Connect with us

Hi, what are you looking for?

သတင်း

လပခကို စစ်ကောင်စီ အင်အားဖြည့်တင်း၊ မန္တလေးတိုင်းအတွင်း စစ်ကြောင်းထိုးလာနိုင်တယ်လို့ တော်လှန်ရေးတပ်တွေ သုံးသပ်

မန္တလေးမြို့ရှိ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်(လပခ)အတွင်းကို စစ်ကောင်စီက အင်အားအများအပြားဖြည့်တင်းနေပြီး မန္တလေးတိုင်းအတွင်း စစ်ကြောင်းထိုး စစ်ရေးပြင်းထန်လာနိုင်ဖွယ်ရှိတယ်လို့ ‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌တော်လှန်ရေးတပ်တွေက သုံးသပ်ပြောဆိုပါတယ်။

​မေ-၆၊၂၀၂၅။မေ/People’s Spring

မန္တလေးမြို့ရှိ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်(လပခ)အတွင်းကို စစ်ကောင်စီက အင်အားအများအပြားဖြည့်တင်းနေပြီး မန္တလေးတိုင်းအတွင်း စစ်ကြောင်းထိုး စစ်ရေးပြင်းထန်လာနိုင်ဖွယ်ရှိတယ်လို့ ‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌တော်လှန်ရေးတပ်တွေက သုံးသပ်ပြောဆိုပါတယ်။

မေလ ၅ရက်နေ့နဲ့ ၆ရက် နေ့တွေမှာ အင်အားအပြည့်ပါတဲ့ ဖောကား စုစုပေါင်း၂၅စီးအထိ လပခရှိရာ နန်းတွင်းထဲကို အင်အားဖြည့်တင်းထားတယ်လို့ မြို့ခံတွေက ပြောပါတယ်။

နန်းတွင်းထဲကို ဝင်ရောက်လာတဲ့တပ်တွေဟာ ခလရ(၉၅)တပ်ရင်း၊တပ်မ (၈၈)နဲ့ တပ်မ(၃၃) လက်မောင်းတံဆိပ်တွေကို တွေ့ရတယ်လို့ မြို့ခံတွေက ပြောပါတယ်။

Public Service Announcement

Public Service Announcement

ဒါ့အပြင် ဒီကနေ့ နန်းတွင်းထဲဝင်လာတဲ့ စစ်ကား၅စီးဟာ ပုသိမ်ကြီးမြို့နယ်ဘက်က လာတာဖြစ်ပြီး စစ်မှုထမ်းသင်တန်းဆင်းတွေ ဖြစ်နိုင်တယ်လို့လည်း မြို့ခံတစ်ဦးက ပြောပါတယ်။

“တစ်ခုခုရှိတဲ့ပုံပဲ။မနေ့ညနေက နန်းတွင်းထဲက လူကြီးလမ်းကြောင်းဆိုပြီး တောင်ဘက်ပေါက်ကဝင်တာ တွေ့ရတယ်။အဲတာအပြီး အင်အား၂၀ကျော် လောက်ပါတဲ့ ကားတစ်စီး ထပ်ဝင်တယ်။ညနေပိုင်းက ပို့ထားတဲ့ စစ်ကား၁၉စီးလည်း အခွံတွေပြန်ထွက်သွားတာ တွေ့ရတယ်”လို့ မြို့ခံတစ်ဦးက ပြောပါတယ်။

ဒီအခြေအနေနဲ့ပတ်သက်ပြီး မန္တလေးမြို့ရဲ့ တောင်ဘက်က မြင်းခြံ၊တောင်သာ၊နွားထိုးကြီး မြို့နယ်တွေကတော့ စစ်ရေးထူးခြားတာမရှိသေးဘဲ စစ်ကောင်စီက လေကြောင်းတိုက်ခိုက်တာတွေသာပြုလုပ်နေတယ်လို့ တော်လှန်ရေးတပ်ဖွဲ့ခေါင်းဆောင်တစ်ဦးက ပြောပါတယ်။

“ဒီဘက်မှာတော့ အကုန်ပုံမှန်ပါပဲ။ဖိုက်တာနဲ့ ဗုံးကြဲတာတွေ တော့ရှိတယ်။စစ်ရေးထူးခြားတာ တော့မရှိ သေးဘူး”လို့ တော်လှန်ရေးတပ်ဖွဲ့ ခေါင်းဆောင်တစ်ဦးက ပြောပါတယ်။

ဒီနေ့ နေ့လည်ပိုင်းမှာ နွားထိုးကြီးမြို့နယ်၊မန်လည်ကျေးရွာကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်ခဲ့ရာမှာ အမျိုးသားတစ်ဦးနဲ့ အမျိုးသမီးတစ်ဦးသေဆုံးပြီး ၅ဦးထိခိုက်ဒဏ်ရာရခဲ့တယ်လို့လည်းသိရပါတယ်။

ဒါပေမယ့် မန္တလေးမြို့ရဲ့မြောက်ဘက် မတ္တရာမြို့နယ်မှာတော့ မနေ့ကညနေပိုင်းမှာ စစ်ကား အစီးရေ ၁၀ စီးဝန်းကျင်အထိ သွားတယ်လို့ မန္တလေး- မတ္တရာလမ်းပိုင်းမှာ နေထိုင်သူတွေက ပြောပါတယ်။

“မတ္တရာမြို့နယ်ကို နယ်မြေယူဖို့ တိုက်မယ့်သတင်းတွေ ထွက်နေတာ တော့ကြာပြီ။အခုလည်း အင်အားတိုးတာတွေရှိတယ်။မြို့မြောက်ဘက်ထွက်ဖို့ ဒီကောင် တွေကြိုးစားနေတာ”လို့ အဲဒီနယ်က တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။

မတ္တရာမြို့နယ်အနောက်ခြမ်းကို စစ်ကောင်စီတပ်ဝင် ရောက်လာနိုင်သလို မန္တလေး-‌ ကျောက်မြောင်း၊(ဧရာဝတီမြစ်)လမ်းကြောင်းကိုလည်း စစ်ကောင်စီက ထိန်းချုပ်ဖို့ လုပ်ဆောင်နေတယ်လို့ ဆိုပါတယ်။

ဒီနေ့လည်း မတ္တရာမြို့နယ်အရှေ့ခြမ်းက မြောင်းသစ်ကျးရွာအနီးကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်ခဲ့သလို ‌‌‌မြို့နယ်အတွင်းက ကျေးရွာတွေကိုလည်း အဆက်မပြတ်လက်နက်ကြီးနဲ့ ပစ်ခတ်တာနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်ကောင်စီဟာ တရုတ်အစိုးရ အကူအညီနဲ့ လားရှိူးမြို့ကိုပြန်လည်တောင်းယူအပြီးမှာ မကွေး၊စစ်ကိုင်းနဲ့ မန္တလေးတိုင်းကို စစ်အင်အားတိုးတာ‌၊ စစ်ကြောင်းထိုးတာတွေ ဆက်တိုက်ပြုလုပ်နေပြီး မကွေးတိုင်းက မြိုင်မြို့နယ်ကိုလည်း အင်အား၃၀၀နဲ့ စစ်ကြောင်းထိုးနေတယ်လို့ သိရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်မှာ အာဏာသိမ်းစစ်တပ်က ဒေသတွင်း တော်လှန်ရေးတပ်ဖွဲ့တွေ ဖြစ်တဲ့ ကချင်လွတ်လပ်ရေးတပ်မတော်(KIA)၊ ကချင်ဒေသ ပြည်သူ့ကာကွယ်ရေးတပ်(KPDF) တပ်ဖွဲ့တွေရဲ့ ဝတ်စုံတွေ နဲ့ သတင်းရယူစုံစမ်းတာ၊ ပုံမှားရိုက်တာတွေ လုပ်ဆောင်နေကြောင်း ရွှေကူ KPDFက ဒီကနေ့ ထုတ်ပြန် သတိပေးပါတယ်။

သတင်း

မန္တလေးမြို့မှာ အမျိုးသားပုံစံဝတ်ဆင်နေထိုင်တဲ့ ပစ္စည်းတွေသယ်ယူပို့ဆောင်ပေးသူ(Delivery) အမျိုးသမီးတစ်ဦး ပစ္စည်းပို့ရင်း ပျောက်ဆုံးနေကြောင်း သတင်းရရှိပါတယ်။

သတင်း

မကွေးတိုင်း၊ပခုက္ကူမြို့နယ်၊မြစ်ခြေမြို့ ရဲစခန်းကို တော်လှန်ရေးတပ်တွေ သိမ်းပိုက်ခဲ့ပြီးတဲ့နောက်စစ်တပ်စစ်ကြောင်းပြန်ထိုးလာကာ မြို့ထဲကို စစ်ကြောင်းပြန်ရောက်လာတယ်လို့ ​ဒေသတွင်းစစ်​ရေးသတင်းရင်းမြစ် တွေကပြောပါတယ်။

ဆောင်းပါး

ဖိုးသား/People’s Spring အာဏာသိမ်းစစ်တပ်အတွက် စိုးရိမ်ဖွယ်ရာဖြစ်ခဲ့တဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းက တိုက်ပွဲတွေတိတ်ဆိတ်သွားပြီး​နောက်ပိုင်း တော်လှန်ရေးအဖွဲ့တွေ အပေါ်ကြီးမားတဲ့သက်ရောက်မှု နဲ့ အချိုးအကွေ့ ကာလတစ်ခု​ရောက်ပါတယ်။ အာဏာသိမ်းစစ်တပ်က ရှမ်းပြည်နယ်​မြောက်ပိုင်းမှာတရုတ်အကူအညီနဲ့ အပစ်ရပ်​အောင်လုပ်ပြီး​နောက် ပြုန်းတီးခဲ့တဲ့အင်အားတွေအတွက်စစ်မှုထမ်းတပ်သားသစ်တွေကိုစစ်တပ်ထိန်းချုပ်​ဒေသ​တွေက​နေ ပုံစံအမျိုးမျိုးနဲ့ စုဆောင်းခဲ့ပါတယ်။ အဲဒီနောက်ပိုင်း ‌တော်လှန်ရေးအမာခံနယ်‌မြေတွေ ဖြစ်တဲ့ မန္တလေး၊စစ်ကိုင်း၊မကွေး၊ ချင်း ၊ကချင် ၊ရခိုင်ပြည်နယ်အစပ်အစရှိတဲ့...