Connect with us

Hi, what are you looking for?

သတင်း

မူဆယ်တွင် ဆိုင်ကယ်စီးအမျိုးသမီးတစ်ဦးကို အိမ်စီးကားဖြင့် အုပ်စုဖွဲ့ လုယက်

ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်မြို့တွင် ဆိုင်ကယ်စီးလာသူ အမျိုးသမီးကို အိမ်စီးကားဖြင့် အုပ်စုဖွဲ့လုယက်သူများက ခြိမ်းခြောက်လုယက်သွားသည်။

အမျိုးသမီးတစ်ဦးအား အုပ်စုဖွဲ့လုယက်ခဲ့မှုကို CCTV ရုပ်သံမှတ်တမ်း၌ တွေ့ရစဥ်

ဧပြီ ၂၂၊ ၂၀၂၅။ ခွာညို/People’s Spring

ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်မြို့တွင် ဆိုင်ကယ်စီးလာသူ အမျိုးသမီးကို အိမ်စီးကားဖြင့် အုပ်စုဖွဲ့လုယက်သူများက ခြိမ်းခြောက်လုယက်သွားသည်။

လမ်းမကြီး၏ဘေးလမ်းကို ဆိုင်ကယ်မောင်းပြီး ဝင်ရောက်လာသည့် အမျိုးသမီးအား ဧပြီ ၂၁ရက် နေ့လယ်ပိုင်း၌ အုပ်စုဖွဲ့လုယက်သွားခြင်းဖြစ်သည်။

အနက်‌ရောင် အိမ်စီးကားဖြင့် မောင်းနှင်လာသူများက ဆိုင်ကယ်အား ပိတ်ရပ်၍ ဓားဖြင့်ခုတ်မည့် ပုံစံခြိမ်းခြောက်ကာ ဖုန်းနှင့် ဆိုင်ကယ်ကို ယူဆောင်သွားခဲ့သည်။ ထို့ကြောင့် အမျိုးသမီးသည် ခြေလျင်ပြန်သွားရသည်ကို တွေ့ရသည်။

Public Service Announcement

Public Service Announcement

မူဆယ်မြို့သည် တရုတ်နိုင်ငံနှင့်နယ်စပ် အဓိကကုန်သွယ်ရေးမြို့ဖြစ်သည်။ ရှမ်းပြည်နယ်မြောက်ပိုင်းတွင် ပြီးခဲ့သည့် ၂၀၂၃ ခုနှစ် အောက်တိုဘာ ၂၇ ရက်နေ့က စတင်ခဲ့သည့် ၁၀၂၇ စစ်ဆင်ရေးအတွင်း မြောက်ပိုင်းမဟာမိတ်ညီနောင်သုံးဖွဲ့က တိုက်ခိုက်ရန် ပြင်ဆင်နေစဉ် တရုတ်၏ ကြားဝင်ညှိနှိုင်းမှုဖြင့် အပစ်ရပ်စာချုပ်လက်မှတ်ရေးထိုးခဲ့ရသည်။ အပစ်ရပ်လက်မှတ်မထိုးခင် မူဆယ်မြို့ကို မတိုက်ခိုက်ရသေးသော်လည်း မူဆယ်အနီး ‌၁၀၅မိုင်ကုန်သွယ်ရေးဇုန်ကို မဟာမိတ်ညီနောင်များက သိမ်းယူခဲ့သည်။ မူဆယ်မြို့ပေါ်ကို စစ်ကောင်စီက ဆက်လက်ထိန်းချုပ်ထားသည်။

https://www.facebook.com/LuduNwayOo/videos/705399611838951

စစ်ကောင်စီသည် မူဆယ်မြို့တွင် တရားဥပဒေစိုးမိုးရေးမဆောင်ရွက်နိုင်ဘဲ လုယက်မှုများ၊ ပြန်ပေးဆွဲမှုများမကြာခဏဖြစ်နေကြောင်း ဒေသခံများကပြောသည်။ ပြီးခဲ့သည့်ဇန်နဝါရီက မူဆယ်မြို့ပေါ်မှ အမျိုးသမီးတစ်ဦး လုယက်သတ်ဖြတ်၊ အလောင်းဖျောက်ဖျက်ခံခဲ့ရသည်။ အသက် ၂၀ခန့်အမျိုးသမီးတစ်ဦးသည် ဇန်နဝါရီ ၇ ရက်က နေအိမ်မှထွက်ခွာသွားပြီး ပျောက်ဆုံးသွား၍ လိုက်ရှာစဉ် ဇန်နဝါရီ ၁၁ ရက်တွင် မူဆယ်မြို့ Win စီးကရက် စက်ရုံအနောက်ဘက်၌ ရုပ်အလောင်း တွေ့ရှိခဲ့ခြင်းဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

စစ်တပ်ထိန်းချုပ်ထားတဲ့ မူဆယ်မြို့မှာ မြို့လယ်ခေါင် ကားဗုံးခွဲတိုက်ခိုက်မှုဖြစ်ပွားခဲ့ပါတယ်။

သတင်း

ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်မြို့နယ်၊ ကျင့်စန်းကျောနယ်စပ်ဂိတ်နဲ့ ပန်ဆိုင်းမြို့ကြားက ဒေသခံတွေ သွားရောက်လည်ပတ်မှုများတဲ့ရေပြာအိုင်မှာ လူငယ်နှစ်ဦး ရေနစ်သေဆုံးသွားပါတယ်။

သတင်း

မြန်မာနိုင်ငံကအွန်လိုင်းငွေလိမ်လုပ်ငန်း(ကျားဖြန့်) ကွန်ရက်တွေကို ဖြိုခွင်းခဲ့တဲ့ မှတ်တမ်းရုပ်ရှင်ကို တရုတ် အစိုးရ မီဒီယာက ပြသ​​​တေရာမှာ အထင်ကရ စစ်ဆင်ရေးတစ်ခုကို၁၀မိနစ်လောက်အတွင်းအောင်မြင်အောင်ဆောင်ရွက်နိုင်ခဲ့ကြောင်းဖော်ပြထားပါတယ်။

သတင်း

ရှမ်းပြည်နယ်မြောက်ပိုင်းမှာ မြေမြှုပ်မိုင်းပြဿနာက ဒေသခံတွေရဲ့ ‌နေ့စဉ်ဘဝအတွက် ကြီးမားတဲ့ ခြိမ်းခြောက်မှုဖြစ်နေပြီး နောင်ချိုမြို့ဟာ မိုင်းကြောင့်ထိခိုက်မှုအများဆုံးဖြစ်တယ်လို့ တအာင်းအမျိုးသမီးအဖွဲ့အစည်း(TWO)က ထုတ်ပြန်ပါတယ်။