Connect with us

Hi, what are you looking for?

သတင်း

နတ်တလင်းရှိ ဒမငယ်ရဲကင်းစခန်းကို PDFများ တိုက်ခိုက်သိမ်းပိုက်

ပဲခူးတိုင်း၊ နတ်တလင်းမြို့နယ်ရှိ စစ်ကောင်စီ၏ ဒမငယ်ရဲကင်းစခန်းကို ပူးပေါင်းအဖွဲ့များနှင့်အတူ တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီး သေနတ်ခြောက်လက်နှင့် ခဲယမ်းများရရှိခဲ့ကြောင်း ပဲခူးတိုင်းစစ်ဌာန၊ အမှတ်(၂၂)ဗျူဟာ၊ သာယာဝတီခရိုင် အမှတ်(၁)တပ်ရင်း(P23801)မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ဒမငယ်ရဲကင်းစခန်းတိုက်ခိုက်မှုအတွင်း သိမ်းဆည်းရရှိသော လက်နက်ခဲယမ်းများနှင့်အတူ တွေ့ရသော တော်လှန်ရေးရဲဘော်များ။ဓာတ်ပုံ - P23801

မေ ၂၊ ၂၀၂၅။ ကျော်ဇော/People’s Spring

ပဲခူးတိုင်း၊ နတ်တလင်းမြို့နယ်ရှိ စစ်ကောင်စီ၏ ဒမငယ်ရဲကင်းစခန်းကို ပူးပေါင်းအဖွဲ့များနှင့်အတူ တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီး သေနတ်ခြောက်လက်နှင့် ခဲယမ်းများရရှိခဲ့ကြောင်း ပဲခူးတိုင်းစစ်ဌာန၊ အမှတ်(၂၂)ဗျူဟာ၊ သာယာဝတီခရိုင် အမှတ်(၁)တပ်ရင်း(P23801)မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ယနေ့(မေ ၂ ရက်)နံနက် ၃ နာရီ ၅၀မိနစ်ခန့်က နတ်တလင်းမြို့နယ်အရှေ့ဘက် ဒမငယ်ရွာရှိ စစစ်သား၊ ရဲနှင့်ပျူစောထီးများ တပ်စွဲထားသော ဒမငယ်ရဲကင်းစခန်းအား သာယာဝတီခရိုင်၊အ မှတ်(၁)တပ်ရင်း(P23801) တပ်ခွဲ(၂)၊ တပ်ခွဲ (၆) နှင့် နတ်တလင်းမြို့ပကဖ တို့ပူးပေါင်း၍ ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဟု ၎င်းက ပြောသည်။

တိုက်ခိုက်ချိန် ၁ နာရီခန့်ကြာမြင့်ပြီး တိုက်ပွဲအတွင်း စစ်ကောင်စီတပ်မှ နှစ်ဦးသေဆုံးကာ ကျန်အင်အားများ စခန်းစွန့်ထွက်ပြေးသွားသည်ဟု ဒမငယ်ရဲကင်းစခန်းအား သိမ်းပိုက်ရာတွင်ပါဝင်သည့် သာယာဝတီခရိုင် တပ်ရင်းအမှတ်(၁)မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

Public Service Announcement

Public Service Announcement

“ခါတိုင်းဆိုရင် ၁၅ယောက်လောက်ပဲရှိတယ်။ အင်အားကတော့ ပုံမှန်ရှိမနေပါဘူး။ ကျန်တဲ့သူတွေက စခန်းကိုစွန့်ခွာပြီး ထွက်ပြေးသွားတယ်”ဟု ဒမငယ်ရဲကင်းစခန်းတိုက်ခိုက်မှုအခြေအနေကို ၎င်းက ဆက်ပြောသည်။

စခန်းစွန့်ထွက်ပြေးသွားသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များအနက် နှစ်ဦးဒဏ်ရာရသွားရာ တောင်ညိုကွက်သစ်ဆေးရုံး၌ ကုသမှုခံယူနေစဥ် တစ်ဦးသေဆုံးသွားခြင်းကြောင်း ဒမငယ်ရဲကင်းစခန်းတိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်မှ စုစုပေါင်း သုံးဦးသေဆုံးကြောင်း သာယာဝတီခရိုင် အမှတ်(၁) တပ်ရင်းမှ တာဝန်ရှိသူက လူထုနွေဦးသို့ ပြောသည်။

အဆိုပါတိုက်ပွဲတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များထံမှ G3တစ်လက်၊ MA3 တစ်လက်၊ ကာဘိုင် သုံးလက်၊ ၆၀ မမ စိန်ပြောင်း တစ်လက်၊ ဗုံးသီးနှင့် ကျည်များသိမ်းဆည်းရရှိခဲ့ပြီး ရဲဘော်များအထိအခိုက်မရှိ အောင်မြင်စွာဆုတ်ခွာနိုင်ခဲ့ကြောင်း အသိပေးသည်။

တိုက်ပွဲအတွင်း စခန်းစွန့်ထွက်ပြေးသွားသူများအနက် ဒဏ်ရာရသူနှစ်ဦးမှာ ပျူစောထီးများဖြစ်သည်ဟု သာယာဝတီခရိုင် တပ်ရင်း အမှတ်(၁)ထံမှ စုံစမ်းသိရပြီး တိုက်ခိုက်မှုအပြီး ဒမငယ်ရဲကင်းစခန်းအခြေ အနေကိုမူ မသိရသေးပေ။

ဆက်စပ်သတင်းများ

သတင်း

ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) အနေဖြင့်ပြည်သူတို့ရဲ့အသက်၊ခန္ဓာနဲ့ အနာဂတ်အတွက်စစ်အာဏာရှင်စနစ်ချုပ်ငြိမ်းရေး၊လူထုကို ကာကွယ်ရေး၊ လုံခြုံရေးဆိုင်ရာပြုပြင်ပြောင်းလဲရေးမှာ ပါဝင်ရေးမဏ္ဍိုင်သုံးရပ်နဲ့ ရှေ့သို့အရှိန်အဟုန်မပျက်ချီတက်နေကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာန လက်အောက်ရှိ PDF တပ်မတော်ကအောက်တိုဘာ ၄ရက်မှာ ထုတ်ပြန်ပါတယ်။

သတင်း

ဖဲရှုံးပြီး ဖုန်းခိုးယူမှုအရေးယူခံရမှာကြောက်တာကြောင့် စစ်တပ်ထံ အညံ့ခံသွားတဲ့ PDF ရဲဘော်သတင်းပေးမှုကြောင့် စစ်တပ်က ဘုတလင်မြို့နယ် အရှေ့တောင်ခြမ်းကို ​လေ

သတင်း

စစ်ကိုင်းတိုင်း၊ ကနီမြို့ထဲမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်အချို့ဟာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေဆီ လက်နက်ချအလင်းဝင်လာတယ်လို့ သတင်းရရှိပါတယ်။

သတင်း

စစ်တပ်စစ်ကြောင်းတွေနဲ့ လက်ရှိစစ်ရေးအခြေအနေကြောင့် မင်းတုန်းမြို့အနောက်ဘက်ခြမ်းက ကျေးရွာတွေမှာနေထိုင်တဲ့ ဒေသခံတွေအနေနဲ့ လေကြောင်းနဲ့ လက်နက်ကြီးအန္တရာယ်အထူးသတိပြုကြဖို့ သရက်ခရိုင်အမှတ်(၄)တပ်ရင်းက သတိပေးပါတယ်။