Connect with us

Hi, what are you looking for?

သတင်း

မင်းဘူးမြို့နယ်ပြည်သူ့စစ်ခေါင်းဆောင် ဖမ်းဆီးရာခုခံသဖြင့် ပစ်ခတ်ခဲ့ရဟု ပုပ္ပါးတပ်PGFပြော

မန္တလေးတိုင်း၊ညောင်ဦးခရိုင်၊ ကျောက်ပန်းတောင်းမြို့နယ် လမ်းပိုင်းတနေရာ၌ မင်းဘူးမြို့နယ် ပြည်သူ့စစ်ခေါင်းဆောင်အား ဖမ်းဆီးရာ ပြန်လည်ခုခံသဖြင့် ပစ်ခတ်ခဲ့ရကြောင်း Popa Guerilla Force (PGF)တပ်ဖွဲ့က ယနေ့(ဧပြီ ၂၅ ရက်)တွင် ထုတ်ပြန်သည်။

မင်းဘူးမြို့နယ် ပြည်သူ့စစ်ခေါင်းဆောင် မောင်းနင်လာသော ကားနှင့် သိမ်းရသော ပစ္စည်းများ။ ဓာတ်ပုံ − PGF

ဧပြီ ၂၅၊၂၀၂၅။ရဲခေါင်/People’s Spring

မန္တလေးတိုင်း၊ညောင်ဦးခရိုင်၊ ကျောက်ပန်းတောင်းမြို့နယ် လမ်းပိုင်းတနေရာ၌ မင်းဘူးမြို့နယ် ပြည်သူ့စစ်ခေါင်းဆောင်အား ဖမ်းဆီးရာ ပြန်လည်ခုခံသဖြင့် ပစ်ခတ်ခဲ့ရကြောင်း Popa Guerilla Force (PGF)တပ်ဖွဲ့က ယနေ့(ဧပြီ ၂၅ ရက်)တွင် ထုတ်ပြန်သည်။

မကွေးတိုင်း၊မင်းဘူးမြို့နယ် ခလရ (၈၈)တပ်ရင်း လက်အောက်ခံ ပြည်သူ့စစ်ခေါင်းဆောင်ဌေးနိုင်နှင့် အမျိုးသမီးတစ်ဦးတို့ ကားဖြင့်လာကြောင်း ဧပြီ ၂၂ ရက်က သတင်းရ၍ စောင့်ကြိုဖမ်းဆီးခဲ့သည်ဟု ဆိုသည်။

ဌေးနိုင်နှင့်အမျိုးသမီးတို့မှာ ခုခံထွက်ပြေးရန်ကြိုးစားသဖြင့် နေရာတွင်ပင် ပစ်ခတ်ရှင်းလင်းခဲ့ရကြောင်း အသိပေးသည်။

Public Service Announcement

Public Service Announcement

“ဌေးနိုင်က ခလရ(၈၈)မှာ ပသစ သင်တန်းဆင်းအပတ်စဥ်(၁)ရဲ့ခေါင်းဆောင်။တိုက်ပွဲတွေမှာလည်းပါခဲ့ဖူးတယ်။ပြီးတော့ မြို့ဝင်?မြို့ထွက်တွေမှာလည်း စစ်ဆေး နေတဲ့သူတစ်ယောက်။ ကျောက်ပန်းတောင်လမ်းပိုင်းကို လူမှုရေးကိစ္စနဲ့ စခ ဗိုလ်မှူးက ခိုင်းလို့ သူလာတယ်။အဲဒီလိုတော့ မြင်တယ်”ဟု PGF တာဝန်ရှိသူက လူထုနွေဦးသို့ ပြောသည်။

တိုက်ခိုက်မှုအတွင်း ၎င်းတို့မောင်းနှင်လာသော စစ်ကောင်စီ၏ ဗိုလ်မှူးမင်းဝေ၏ ကားတစ်စီးနှင့်အတူ ကာဘိုင်ကျည် (79) တောင့်၊ကျည်ဘောက်တစ်ဘောက် ၊ဗုံးသီးတလုံး၊icon တစ်လုံး၊ဓါးတစ်ချောင်း၊ဖုန်းလေးလုံးနှင့် ဝန်ထမ်းကဒ်ဘက်တံဆိပ်နှင့် စပ်ဆက်ပစ္စည်းများ သိမ်းဆည်းရမိခဲ့ကြောင်းဖော်ပြသည်။

ဌေးနိုင်နှင့်အမျိုးသမီးတို့၏ ခုခံခဲ့မှုကြောင့် ရဲဘော်နှစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်းလည်း PGF တပ်ဖွဲ့က ပြောသည်။

ယခုနှစ် မတ်လ ၁၀ ရက်ကလည်း ကျောက်ပန်းတောင်းမြို့နယ် သရက်တောကျေးရွာမှ ပျူခေါင်း ဆောင် ကျော်ဆန်းဝင်း(ခေါ်)ငချွန် သည် လူငယ်များအား စစ်မှုထမ်းရန် အတင်းအဓမ္မစည်းရုံးခြင်း၊ကျေးရွာလျှပ်စစ်ရန်ပုံငွေများကို အတင်းအဓမ္မကောက်ခံသိမ်းယူခြင်း၊တော်လှန်ရေးသမားများနှင့်ဆက်စပ်သူများကို သတင်းပေးတိုင်ကြားဖမ်းဆီးခိုင်းခြင်းများ ပြုလုပ်ခဲ့သည့် ခိုင်လုံသောသတင်းကြောင့် ဖမ်းဆီးခဲ့ကြောင်း PGFတပ်ဖွဲ့က ထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊ မင်းဘူးမြို့နယ်၊ မုတ္တောကြီးကျေးရွာက မသန်စွမ်းအမျိုးသမီး ၁ဦး နဲ့ ကလေးငယ် ၁ဦးကို စစ်တပ်စစ်ကြောင်းက သတ်ဖြတ်သွားတယ်လို့ သိရပါတယ်။

သတင်း

ရှမ်းပြည်နယ်မြောက်ပိုင်း၊မူဆယ် ၁၀၅ မိုင်ကုန်သွယ်ရေးဇုန်အနီးမှာလုံထန်ပြည်သူ့စစ်ခေါင်းဆောင်ရဲ့ချွေးမက မူးယစ်ဆေးကြောင်ပြီး ကားမောင်းလာစဉ် MNDAAနဲ့ AA တပ်ဖွဲ့ဝင်တွေကတားဆီးချိန်ဂိတ်ကိုတိုက်ပြီးမောင်းပြေးရာ ​သေနတ်နဲ့ပစ်ခတ်လိုက်တဲ့အတွက်သေဆုံးသွားတယ်လို့သိရပါတယ်။

သတင်း

စစ်တပ်အခိုင်မာတပ်စွဲထားတဲ့ မင်းဘူး(စကု)မြို့က ဥယျာဉ်တံတားစစ်ဆေးရေးဂိတ်စခန်းကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နဲ့ပူးပေါင်းတပ်တွေက စီးနင်းတိုက်ခိုက်ပြီး မီးရှို့ဖျက်ဆီးလိုက်ပါတယ်။

သတင်း

ရပ်ကွက်အုပ်ကြီးရွေးပွဲမှာ ဇနီးဖြစ်သူ ရှုံးနိမ့်ခဲ့လို့ ဖမ်းဆီးတာလို့ ဆို

Facebook