Connect with us

Hi, what are you looking for?

သတင်း

ဒေါနတောင်ပေါ် ၁၀၁၈ လမ်းပိုင်းကို ခေတ္တပိတ်ထားဖို့ BGF စီစဉ်

ထိုင်း -မြန်မာ ကုန်သွယ်ရေး အာရှလမ်းမကြီးပိတ်ထားချိန်မှာ ယာယီအသုံးပြုနေရတဲ့လမ်းတွေထဲက အရေးပါတဲ့ ၁၀၁၈ ဒေါနတောင်ပေါ်လမ်းကြောင်းကို ကရင့်နယ်ခြားစောင့်တပ် (BGF) က တစ်လကြာပိတ်သွားဖို့ စီစဉ် နေတယ်လို့ BGF နဲ့နီးစပ်တဲ့ သတင်းရင်းမြစ်ထံကသိရပါတယ်။

BGF ထိန်းချုပ်ထားတဲ့ ၁၀၁၈ လမ်းပိုင်းကိုတွေ့ရပုံ (ဓာတ်ပုံ - Htain Lin Myo)

ဧပြီ – ၂၃ ၊၂၀၂၅၊ နိုင်ပကောင်း/People’s Spring

ထိုင်း -မြန်မာ ကုန်သွယ်ရေး အာရှလမ်းမကြီးပိတ်ထားချိန်မှာ ယာယီအသုံးပြုနေရတဲ့လမ်းတွေထဲက အရေးပါတဲ့ ၁၀၁၈ ဒေါနတောင်ပေါ်လမ်းကြောင်းကို ကရင့်နယ်ခြားစောင့်တပ် (BGF) က တစ်လကြာပိတ်သွားဖို့ စီစဉ် နေတယ်လို့ BGF နဲ့နီးစပ်တဲ့ သတင်းရင်းမြစ်ထံကသိရပါတယ်။

၁၀၁၈ ဒေါနတောင်ပေါ်လမ်းကို လမ်းပိုင်းပြုပြင်ဖို့ဆိုပြီး လာမယ့်ရက်ပိုင်းက စတင်ကာ ခေတ္တ ပိတ်သွားဖို့ စီစဉ်နေတာလို့ သတင်းရင်းမြစ်က ပြောပါတယ်။

ထိုင်း – မြန်မာကုန်သွယ်ရေးလမ်းကြောင်းမှာ အဓိက ကျတဲ့ အာရှလမ်းမကြီးမှာ တိုက်ပွဲတွေ ဖြစ်ပြီးနောက် လမ်းပိုင်းပြတ်တောက်သွားတာပါ။

Public Service Announcement

Public Service Announcement

အာရှလမ်းမကြီးဟာ ကော့ကရိတ်မြို့နဲ့ မြဝတီမြို့ ကိုဆက်သွယ်ထားတာလည်းဖြစ်ပါတယ်။

အာရှလမ်းမကြီးကိုအသုံးပြုမရချိန်မှာ ဒေါနတောင်တန်းကို ဖြတ်ဖောက်ထားတဲ့ ယခင်တောင်ပေါ်လမ်းဟောင်း၊ ၁၀၁၈ လမ်း ၊ ထို့ကော်ကိုးလမ်း၊ ကြက်ဥတောင်(သေ့ကတေ)လမ်းတို့ကို ကုန်စည်စီးဆင်းသယ်ယူပို့ဆောင်ရေးနဲ့ သွားလာရေးအတွက် အသုံးပြုနေတာပါ။

အဲဒီလမ်းပိုင်းတွေမှာ ဒေါနတောင်ပေါ်လမ်းဟောင်းဟာ ကတ္တရာလမ်းဖြစ်ပေမယ့် ကားတစ်စီးသာသာပဲ သွားလာလို့ရသလို ကျန်တဲ့ ၁၀၁၈ လမ်း ၊ ထို့ကော်ကိုးလမ်း၊ ကြက်ဥတောင်(သေ့ကတေ)လမ်းတွေကတော့မြေသားလမ်းဖြစ်ပါတယ်။

ဒါကြောင့်မိုးတွင်းမှာသွားလာရေးခက်ခဲနိုင်တယ်လို့ သိရပါတယ်။

၁၀၁၈ လမ်းနဲ့ ကြက်ဥတောင်(သေ့ကတေ) လမ်းပိုင်းတွေကို စစ်ကောင်စီတပ် လက်အောက်ခံ BGF က ထိန်းချုပ်ထားပြီး ထို့ကော်ကိုးလမ်း လမ်းပိုင်းကိုတော့ အပစ်ရပ်ထားတဲ့ ကရင်ငြိမ်းချမ်းရေးကောင်စီ (PC ) က စိုးမိုးထားတာဖြစ်ပါတယ်။

၁၀၁၈ လမ်းကို ခေတ္တပိတ်လိုက်ရင်တော့ ကျန်တဲ့ ကြက်ဥတောင်(သေ့ကတေ) လမ်းနဲ့ ထို့ကော်ကိုးလမ်း တွေကို အသုံးပြုနိုင်ဦးမှာပါ။

လမ်းပိုင်းခေတ္တပိတ်မယ့် အကြောင်းနဲ့ပတ်သက်ပြီး BGF ပြောရေးဆိုခွင့်ရှိသူထံဆက်သွယ်ပေမယ့်အဆက်အသွယ်မရသေးပါဘူး။

ဆက်စပ်သတင်းများ

သတင်း

စစ်အုပ်စုရဲ့ဟန်ပြလုပ်ရပ်တွေ စိစစ်ပြီး ကျားဖြန့်လုပ်ငန်း အမှန်တကယ် တိုက်ဖျက်နေတဲ့ မြေပြင်အဖွဲ့တွေနဲ့ လက်တွဲပူးပေါင်းဖို့ အိမ်နီးချင်းနဲ့ နိုင်ငံတကာထံ တောင်းဆို

သတင်း

ထိုင်း - မြန်မာနယ်စပ် မြဝတီမြို့မှာ ကရင်နယ်ခြားစောင့်တပ်(BGF)တပ်ဖွဲ့ဝင် မောင်းနှင်လာတဲ့ကားက ဝင်တိုက်လို့ ကလေးငယ် ၁ဦးအပါအဝင်ဒေသခံအချို့ ဒဏ်ရာအပြင်းအထန်ရရှိသွားပြီး လမ်းဘေး ဈေးဆိုင်နဲ့ ကား၊ဆိုင်ကယ်တွေ ပျက်စီးမှုဖြစ်ပွားခဲ့ပါတယ်။

သတင်း

ကရင်ပြည်နယ်၊ မြ၀တီမြို့အခြေစိုက် စစ်တပ်လက်အောက်ခံကရင်နယ်ခြားစောင့်တပ်(BGF)အမှတ်(၄)တပ်နယ်မှူး ဗိုလ်မှူးကြီးစောမုတ်သုန်ကို လူကုန်ကူးမှု နဲ့ ထိုင်းရာဇဝတ်တရားရုံးက ဖမ်း၀ရမ်းအမိန့် ထုတ်ပြန်လိုက်ပါတယ်။

သတင်း

ကရင်ပြည်နယ်၊ မြဝတီမြို့တောင်ဘက်ခြမ်းက မင်းလက်ပံနဲ့ ဖလူးကျေးရွာကြီးတွေကို ထိန်းချုပ်ဖို့စစ်တပ်က DKBA နဲ့ BGF ခေါ်ပြီး တကျော့ပြန်ထိုးစစ်ဆင်တိုက်ခိုက်နေတယ်လို့လူထု​နွေဦးရဲ့ကရင်စစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။