Connect with us

Hi, what are you looking for?

News

ဖလမ်း-CDF နှင့် စစ်​ကောင်စီတပ်တို့ တိုက်ပွဲဖြစ်ရာ စစ်​ကောင်စီမှ ဗိုလ်ကြီးအပါအဝင် ​ခြောက်ဦး​သေဆုံး

CNDF(CDF-Falam) နှင့် အကြမ်းဖက်စစ်‌ကောင်စီ (အင်အား ၈ယောက်)တို့သည် မေလ ၂၁ ရက် ယနေ့နံနက် ၈နာရီခန့်တွင် ဖလမ်း-ကလေးလမ်း တစ်နေရာ၌ တိုက်ပွဲဖြစ်ရာ အကြမ်းဖက်စစ်ကော်စီတပ်ဖက်မှ ဗိုလ်ကြီးအဆင့်ရှိသူတစ်ဦးအပါအ၀င် ​ခြောက်ဦးသေဆုံးပြီး နှစ်ဦးမှာဒဏ်ရာဖြင့် ထွက်​ပြေးသွား​ကြောင်း Chinland Defense Force က ထုတ်ပြန်သည်။

ထို့အပြင် CNDF (CDF-Falam) တပ်ဖွဲ့ဖက်မှ နိုင်ငံနှင့်လူမျိုးအတွက် Salai Cung Nawl Piang တစ်ဦးမှာ အသက်ပေးလှူခဲ့ရ​ကြောင်း ထုတ်ပြန်သည်။

​မေလ၁၉ရက်ကလည်း မင်းတပ်-မတူပီ လမ်းမိုင် ၄၀ – ၅၀ ​ကြားတွင် CDF-Mindat နှင့် စစ်သူပုန် အကြမ်းဖက်စစ်တပ်များ တိုက်ပွဲဖြစ်ခဲ့ပြီး တပ်ကြပ်တစ်ဦး အပါအဝင် စစ်သား နှစ်ဦး စုစုပေါင်းသုံးဦး သေဆုံးခဲ့​ကြောင်း CDF က ​မေလ ၂၀ရက်တွင် ထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

ခေါင်လန်ဖူးဒေသခံတွေ ပူတာအိုဘက် စစ်ရှောင်ရဟု KIA ပြော

သတင်း

ချင်းညီနောင်အဖွဲ့ဝင် ချင်းပြည်သူ့တပ်မတော်(CPA)ထိန်းချုပ်နယ်မြေတွေ ဖြစ်တဲ့ ချင်းတောင်ပိုင်း မင်းတပ်နဲ့ ကန်ပက်လက်မြို့နယ်တိုက်ပွဲတွေမှာ စစ်တပ်က သေဆုံးထိခိုက်များပြားခဲ့ပြီး စစ်တပ်ရဲ့ လက်နက်ခဲယမ်းများစွာ သိမ်းရခဲ့ကြောင်း CPU/CPAက ဒီကနေ့ သတင်းထုတ်ပြန်ပါတယ်။

သတင်း

ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်၊ ဒေါငံခါးတိုက်ပွဲအတွင်း စစ်တပ်အထိနာတာကြောင့် လေကြောင်း တိုက်ခိုက်မှုတွေ အပြင်းအထန်လုပ်နေတယ်လို့ စစ်ရေးသတင်းရင်းမြစ်တချို့က ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ဗန်းမော်မြို့မှာ ဒီကနေ့ ဇူလိုင် ၃၀ မနက်ကစတင်ပြီး တိုက်ပွဲတွေ ပြင်းထန်ခဲ့ကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်အချို့က ပြောပါတယ်။