Connect with us

Hi, what are you looking for?

သတင်း

မင်းလှတိုက်ပွဲ စစ်ကောင်စီတပ်သား ၁၀ဦးသေ၊ လက်နက် ၁၂လက်ရဟု PDF ထုတ်ပြန်

ပဲခူးတိုင်း(အနောက်ခြမ်း)၊ သာယာဝတီခရိုင်၊ မင်းလှမြိုနယ်အတွင်း စစ်ကြောင်းထိုးဝင်ရောက်လာသည့် စစ်ကောင်စီတပ် နှင့် အမှတ်(၂) စစ်ဆင်ရေးနယ်မြေ၊ တိုင်းစစ်ဌာန(ပဲခူး)၊ဗျူဟာ (၂၂)၊ မဟာမိတ်တော်လှန်ရေးပူးပေါင်းတပ်ဖွဲတို့ ယနေ့(ဧပြီ ၂၈ရက်)တိုက်ပွဲဖြစ်ပွားရာ စစ်ကောင်စီတပ်ဖွဲဝင် (၁၀)‌‌‌‌‌‌ဦး သေဆုံးပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိခဲ့ကြောင်းတောင်ပိုင်းစစ်ဒေသ အမှတ်(၂) စစ်ဒေသခွဲက သတင်းထုတ်ပြန်သည်။

မင်းလှမြို့နယ်တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ထံမှ သိမ်းရသော လက်နက်ခံယမ်းများ။ ဓာတ်ပုံ − တောင်ပိုင်းစစ်ဒေသ အမှတ် -၂ စစ်ဒေသခွဲ

ဧပြီ ၂၈၊၂၀၂၅။ထားမြတ်/People’s Spring

ပဲခူးတိုင်း(အနောက်ခြမ်း)၊ သာယာဝတီခရိုင်၊ မင်းလှမြိုနယ်အတွင်း စစ်ကြောင်းထိုးဝင်ရောက်လာသည့် စစ်ကောင်စီတပ် နှင့် အမှတ်(၂) စစ်ဆင်ရေးနယ်မြေ၊ တိုင်းစစ်ဌာန(ပဲခူး)၊ဗျူဟာ (၂၂)၊ မဟာမိတ်တော်လှန်ရေးပူးပေါင်းတပ်ဖွဲတို့ ယနေ့(ဧပြီ ၂၈ရက်)တိုက်ပွဲဖြစ်ပွားရာ စစ်ကောင်စီတပ်ဖွဲဝင် (၁၀)‌‌‌‌‌‌ဦး သေဆုံးပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိခဲ့ကြောင်းတောင်ပိုင်းစစ်ဒေသ အမှတ်(၂) စစ်ဒေသခွဲက သတင်းထုတ်ပြန်သည်။

ယနေ့ (ဧပြီလ ၂၈ ရက်)နံနက်တွင် မင်းလှမြိုနယ်၊ ဆားချောင်းကျေးရွာဘက်မှ အင်အား(၇၀)ခန့်ပါ စစ်ကောင်စီစစ်ကြောင်းသည် လက်နက်ကြီး၊ လက်နက်ငယ်များ ပစ်ခတ်၍ ငမိုးရိပ်ကျေးရွာဘက်သို စစ်ကြောင်းထိုးဝင်ရောက်လာခဲ့ခြင်းဖြစ်သည်ဟုဆိုသည်။

အဆိုပါ စစ်ကောင်စီတပ်သည် ဇရစ်မြောင်ကျေးရွာဘက်သို ထပ်မံစစ်ကြောင်းထိုးလာချိန်တွင် ‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌တော်လှန်ရေးပူးပေါင်းတပ်ဖွဲများနှင့် ၂နာရီခွဲကြာ တိုက်ပွဲဖြစ်ခဲ့ပြီး စစ်ကောင်စီတပ် အထိနာခဲ့ကြောင်း ဖော်ပြသည်။

Public Service Announcement

Public Service Announcement

အထိနာသည့် စစ်ကောင်စီ၏ စစ်ကူစစ်ကြောင်းသည်လည်း တောင်ပြတ်ကျေးရွာမှ တစ်ဆင့် ဂန့်ဂေါ်ပင်ကျေးရွာသို ထပ်မံစစ်ကြောင်းထိုး ဝင်ရောက်လာခဲ့သည့်အပြင် တိုက်ခိုက်ရေး ရဟတ်ယာဉ်၊ တိုက်လေယာဉ်တို့ဖြင့် ပစ်ကူပေးကာ နေ့လည်ပိုင်း၌ ထောက်ကြံ့ကျေးရွာဘက် ဆုတ်ခွာသွားဟု ထုတ်ပြန်သည်။

ထိတွေ့တိုက်ပွဲများအတွင်း စစ်ကောင်စီ စစ်ကြောင်းမှ (၁၀)ဦး သေဆုံးခဲ့ပြီး တိုက်ပွဲအတွင်း တော်လှန်ရေးပူးပေါင်းတပ်မှ ရဲဘော် ၁ဦး ဒဏ်ရာရခဲ့ကြောင်း ဖော်ပြသည်။

“မင်းလှဒေသ စကစ တပ်မ ၉၉ ပိုးလို့ပက်လက်၊ ယနေ့ မင်းလှဘက်မှဒေသခံနဲ့ စကားပြောဖြစ်တယ်၊ အရင်နေ့တွေ့ကလဲ အလံဖြူထောင်ကြတဲ့ လူတွေ့ရှိပါသေးတယ်။အညာမြေက အညာကိုင်နေကြပြီ” ဟု စစ်ရေးသတင်းရင်းမြစ်တစ်ဦးက မင်းလှတိုက်ပွဲ အခြေအ​နေကို ဖေစ်ဘွခ်လူမှုကွန်ယက်၌ ရေးသားထားသည်။

တိုက်ပွဲဖြစ်ပွားမှု၊ လက်ရှိ စစ်ရေးအခြေအနေများနှင့် ပတ်သက်၍ မေးမြန်းရန် တောင်ပိုင်းစစ်ဒေသ အမှတ်(၂) စစ်ဒေသခွဲသို့ ဆက်သွယ်ထားဆဲဖြစ်သည်။

တိုက်ပွဲများအတွင်း စစ်ကောင်စီထံမှလက်နက်ငယ် (၁၁)လက်၊ ကွန်မန်ဒိုပြောင်းတို (၁)လက်၊ ခဲယမ်းများနှင့် ဆက်စပ် စစ်သုံးပစ္စည်းများကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲများက သိမ်းဆည်းရရှိခဲ့ဟု အသိပေးသည်။

စစ်ကောင်စီတပ်အား အမှတ်(၂) စစ်ဆင်ရေးနယ်မြေ၊ တိုင်းစစ်ဌာန (ပဲခူး)၊ ဗျူဟာ (၂၂) ကွပ်ကဲမှုအောက်ရှိ အမှတ် (၃၇၀၁)တပ်ရင်း၊ (၃၈၀၁)တပ်ရင်း၊ (၃၈၀၂)တပ်ရင်း၊ (၃၈၀၃)တပ်ရင်း နှင့် ACDS (Asho Chin Defense Force) တပ်ဖွဲတို့ ပူးပေါင်းတိုက်ခိုက်ခဲ့ကြခြင်းဖြစ်ကြောင်း ထုတ်ပြန်သည်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ် ဗန်းမော်မြို့နယ်မှာ တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေပြီး စက်တင်ဘာ ၂၇ရက် မနက်ပိုင်းတိုက်ပွဲမှာ စစ်တပ်အထိနာကာ သေဆုံးထိခိုက်ရှိခဲ့ကြောင်း ကချင် သတင်းရင်းမြစ်အချို့က ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ကနီမြို့ထဲမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်အချို့ဟာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေဆီ လက်နက်ချအလင်းဝင်လာတယ်လို့ သတင်းရရှိပါတယ်။

သတင်း

စစ်ကောင်စီက e-ID စနစ်နဲ့ ပြည်သူတွေကို တင်းကျပ်စွာစောင့်ကြည့်နေရာကနေ ယခုအခါ သံဃာထုကိုပါ ထိန်းချုပ်ဖို့ မန္တလေးမြို့က ရဟန်း၊ သာမဏေနဲ့ သီလရှင်တွေကို Unique ID နံပါတ် ထုတ်ပေးဖို့ ပြင်ဆင်နေကြောင်း သတင်းရရှိပါတယ်။

သတင်း

ပဲခူးတိုင်း၊ မင်းလှမြို့နယ်မှာ စစ်တပ်ထံ အညံ့ခံသွားသူရဲ့သတင်းပေးမှုကြောင့် အိမ်ဆောက်ပစ္စည်း လုပ်ငန်းရှင် တစ်ဦး ဖမ်းဆီးသတ်ဖြတ်ခံရပြီး နောက်ထပ်ပြည်သူ ၅ဦးထက်မနည်း ဖမ်းခံထားရတယ်လို့ ဒေသခံတချို့က ပြောပါတယ်။

Facebook