အကြမ်းဖက်စစ်ကောင်စီက မီးရှို့ဖျက်ဆီးခဲ့သည့် ထန်တလန်မြို့အတွက် ရန်ပုံငွေ အဖြစ် အဆိုတော် ကျားပေါက် ၏ Doodle Art Hand Drawing အိတ်များရောင်းချမည်ဖြစ်သည်။
“ထန်တလန် ရံပုံငွေအတွက် Hand-drawn Tote bags တွေ စ ဝယ်လို့ရပါပြီ။ ၁၀ အိတ်ဆွဲတာ ၉ အိတ်ပဲရောင်းမှာဖြစ်ပြီး ကျန်တဲ့ တစ်အိတ် ကို Bipolarbear page ကနေ free မဲဖေါက်ပေးပါမယ်။ Lets rock n roll for Chin State. ” ဟု ကျားပေါက် ၏ ဖေ့စ်ဘွတ်ခ်၌ ရေးသားထားသည်။

အိတ်များကို ကြမ်းခင်းဈေး ဒေါ်လာ ၅၀၀ သတ်မှတ်ထားပြီး ဝယ်ယူလိုသူများအနေဖြင့် ပန်ဆယ်လို၏ မက်ဆန်ဂျာ၌ ဝယ်ယူလိုသည့် အိတ်နှင့်အမြင့်ဆုံးပေးမည့်ဈေးကို ပေးပို့ရမည်ဖြစ်သည်။
“ဒီနေ့ည ၇:၃၀ ကနေ နက်ဖြန်ည ၇:၃၀အထိ ဖြစ်ပြီး ၇:၃၀အထိ လာပေးထားတဲ့ ဈေးထဲက အမြင့်ဆုံးပေးသူက ရရှိမှာ ဖြစ်ပါတယ်။ လေလံလို ဘယ်လောက်ဈေးအမြင့်ဆုံးပေးထားတယ်ဆိုတာ ကြေညာပေးနေမှာ မဟုတ်ဘဲ အချိန်ပြည့်တဲ့အခါ အိတ်နံပါတ်တစ်ခုမှာ အမြင့်ဆုံး ပေးသူက ရရှိပိုင်ဆိုင်မှာ ဖြစ်ပါတယ်” ဟု ပန်ဆယ်လိုကရေးသားထားသည်။

Public Service Announcement
အိတ်ကိုးလုံးရောင်းချရငွေများအားလုံးကို ထန်တလန်ပြည်သူများအတွက် ကူညီပေးသွားမည်ဖြစ်သည်။
နွေဦးတော်လှန်ရေး ရန်ပုံငွေအဖြစ် အဆိုတော် ကျားပေါက် ရေးဆွဲထားသည့် Doodle Art Ukulele ကို အောက်တိုဘာလအတွင်းက အွန်လိုင်း၌ လေလံတင်ရောင်းချခဲ့ရာ ဒေါ်လာ ၂၇၅၀၀ ရရှိခဲ့ပြီး ကမ္ဘာ့ဈေးအမြင့်ဆုံး Ukulele အဖြစ်မှတ်တမ်းဝင်ခဲ့သည်။


















































