Connect with us

Hi, what are you looking for?

သတင်း

ကံမမြို့နယ် ရေနံ့သာရဲစခန်းကို တော်လှန်ရေးတပ်ဖွဲ့များ ဝင်ရောက်စီးနင်းပြီး စခန်းကို မီးရှို့

မကွေးတိုင်း၊ သရက်ခရိုင်၊ ကံမမြို့နယ် ရေနံ့သာကျေးရွာရှိ စစ်ကောင်စီနယ်မြေရဲစခန်းကို ယနေ့ (ဧပြီ ၂၅)နံနက် ၄ နာရီခန့်တွင် တော်လှန်ရေးတပ်ဖွဲ့များက ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့ကြောင်း ဒေသခံများထံမှ ကနဦးသတင်းရရှိသည်။

ဧပြီ ၂၅၊ ၂၀၂၅။ People’s Spring

မကွေးတိုင်း၊ သရက်ခရိုင်၊ ကံမမြို့နယ် ရေနံ့သာကျေးရွာရှိ စစ်ကောင်စီနယ်မြေရဲစခန်းကို ယနေ့ (ဧပြီ ၂၅)နံနက် ၄ နာရီခန့်တွင် တော်လှန်ရေးတပ်ဖွဲ့များက ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့ကြောင်း ဒေသခံများထံမှ ကနဦးသတင်းရရှိသည်။

အဆိုပါစခန်းအား ဝင်ရောက်စီးနင်းစဥ် စခန်းရှိ စစ်ကောင်စီလက်အောက်ခံ ရဲအချို့ ထွက်ပြေးလွတ်မြောက်သွားသော်လည်း စခန်းမှူးအား ဖမ်းဆီးခေါ်ဆောင်သွားသည်ဟု ဒေသခံများက ပြောသည်။ သို့သော် စခန်းမှူး ဖမ်းဆီးခံရခြင်းရှိမရှိ လူထုနွေဦးမှ သီးခြားအတည်မပြုနိုင်သေးပေ။

“အဲဒီဖြစ်စဥ်ကို ကျနော်တို့ ထုတ်ပြန်နိုင်ခြင်း မရှိသေးပါဘူးဗျ။ အထက်က ညွှန်ကြားထားလို့ပါ။ ဖြေဆိုနိုင်ခြင်းမရှိသေးပါဘူး။ အရပ်ဘက်ရင်း မြစ်တွေနဲ့ချိတ်ဆက်ပြီး သတင်းကို အတည်ပြုပေးပါ”ဟု သရက်ခရိုင်အခြေစိုက် PDF တပ်ရင်းတစ်ခုမှ တာဝန်ရှိသူတစ်ဦးက လူထုနွေဦးသို့ ပြောသည်။

Public Service Announcement

Public Service Announcement

ရေနံ့သာရဲစခန်းအား စီးနင်းရာတွင် စခန်းရဲများထွက်ပြေးသွားရာ ယင်းစခန်းကို တော်လှန်ရေးတပ်ဖွဲ့များက မီးရှို့ဖျက်ဆီးနိုင်ခဲ့သည့်အပြင် စခန်းမှူး၏ကားဟုဆိုသည့် ကားတစ်စီးနှင့် ဆိုင်ကယ်အချို့ကိုလည်း တော်လှန်ရေးတပ်ဖွဲ့များက သိမ်းဆည်းမောင်းနှင်သွားကြောင်း ဒေသခံများက ပြောသည်။

အထက်ပါ ရေနံသာတိုက်နယ်ရဲစခန်း စီးနင်းမီးရှို့ခံရမှုနှင့်စပ်လျဥ်း၍ စစ်ကောင်စီထောက်ခံသည့်အသိုင်းအဝိုင်းမှ ဖေ့စ်ဘွတ်လူမှုကွန်ရက်၌ ရေး သားပြောဆိုကြရာတွင် ပေါ့ဆ၍ ပါသွားခြင်းဖြစ်ကြောင်း မှတ်ချက်ပြုထားကြသည်ကို တွေ့ရသည်။

တော်လှန်ရေးတပ်ဖွဲ့များ စီးနင်းခဲ့သည့် ရဲစခန်းတည်ရှိရာ ရေနံ့သာတိုက်နယ်သည် ကံမမြို့နှင့် ၁၄ မိုင်ခန့်အကွာတွင် တည်ရှိပြီး သရက်-ကံမလမ်းပေါ်တွင်တည်ရှိသည့် ကျေးရွာကြီးတစ်ရွာဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊ မြိုင်မြို့နယ်ရှိ မြဇီးတောရွာကို အာဏာသိမ်းစစ်တပ်က ဝင်ရောက်မီးရှို့ဖျက်ဆီးရာ ဘုန်းကြီးကျောင်းနဲ့ နေအိမ် ၂၀ ကျော်အပြင် အိမ်သုံးနဲ့ လယ်ယာသုံးစက်ပစ္စည်းတွေ မီးလောင် ပျက်စီးခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

တနင်္သာရီတိုင်း၊ လောင်းလုံမြို့နယ်အတွင်းမှာ တော်လှန်ရေးတပ်တွေနဲ့ စစ်တပ်အကြား တိုက်ပွဲတွေ ဆက်ဖြစ်နေပြီး စစ်တပ်က ဒေသခံပြည်သူတွေရဲ့ နေအိမ်တွေ မီးရှို့ ဖျက်ဆီးတာတွေ ဆက်လုပ်ခဲ့တယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်မှာ အာဏာသိမ်းစစ်တပ်က ဒေသခံပြည်သူတွေရဲ့ နေအိိမ်တွေအပြင် စေတီပုထိုးတွေကိုပါ မီးရှို့ဖျက်ဆီးသွားကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

​မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ မြစ်ခြေမြို့က နေအိမ်မီးရှို့ခံရတဲ့ ပြည်သူတွေအတွက် အိမ်ပြန်ဆောက်ဖို့ဝါးနဲ့ စားနပ်ရိက္ခာတွေ အရေးပေါ်လိုအပ်နေကြောင်း ပခုက္ကူမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က သတင်းထုတ်ပြန်ပါတယ်။