CNDF(CDF-Falam) နှင့် အကြမ်းဖက်စစ်ကောင်စီ (အင်အား ၈ယောက်)တို့သည် မေလ ၂၁ ရက် ယနေ့နံနက် ၈နာရီခန့်တွင် ဖလမ်း-ကလေးလမ်း တစ်နေရာ၌ တိုက်ပွဲဖြစ်ရာ အကြမ်းဖက်စစ်ကော်စီတပ်ဖက်မှ ဗိုလ်ကြီးအဆင့်ရှိသူတစ်ဦးအပါအ၀င် ခြောက်ဦးသေဆုံးပြီး နှစ်ဦးမှာဒဏ်ရာဖြင့် ထွက်ပြေးသွားကြောင်း Chinland Defense Force က ထုတ်ပြန်သည်။
ထို့အပြင် CNDF (CDF-Falam) တပ်ဖွဲ့ဖက်မှ နိုင်ငံနှင့်လူမျိုးအတွက် Salai Cung Nawl Piang တစ်ဦးမှာ အသက်ပေးလှူခဲ့ရကြောင်း ထုတ်ပြန်သည်။
မေလ၁၉ရက်ကလည်း မင်းတပ်-မတူပီ လမ်းမိုင် ၄၀ – ၅၀ ကြားတွင် CDF-Mindat နှင့် စစ်သူပုန် အကြမ်းဖက်စစ်တပ်များ တိုက်ပွဲဖြစ်ခဲ့ပြီး တပ်ကြပ်တစ်ဦး အပါအဝင် စစ်သား နှစ်ဦး စုစုပေါင်းသုံးဦး သေဆုံးခဲ့ကြောင်း CDF က မေလ ၂၀ရက်တွင် ထုတ်ပြန်ထားသည်။
