Connect with us

Hi, what are you looking for?

သတင်း

မိုးကောင်းမြို့ ရပ်ကွက်အုပ်ကြီးသစ်ကို ပြည်သူ့စစ်ခေါင်းဆောင် ဖမ်းဆီး

ရပ်ကွက်အုပ်ကြီးရွေးပွဲမှာ ဇနီးဖြစ်သူ ရှုံးနိမ့်ခဲ့လို့ ဖမ်းဆီးတာလို့ ဆို

(ပြည်သူ့စစ်ခေါင်းဆောင်တင်မိုးနဲ့ သူ့ဇနီးကို တွေ့ရစဥ်)

ဇွန်-၂၆၊ ၂၀၂၆။ People’s Spring

ကချင်ပြည်နယ်၊ မိုးကောင်းမြို့ ကျွန်းတောရပ်ကွက် အုပ်ချုပ်ရေးမှူး ရွေးချယ်ပွဲမှာ ရှုံးနိမ့်ခဲ့သူရဲ့ ခင်ပွန်းဖြစ်သူ ပြည်သူ့စစ်ခေါင်းဆောင်က ရွေးချယ်ခံရတဲ့ စစ်တပ်ရဲ့ ရပ်ကွက်အုပ်ချုပ်ရေးမှူးသစ်ကို ဖမ်းဆီးသွားတယ်လို့ ဖြစ်စဉ်သိရှိသူ ဒေသခံသတင်းရင်းမြစ်က ပြောပါတယ်။

ကျွန်းတောရပ်ကွက် အုပ်ချုပ်ရေးမှူး ရွေးချယ်ပွဲမှာ ဦးစိန်ကျော်လှိုင်ဆိုသူနဲ့ ပြည်သူ့စစ်ခေါင်းဆောင် တင်မိုးရဲ့ ဇနီး ဒေါ်ထွေးထွေးတို့ ဝင်ရောက်အရွေးခံခဲ့ရာ ဦးစိန်ကျော်လှိုင်က အနိုင်ရခဲ့တာလို့ ဆိုပါတယ်။

အဲဒါကို မကျေနပ်တဲ့ ပြည်သူ့စစ်ခေါင်းဆောင် တင်မိုးက သူ့ဇနီးဖြစ် အုပ်ချုပ်ရေးမှူး မလုပ်လိုက်ရလို့ အောင်ရတနာအပိုင်းရှိ ဦးစိန်ကျော်လှိုင်နေအိမ်ကို ပြည်သူ့စစ် လူအင်အားသုံးကာ ဝိုင်းရံ ပိတ်ဆို့ပြီး အုပ်ကြီးသစ်ကို ရိုက်နှက် ဖမ်းဆီး ခေါ်ဆောင်သွားခဲ့တယ်လို့ ဒေသခံ သတင်းရင်းမြစ်က ပြောပါတယ်။

Public Service Announcement

Public Service Announcement

ပြည်သူ့စစ်ခေါင်းဆောင် တင်မိုးဟာ ၂၀၂၂ တုန်းက ကချင်လွတ်လပ်ရေးတပ်မတော်(KIA)က ဖမ်းဆီးခဲ့ဖူးသူ ဖြစ်ပြီး နောက်ပိုင်း ပြန်လွတ်လာပြီး လက်ရှိမှာ စစ်တပ်လက်အောက်ခံ ပြည်သူ့စစ်ခေါင်းဆောင်လုပ်နေတာလို့ ဆိုပါတယ်။

ဦးစိန်ကျော်လှိုင်ကို ဘယ်ခေါ်သွားတယ်ဆိုတာ ပြည်သူ့စစ်တွေက အသိမပေးလို့ မိသားစုဝင်တွေက စိတ်သောက ရောက်နေကြရတယ်လို့ ပြောပါတယ်။

အာဏာသိမ်းစစ်တပ်နဲ့ လက်ပါးစေတွေဟာ ပြည်သူလူထုအပေါ် နည်းမျိုးစုံနဲ့ ဖိနှိပ်မှုတွေ လုပ်ဆောင်နေသလို သူတို့ အချင်းချင်း ကြားမှာလည်း ကြီးနိုင်ငယ်ညှင်း အမူအကျင့်တွေ လုပ်ဆောင်နေတာတွေ တွေ့နေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ်၊မိုးကောင်းမြို့မှာပြီးခဲ့တဲ့ရက်ပိုင်းတွေအတွင်းမိုးများတာကြောင့်ဧရာဝတီမြစ်ရေတက်လာပြီး မြို့ရဲ့မြေနိမ့်ပိုင်းရပ်ကွက်တွေမှာ ရေဘေးကြုံနေရတယ်လို့ဒေသခံတွေနဲ့လူမှုကူညီရေးလုပ်ကိုင်သူတွေဆီကသိရပါတယ်။

သတင်း

မြန်မာ-ထိုင်းနယ်စပ်မြဝတီမြို့တွင်ယ​နေ့ည၌ပေါက်ကွဲသံအချို့ကြားရကြောင်း ဒေသခံများက ပြောသည်။

သတင်း

မန္တလေးတိုင်း၊ညောင်ဦးခရိုင်၊ ကျောက်ပန်းတောင်းမြို့နယ် လမ်းပိုင်းတနေရာ၌ မင်းဘူးမြို့နယ် ပြည်သူ့စစ်ခေါင်းဆောင်အား ဖမ်းဆီးရာ ပြန်လည်ခုခံသဖြင့် ပစ်ခတ်ခဲ့ရကြောင်း Popa Guerilla Force (PGF)တပ်ဖွဲ့က ယနေ့(ဧပြီ ၂၅ ရက်)တွင် ထုတ်ပြန်သည်။

သတင်း

ဟင်္သာတမြို့ ၊လယ်တီကွင်းရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးဝင်းအောင်ထွန်းသည် စစ်ကောင်စီက တရားမဝင်ခွင့်ပြုပေးထားသည့် ကြက်ဝိုင်းတွင်း ဓားထိုးခံရပြီး ဒဏ်ရာအပြင်းအထန်ရရှိသွားသည်။