Connect with us

Hi, what are you looking for?

သတင်း

ဖားကန့်ဒေသ ဆုတောင်းတောင်မှ KIA ဆုတ်ခွာပေးရဟုဆို

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ် လဝါးကျေးရွာရှိ ဆုတောင်းတောင် နေရာကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်က မေလ ၂ရက်တွင် သိမ်းပိုက်ခဲ့ရာ စစ်ကောင်စီတပ်နှင့် ပြည်သူ့စစ်က ပြန်လည်ထိုးစစ်ဆင်လာ၍ ယနေ့(မေလ ၃ ရက်)တွင် KIAပူးပေါင်းတပ်များ ပြန်ဆုတ်ခွာပေးခဲ့ရကြောင်း ကချင်သတင်းရင်းမြစ်က ပြောသည်။

ဖားကန့်ဒေသတိုက်ပွဲအတွင်း တွေ့ရသည့် ပြည်သူ့စစ်တပ်ဖွဲ့ဝင်များ၏ အမှတ်တံဆိပ်များ။ ဓာတ်ပုံ − ကချင်တောင်တန်း

မေ၃၊ ၂၀၂၅။ဟန်နွေ/People’s Spring

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ် လဝါးကျေးရွာရှိ ဆုတောင်းတောင် နေရာကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်က မေလ ၂ရက်တွင် သိမ်းပိုက်ခဲ့ရာ စစ်ကောင်စီတပ်နှင့် ပြည်သူ့စစ်က ပြန်လည်ထိုးစစ်ဆင်လာ၍ ယနေ့(မေလ ၃ ရက်)တွင် KIAပူးပေါင်းတပ်များ ပြန်ဆုတ်ခွာပေးခဲ့ရကြောင်း ကချင်သတင်းရင်းမြစ်က ပြောသည်။

ဖားကန့်ဒေသတိုက်ပွဲအတွင်း တွေ့ရသည့် ပြည်သူ့စစ်တပ်ဖွဲ့ဝင်များ၏ အမှတ်တံဆိပ်များ။ ဓာတ်ပုံ − ကချင်တောင်တန်း

စစ်ကောင်စီတပ်နှင့် ပြည်သူ့စစ် ပူးပေါင်းတပ်စွဲထားသည့် လဝါးဆုတောင်းတောင်၌ မေလ ၂ရက်က တိုက်ပွဲအတွင်း စစ်ကောင်စီတပ်နှင့် ပြည်သူ့စစ်ဘက်က ၁၃ဦး သေဆုံးကာ စစ်သုံ့ပန်းတစ်ဦး အရှင်ဖမ်းမိခဲ့သည်ဟု KIA သတင်းရင်းမြစ်တစ်ဦးက ပြောသည်။ထို့အပြင် စစ်ကောင်စီတပ်ထံမှ လက်နက် ၁၆လက် သိမ်းရခဲ့ဟုလည်း ၎င်းက ဆိုသည်။

KIAပူးပေါင်းတပ်သိမ်းပိုက်ခဲ့သည့် အဆိုပါ ဆုတောင်းတောင်နေရာကို စစ်ကောင်စီတပ်နှင့် ပြည်သူ့စစ်များက မေလ ၃ရက်တွင် ပြန်လည်ထိုးစစ်ဆင်ခဲ့ရာ တိုက်ပွဲပြင်းထန်ခဲ့သည်ဟု ဆိုသည်။

Public Service Announcement

Public Service Announcement

“လဝါး ဆုတောင်းတောင်ကတော့ ကျနော်တို့ မနေ့က ရထားတာ။ ပြန်ပြီး သိမ်းရတာ။ မင်းဇေသန့် ဝါရာဇွပ် ပြည်သူ့စစ်နဲ့ ဝိုင်းမော်ပြည်သူ့စစ်တွေက အင်အားအလုံးအရင်းနဲ့ပြန်ထိုးစစ်ဆင်တာ။ သူတို့က ဒရုန်းတွေနဲ့ အဆက်မပြတ် ဒရော့ဗုံးတွေချ လေယာဉ်ပစ်ကူတွေ အလုံးအရင်းနဲ့ ပြန်လာတော့ ကျနောတို့လည်း ဒီနေ့ကတော့ အဲဒီ ဆုတောင်းတောင်က ပြန်ပြီးမှ ဆုတ်ခွာပေးလိုက်ရတယ်။ ဒါပေမဲ့ အဲဒီ ပြည်သူ့စစ်ဘက်က လူတွေတော အများကြီးပဲသေတာ”ဟု ကချင်စစ်ရေး သတင်းရင်းမြစ်က ပြောသည်။

မေလ ၂ရက် ဆုတောင်းတောင်တိုက်ပွဲအတွင်း သေဆုံးခဲ့သည့် စစ်ကောင်စီတပ်နှင့် ပြည်သူ့စစ် တပ်ဖွဲ့ဝင်များ၏ အလောင်း မှတ်တမ်းဓာတ်ပုံများကိုလည်း ကချင်သတင်းရင်းမြစ်အချို့က လူမှုကွန်ရက်တွင် ဖော်ပြထားသည်။

စစ်ကောင်စီသည် ဖားကန့်နှင့် တနိုင်းဒေသကို ပြန်လည်စိုးမိုးထိန်းချုပ်နိုင်ရန် စစ်အင်အားအလုံးအရင်းဖြင့် ဧပြီကတည်းက ဖားကန့်လမ်းတလျှောက် ထိုးစစ်ဆင်လျက်ရှိရာ KIAက ခုခံတိုက်ခိုက်လျက်ရှိပြီး တိုက်ပွဲပြင်းထန်နေသည်။

ဖားကန့်ဒေသတိုက်ပွဲအတွင်း စစ်ကောင်စီတပ်နှင့် ပြည်သူ့စစ်တပ်ဖွဲ့ဝင်များ၏ ရုပ်အလောင်းပုံများအား လူထုနွေဦး၏ တယ်လီဂရန်ချန်နယ် @PeopleSpring တွင် သွားရောက်ကြည့်ရှု့နိုင်ပါသည်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ်၊ ဖားကန့်မြို့မှာ ယနေ့ ဩဂုတ် ၄ရက် မနက်ပိုင်းက မိုးသည်းထန်စွာရွာသွန်းပြီး တောင်ကျရေဆင်းလာလို့ ရေဘေးနဲ့ မြေပြိုမှု‌ဘေး ထပ်မံကြုံတွေ့နေပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့နယ် ရွှေဘုန်းမြင့်ကျေးရွာက စစ်တပ်စခန်း ၁ခုကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်က သိမ်းပိုက်နိုင်ခဲ့ကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

ဩဂုတ်လ၁ရက် မနက်၉နာရီခွဲခန့်က ဖားကန့်မြို့၊ လုံးခင်းဆေးရုံကုန်းအနီးမှာအိမ်တစ်အိမ် ဓားပြတိုက်ခံနေရတာကိုသတင်းရတဲ့KIAနဲ့ KPDFကပစ်ခတ်တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ဗန်းမော်မြို့မှာ ဒီကနေ့ ဇူလိုင် ၃၀ မနက်ကစတင်ပြီး တိုက်ပွဲတွေ ပြင်းထန်ခဲ့ကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်အချို့က ပြောပါတယ်။