Connect with us

Hi, what are you looking for?

သတင်း

စဉ့်ကူးမြို့နယ် ဗုံးကြဲခံရမှု ပြည်သူ ၆‌ဦးဒဏ်ရာရ

မန္တလေးတိုင်း၊ စဥ့်ကူးမြို့နယ် ကျည်ထောက်ပေါက် ကျေးရွာကို စစ်ကောင်စီက လေကြောင်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာမို့ ပြည်သူ ၆ဦးထိခိုက်ဒဏ်ရာတွေရခဲ့တယ်လို့ ပြင်ဦးလွင်ခရိုင်ပကဖသတင်းတာဝန်ခံဆီကသိရပါတယ်။

စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ပျက်စီးဆုံးရှုံးမှုများအားတွေ့ရစဥ်။ ဓာတ်ပုံ - CJ

ဧပြီ ၁၈၊ ၂၀၂၅။ People’s Spring

မန္တလေးတိုင်း၊ စဥ့်ကူးမြို့နယ် ကျည်ထောက်ပေါက် ကျေးရွာကို စစ်ကောင်စီက လေကြောင်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာမို့ ပြည်သူ ၆ဦးထိခိုက်ဒဏ်ရာတွေရခဲ့တယ်လို့ ပြင်ဦးလွင်ခရိုင်ပကဖသတင်းတာဝန်ခံဆီကသိရပါတယ်။

ဒီနေ့ နေ့လည် ၂နာရီခွဲအချိန်ခန့်က စစ်ကောင်စီရဲ့ မိတ္ထီလာရှမ်းတဲ လေတပ်ကတက်လာတဲ့ ဂျက်ဖိုက်တာနဲ့ ပေါင်၅၀၀ဗုံးကြဲချ တိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။

တိုက်ခိုက်ခံရမှုမှာ ‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌ကျည်ထောက်ပေါက်ရွာ စာသင်ကျောင်းဆောင် ၃ ဆောင်နဲ့ ဈေးပျက်စီးခဲ့တယ်လို့ သိရပါတယ်။ ဒါ့အပြင် အမျိုးသား ၄ဦးနဲ့ အမျိုးသမီး ၂ဦးထိခိုက်ဒဏ်ရာတွေ ရရှိခဲ့တယ်လို့ ပြင်ဦးလွင်ခရိုင်ပကဖ သတင်းတာဝန်ခံကပြောပါတယ်။

Public Service Announcement

Public Service Announcement

တော်လှန်ရေးတပ်ဖွဲ့ဝင်တွေရဲ့ ပြောကြားချက်အရ သတင်းတချို့ပေါက်ခဲ့ပြီး စစ်တပ်က အခုလို ဗုံးကြဲတိုက်ခိုက်လာတာလို့ သိရပါတယ်။

စစ်တပ်က ငလျင်ဘေးသင့်ကာလအတွင်းမှာ တော်လှန်ရေးတပ်တွေ စိုးမိုးထားတဲ့ နေရာတွေကို ဆက်တိုက် လေကြောင်းတိုက်ခိုက်တာတွေ ပြုလုပ်နေပြီး မနေ့ညကလည်း စဉ့်ကူးမြို့နယ်၊နတ်တောင်ရွာကို စစ်တပ်က ဗုံးကြဲတိုက်ခိုက်ခဲ့တာမို့ အမျိုးသမီးတစ်ဦး သေဆုံးခဲ့ပါတယ်။

သင်္ကြန်အတက်နေ့ ဧပြီ ၁၆ရက်ကလည်း စဥ့်ကူးမြို့နယ် နဂါးမောက်တောင်ဘုရားမုဒ်ဦးအနီး လေကြောင်းတိုက်ခိုက်ခဲ့တာမို့ ပြည်သူ ၈ဦး ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့ကို စစ်ကောင်စီက ယနေ့(မေလ ၁၄ ရက်) ညနေ ၄နာရီခန့်တွင် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ရာ စစ်ဘေးရှောင်အမျိုးသမီးတစ်ဦး သေဆုံးပြီ လေးဦးထက်မနည်းဒဏ်ရာရရှိထားသည်။

သတင်း

စစ်​ကောင်စီက ​ အိုးထိန်းတွင်းရွာစာသင်ကျောင်းကို ဗုံးကြဲပြီး နာရီပိုင်းအတွင်းမှာပင် ​မေ ၁၂ ရက် ညနက်ပိုင်းတွင် ဒီပဲယင်းမြို့နှင့် TNLA ထိန်းချုပ်ဒေသ မန်တုံမြို့ကို လေကြောင်းမှ ဗုံးထပ်ကြဲခဲ့သည်။

သတင်း

ဒီပဲယင်းမြို့နယ် အိုးထိန်းတွင်းရွာစာသင်ကျောင်းအားလေကြောင်းတိုက်ခိုက်မှုကို ၎င်းတို့ ကျူးလွန်ခြင်းမရှိကြောင်း စစ်ကောင်စီက ​ဗြောင်ငြင်းဆိုပြီးလိမ်လည်ထုတ်ပြန်သည်။

သတင်း

စစ်ကောင်စီက ယနေ့တရက်လည်း ဒီပဲယင်း၊မော်လူးနှင့်ချောင်းဦးမြို့တို့ လေကြောင်းတိုက်ခိုက်ခံမှု ပြည်သူ ၂၆ဦးသေဆုံး

Facebook