Connect with us

Hi, what are you looking for?

သတင်း

မိုးဗြဲတွင် စစ်ကောင်စီတပ်၏ စနိုက်ပါတပ်သားတစ်ဦး လက်နက်ဖြင့် အလင်းဝင်လာ

စစ်ကောင်စီတပ်၏ စနိုက်ပါတပ်သားတစ်ဦး လက်နက်ယူလာပြီး အလင်းဝင်လာကြောင်း မိုးဗြဲမြို့ ရှေ့တန်းစစ်မြေပြင်မှ ရဲဘော်အချို့က လူထုနွေဦးသို့ ပြောသည်။

အလင်းဝင်လာသော စစ်ကောင်စီ၏ စနိုက်ပါတပ်သား၏ လက်နက်ကို တွေ့ရစဥ်။ဓာတ်ပုံ − CJ

ဧပြီ ၂၅၊၂၀၂၅။ရဲခေါင်/People’s Spring

စစ်ကောင်စီတပ်၏ စနိုက်ပါတပ်သားတစ်ဦး လက်နက်ယူလာပြီး အလင်းဝင်လာကြောင်း မိုးဗြဲမြို့ ရှေ့တန်းစစ်မြေပြင်မှ ရဲဘော်အချို့က လူထုနွေဦးသို့ ပြောသည်။

ရှမ်းပြည်တောင်ပိုင်းနှင့် ကရင်နီပြည်နယ်အစပ် မိုးဗြဲမြို့၌ တိုက်ပွဲပြင်းထန်နေစဉ် စစ်ကောင်စီတပ်၏ စနိုက်ပါတပ်သားတစ်ဦးက ဧပြီ ၂၄ရက်တွင် ခမရ(၄၂၂)တပ်ရင်းမှ ထွက်ပြေးလာခြင်းဟု ဆိုသည်။

“ကင်းရှေ့ထိ ရောက်အောင်ပြေးလာတာ။ ပစ (အဓမ္မစစ်မှုထမ်း)မဟုတ်ဘူး။အရင် စစ်တပ်မူလ တပ်သားတစ်ဦး”ဟု မိုးဗြဲမြို့ရှိ ရဲဘော်တစ်ဦးက စစ်ကောင်စီ၏ စနိုက်ပါတပ်သားအလင်းဝင်လာမှုအပေါ် ရှင်းပြသည်။

Public Service Announcement

Public Service Announcement

စနိုက်ပါတပ်သား ယူဆောင်လာသည့် MAS(Myanmar Army Sniper)ပုံပြောင်းအသစ်သည် ယခင် ရှမ်းမြောက် ၁၀၂၇စစ်ဆင်ရေးနှင့် ရခိုင်ပြည်နယ်စစ်ပွဲတွင်သာ တွေ့ခဲ့ရသည့် လက်နက်အမျိုးအစားဟုလည်း ကရင်နီစစ်ဘက်သတင်းရင်း​မြစ်က အသိပေးသည်။

“MASကို ၂၀၁၉ တုန်းက ထိုင်းနိုင်ငံဘန်ကောက်မြို့က လက်နက်ကုန်စည်ပြပွဲ မှာ Made in DI အဖြစ် ပထမဆုံးပြသခဲ့တဲ့ကောင် ဖြစ်ပြီး ကပစကနေ အရေအတွက်အကန့်သတ်နဲ့သာ ထုတ်ထားပါတယ်။ကျည်ကတော့ ၇.၆၂ နေတိုးကျည် ဖြစ်ပြီး(စက်လတ် MG3 နဲ့ MAS -1 အဟောင်းတို့က ကျည်အတူတူသုံးပါတယ်။ သီးခြားထုတ်တာ မရှိသေးပါဘူး။ စကုတ်ကတော့ ထူးထူးခြားခြား အဖြစ် ဘီလာရုစ်နိုင်ငံထုတ် POSP 4-12×42 W Pro စကုတ်သုံးထားပါတယ်။Scope က အလင်းအားနည်းပြီးအမှောင်များနေချိန်မှာတောင်ပစ် မှတ်ကိုရှင်းလင်းစွာချိန်တွယ်နိုင်စွမ်းရှိပါတယ်။တိကျမှု မီတာ၁၀၀၀ရှိတာမို့ ရဲဘော်များ သတိထားစေလိုပါတယ်”ဟု ၎င်းက ပြောသည်။

အဆိုပါစစ်ကောင်စီ၏ စနိုက်ပါတပ်သားကို သက်ဆိုင်ရာ CDM ဌာနသို့ လွှဲပြောင်းပေးရန်လုပ်ဆောင်နေကြောင်းလည်း သိရသည်။

“ထိတွေ့မှုက ဖြစ်နေပါတယ်။တိုက်ပွဲ ငယ်တွေလောက်ပဲ”ဟု ကရင်နီတပ်ဖွဲ့ဝင်တစ်ဦးက လက်ရှိ မိုးဗြဲမြို့စစ်ရေးအခြေအနေကို ပြောသည်။

ကရင်နီတပ်ပေါင်းစုလက်ထဲမှ မိုးဗြဲ မြို့ကို စစ်ကောင် စီသည် ပြန်လည်ထိန်းချုပ်ရန်ကြိုးပမ်းနေသည်မှာ လေးလကျော်ကြာရှိနေပြီး ဖြစ်သည်။

စစ်ကောင်စီ၏ ထိုးစစ်တွင် အဓမ္မစစ်သားသစ်စုဆောင်ခံထားရသည့် စစ်မှုထမ်းတပ်သားများကို အသေခံတက်ခိုင်း၍ ကရင်နီတပ်ပေါင်းစုထံ အလင်းဝင်လာသူ ၁၀၀ကျော်ရှိထားသည်။

ဆက်စပ်သတင်းများ

သတင်း

အာဏာရှင်စစ်တပ်အောက်က ရုန်းထွက်အလင်းဝင်ကြဖို့ KIA တပ်မှူး တိုက်တွန်း

သတင်း

ရှမ်းတောင်ပိုင်းနဲ့ ကရင်နီပြည်ဒေသအစပ်က မိုးဗြဲမြို့မှာ တိုက်ပွဲတွေ ဆက်ပြင်းထန်နေပြီး အထိနာနေတဲ့ စစ်တပ်က လေကြောင်းတိုက်ခိုက်မှုတွေ လုပ်နေတယ်လို့ ဒေသခံစစ်ရေးသတင်းရင်းမြစ်တချို့က ပြောပါတယ်။

သတင်း

ပြည်သူ့ပန်းတိုင်က အပတ်စဉ် တင်ဆက်နေကျဖြစ်တဲ့ စစ်ကောင်စီရဲ့ "ပြေးဟပရောဂျက် ယခုတစ်ပတ်" အစီအစဉ်ကို ဒီကနေ့ အောက်တိုဘာ ၁၂ရက်မှာ ထုတ်ပြန်ခဲ့ရာ အောက်တိုဘာ ပထမပတ်အတွင်း အလင်းဝင်၊ လက်နက်ချနဲ့ စစ်သုံ့ပန်း စစ်ကောင်စီ တပ်ဖွဲ့ဝင် ၂၂ဦး ရှိတယ်လို့ အသိပေးပါတယ်။

သတင်း

ရှမ်းပြည်နယ်တောင်ပိုင်း၊မိုးဗြဲမြို့နယ်အတွင်းက တိုက်ပွဲတနေရာမှာ ရဲဘော် ၁ဦးကျဆုံးခဲ့တယ်လို့ မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ်က ဒီကနေ့ ထုတ်ပြန်ပါတယ်။