Connect with us

Hi, what are you looking for?

သတင်း

စဉ့်ကူးမြို့နယ် ဗုံးကြဲခံရမှု ပြည်သူ ၆‌ဦးဒဏ်ရာရ

မန္တလေးတိုင်း၊ စဥ့်ကူးမြို့နယ် ကျည်ထောက်ပေါက် ကျေးရွာကို စစ်ကောင်စီက လေကြောင်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာမို့ ပြည်သူ ၆ဦးထိခိုက်ဒဏ်ရာတွေရခဲ့တယ်လို့ ပြင်ဦးလွင်ခရိုင်ပကဖသတင်းတာဝန်ခံဆီကသိရပါတယ်။

စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ပျက်စီးဆုံးရှုံးမှုများအားတွေ့ရစဥ်။ ဓာတ်ပုံ - CJ

ဧပြီ ၁၈၊ ၂၀၂၅။ People’s Spring

မန္တလေးတိုင်း၊ စဥ့်ကူးမြို့နယ် ကျည်ထောက်ပေါက် ကျေးရွာကို စစ်ကောင်စီက လေကြောင်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာမို့ ပြည်သူ ၆ဦးထိခိုက်ဒဏ်ရာတွေရခဲ့တယ်လို့ ပြင်ဦးလွင်ခရိုင်ပကဖသတင်းတာဝန်ခံဆီကသိရပါတယ်။

ဒီနေ့ နေ့လည် ၂နာရီခွဲအချိန်ခန့်က စစ်ကောင်စီရဲ့ မိတ္ထီလာရှမ်းတဲ လေတပ်ကတက်လာတဲ့ ဂျက်ဖိုက်တာနဲ့ ပေါင်၅၀၀ဗုံးကြဲချ တိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။

တိုက်ခိုက်ခံရမှုမှာ ‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌ကျည်ထောက်ပေါက်ရွာ စာသင်ကျောင်းဆောင် ၃ ဆောင်နဲ့ ဈေးပျက်စီးခဲ့တယ်လို့ သိရပါတယ်။ ဒါ့အပြင် အမျိုးသား ၄ဦးနဲ့ အမျိုးသမီး ၂ဦးထိခိုက်ဒဏ်ရာတွေ ရရှိခဲ့တယ်လို့ ပြင်ဦးလွင်ခရိုင်ပကဖ သတင်းတာဝန်ခံကပြောပါတယ်။

Public Service Announcement

Public Service Announcement

တော်လှန်ရေးတပ်ဖွဲ့ဝင်တွေရဲ့ ပြောကြားချက်အရ သတင်းတချို့ပေါက်ခဲ့ပြီး စစ်တပ်က အခုလို ဗုံးကြဲတိုက်ခိုက်လာတာလို့ သိရပါတယ်။

စစ်တပ်က ငလျင်ဘေးသင့်ကာလအတွင်းမှာ တော်လှန်ရေးတပ်တွေ စိုးမိုးထားတဲ့ နေရာတွေကို ဆက်တိုက် လေကြောင်းတိုက်ခိုက်တာတွေ ပြုလုပ်နေပြီး မနေ့ညကလည်း စဉ့်ကူးမြို့နယ်၊နတ်တောင်ရွာကို စစ်တပ်က ဗုံးကြဲတိုက်ခိုက်ခဲ့တာမို့ အမျိုးသမီးတစ်ဦး သေဆုံးခဲ့ပါတယ်။

သင်္ကြန်အတက်နေ့ ဧပြီ ၁၆ရက်ကလည်း စဥ့်ကူးမြို့နယ် နဂါးမောက်တောင်ဘုရားမုဒ်ဦးအနီး လေကြောင်းတိုက်ခိုက်ခဲ့တာမို့ ပြည်သူ ၈ဦး ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

အာဏာသိမ်းမြန်မာစစ်တပ်က ဘာသာရေး အဆောက်အအုံတွေကို ပစ်မှတ်ထား တိုက်ခိုက်မှုတွေ ဆက်လက် လုပ်နေတာကို Burma Research Institute (BRI) က အပြင်းအထန် ရှုတ်ချလိုက်သလို ဘာသာရေး လွတ်လပ်ခွင့်နဲ့ ဘာသာရေး အဆောက်အအုံတွေအပေါ် အကာအကွယ်ပေးမှုတွေ မြှင့်တင်နိုင်ရေး တောင်းဆိုလိုက်ပါတယ်။

သတင်း

ဘာသာရေးဆိုင်ရာ သာသနိကအဆောက်အအုံတွေကို ရည်ရွယ်ချက်ရှိရှိ ဗုံးကြဲတိုက်ခိုက်နေတာနဲ့ ပတ်သက်ပြီး စစ်တပ်ကို ဆုံးမဩဝါဒပေးဖို့ စစ်ကိုင်းတိုင်းဒေသ သပိတ်အင်အားစုက နိုင်ငံတော် သံဃာ့မဟာနာယက (မဟန) အဖွဲ့ဝင် ဆရာတော်ကြီးတွေကို အောက်တိုဘာ ၁၅ ရက်မှာ အသိပေး လျှောက်ထားလိုက်ပါတယ်။

သတင်း

မွန်ပြည်နယ် ဘီးလင်းမြို့နယ် အလူးကြီးကျေးရွာကို အာဏာသိမ်းစစ်တပ်က ညအချိန် ဗုံးကြဲခဲ့လို့ ကလေးငယ်အပါအဝင် ပြည်သူ ၅ဦးသေဆုံးကာ အများအပြား ဒဏ်ရာရခဲ့တဲ့ တိုက်ခိုက်မှု ပြီးနောက် စစ်တပ်က လက်နက်ကြီး၊ ဒရုန်းတွေနဲ့ အဲဒီဒေသကို ထပ်မံ တိုက်ခိုက်ခဲ့ကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) သထုံခရိုင် သတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

မကွေးတိုင်း၊မြိုင်မြို့နယ်ကို အာဏာသိမ်းစစ်တပ်က လေကြောင်းကနေ အပြင်းအထန် ဗုံးကြဲတိုက်ခိုက်နေတယ်လို့ ဒေသခံသတင်းရင်းမြစ်တချို့က ပြောပါတယ်။