနက်အစောပိုင်းကစပြီး စစ်ကောင်စီတပ်နဲ့ KNU ပူးပေါင်းတပ်တွေကြား တိုက်ပွဲဖြစ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

တိုက်ပွဲဖြစ်တဲ့နေရာတဝိုက်ဟာ ကျုံဒိုးမြို့ နဲ့ ပိုနီးပြီး မနက် ၄ နာရီဝန်းကျင်မှာ ပစ်ခတ်သံတွေကြားရတာလို့ ကျုံဒိုးဒေသခံတစ်ဦးကပြောပါတယ်။

“နေရာအစုံပဲ ကြားရတယ်” လို့ အဲဒီဒေသခံက ဆိုပါတယ်။

Public Service Announcement

Public Service Announcement

ကျုံဒိုးမြို့ အနီး ဖြစ်ပွားလာတဲ့တိုက်ပွဲကြောင့် ဘေးလွတ်ရာကို တိမ်းရှောင်နေကြဖို့ ဒေသခံ အချင်းချင်းကြား အသိပေးကြတာလည်းရှိတယ်လို့သိရပါတယ်။

https://www.facebook.com/LuduNwayOo/videos/1913552852790112

ဒီနေ့ နေ့လယ် ၁၂ နာရီ ခန့်မှာ ကျုံဒိုးမြို့ အနောက်တောင်ဘက်က ကမ်းနီရွာ ဘုန်းကြီးကျောင်း ဗုံးကြဲ ခံရလိုက်တယ်လို့ဒေသခံသတင်းရင်းမြစ်က လည်းအသိပေးပါတယ်။

ဘုန်းကြီး ကျောင်းဗုံးကြဲခံရမှုမှာ လူသူထိခိုက်မှု များတယ်လို့ကနဦး သိရပေမယ့် အသေးစိတ်ကိုမသိရသေးပါဘူး။

တိုက်ပွဲမဖြစ်ခင်က ပြီးခဲ့တဲ့ရက်ပိုင်းတွေကတည်းက ကျုံဒိုးမြို့ ပေါ်ရှိ စစ်ကောင်စီတပ်ရင်းတွေက မြို့အနီး မှာရှိတဲ့ ရွာတွေ ဘက်ဆီ လက်နက် ကြီးနဲ့ပစ်ခတ်တာတွေ ၊ လေကြောင်းကနေ ကင်းထောက်တာတွေရှိခဲ့တယ်လို့ ဒေသခံတွေဆီကသိရပါတယ်။

စစ်ရေးအခြေအနေ တွေကြောင့် ကျုံဒိုးမြို့ တဝိုက် ရှိ ရွာတွေက ဒေသခံတွေဟာ မိုင် ၄၀ ကျော်ဝေးတဲ့ ကရင်ပြည်နယ်မြို့တော် ၊ဘားအံဆီ သွားရောက်တိမ်းရှောင်ကြရပါတယ်။

ကျုံဒိုးမြို့ ပေါ်မှာ အမှတ် (၅၄၅) ခြေမြန်တပ်ရင်း ၊ အမှတ် (၅၄၆) ခြေမြန်တပ်ရင်း ၊ ဗျုဟာ စခန်း တို့ ရှိပါတယ်။

ဒါအပြင် ၁၅ မိုင်ခန့် ရှည်လျားတဲ့ ကျုံဒိုး – ကော့ကရိတ် ကားလမ်းမှာ စစ်ကောင်စီရဲ့ တပ်စခန်းတွေ ၊ ကရင့်နယ်ခြားစောင့်တပ် ၊ DKBA ခွဲထွက်အဖွဲ့တွေလည်း တပ်စွဲထားတာရှိတယ်လို့သိရပါတယ်။

အခုတိုက်ပွဲဖြစ်ရာ ဒေသဟာ KNU တပ်မဟာ (၆) စစ်ရေးလှုပ်ရှားရာနယ်မြေလည်းဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

အာရက္ခတပ်တော်(AA) ထိန်းချုပ်ထားတဲ့ ချင်းပြည်နယ်၊ ပလက်၀မြို့ကို အာဏာသိမ်းစစ်တပ်က ဒီနေ့ ဩဂုတ်လ ၁၁ ရက်မနက်ပိုင်းမှာ ဗုံးကြဲခဲ့တာကြောင့် ကလေး ၁ဦးအပါအဝင် အမျိုးသမီး ၂ဦး ထိခိုက်ဒဏ်ရာရသွားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

‎ကရင်အမျိုးသားအစည်းအရုံး(KNU) ညောင်လေးပင်ခရိုင် ကျောက်ကြီးမြို့နယ်(လယ်ဒိုမြို့နယ်)ကို အာဏာသိမ်းစစ်တပ်က လေကြောင်းတိုက်ခိုက်မှုထပ်မံပြုလုပ်ခဲ့လို့ ကလေးငယ်အပါအဝင်အရပ်သား သေဆုံးထိခိုက်မှု ရှိခဲ့ပါတယ်။

ဆောင်းပါး

စစ်တပ်က ​​ရေ​ဘေးအဆိုးဆုံးခံ​နေရတဲ့ ​ရေဦးမြို့နယ်ကို ဗုံးကြဲ

သတင်း

ရှမ်းပြည်နယ်မြောက်ပိုင်း၊မိုးမိတ်မြို့အနီးမှာ ဒီနေ့ နေ့လယ်ပိုင်း ၁နာရီခန့်ကစပြီး တိုက်ပွဲပြင်းထန်နေပါတယ်။