Connect with us

Hi, what are you looking for?

သတင်း

ရွေးကောက်ပွဲကို တရုတ်သမ္မတအားပေးထောက်ခံဟု စစ်ကောင်စီ လိမ်လည်ဝါဒဖြန့်

အာဏာသိမ်းစစ်ကောင်စီက ယခုနှစ်ကုန်ပိုင်းတွင် ကျင်းပမည်ဆိုသော ရွေးကောက်ပွဲကို တရုတ်သမ္မတက အားပေးထောက်ခံသည်ဟု လိမ်လည်ဝါဒဖြန့်နေပြီး ရှီကျင့်ဖျင်မပြောဆိုသည့် စကားများကိုလည်း စစ်ကောင်စီဝါဒဖြန့်သတင်းစာများ၌ ဖော်ပြနေသည်။

မေ ၁၀၊ ၂၀၂၅။ အီယိုရီ/People’s Spring

အာဏာသိမ်းစစ်ကောင်စီက ယခုနှစ်ကုန်ပိုင်းတွင် ကျင်းပမည်ဆိုသော ရွေးကောက်ပွဲကို တရုတ်သမ္မတက အားပေးထောက်ခံသည်ဟု လိမ်လည်ဝါဒဖြန့်နေပြီး ရှီကျင့်ဖျင်မပြောဆိုသည့် စကားများကိုလည်း စစ်ကောင်စီဝါဒဖြန့်သတင်းစာများ၌ ဖော်ပြနေသည်။

စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် တရုတ်သမ္မတရှီကျင့်ဖျင်တို့သည် ယမန်နေ့က ရုရှားနိုင်ငံ၊ မော်စကို၌ တွေ့ဆုံခဲ့ကြပြီး နှစ်နိုင်ငံကိစ္စရပ်များအား ဆွေးနွေးခဲ့ကြသည်။

တရုတ်နိုင်ငံသည် မြန်မာနိုင်ငံ၏ ကိုယ်ပိုင်အခြေအနေနှင့် ကိုက်ညီသော ဖွံ့ဖြိုးရေးလမ်းကြောင်းလျှောက်လှမ်းခြင်း၊ မြန်မာနိုင်ငံ၏ အချုပ်အခြာအာဏာနှင့် နယ်မြေတည်တံ့ခိုင်မြဲရေး၊ နိုင်ငံတည်ငြိမ်အေးချမ်းရေးနှင့် တည်ငြိမ်သင့်လျော်စွာဖြင့် ပြည်တွင်းနိုင်ငံရေးလုပ်ငန်းစဥ်များကို အကောင်ထည်ဖော်လုပ်ဆောင်ခြင်းကို ထောက်ခံအားပေးကြောင်း သမ္မတရှီက ပြောကြားခဲ့သည်။

Public Service Announcement

Public Service Announcement

ထို့အပြင် တရုတ်-မြန်မာနှစ်နိုင်ငံသည် မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှုများကို နက်ရှိုင်းစွာ ဆောင်ရွက်၍ တရုတ်-မြန်မာ စီးပွားရေးစင်္ကြံ၏ အရေးကြီးသောစီမံကိန်းများတည်ဆောက်မှုကို အဆက်မပြတ် တွန်းအားပေးလုပ်ဆောင်ရမည်ဖြစ်ကြောင်းနှင့် မြန်မာနိုင်ငံအနေဖြင့် မြန်မာနိုင်ငံရှိ တရုတ်ဝန်ထမ်း၊ အဖွဲ့အစည်း၊စီမံကိန်းများ၏ ဘေးကင်းလုံခြုံမှုကို သေချာအာမခံပေးရန်လည်း သမ္မတရှီက တောင်းဆိုခဲ့သည်။

သို့ရာတွင် အထက်ပါတွေ့ဆုံမှုနှင့်ပတ်သက်၍ စစ်ကောင်စီဝါဒဖြန့်သတင်းစာများက ဖော်ပြရာတွင် ယခုနှစ်ကုန်ပိုင်းတွင် ရွေးကောက်ပွဲကျင်းပမည့်အကြောင်းနှင့် အဆိုပါရွေးကောက်ပွဲကို အားပေးထောက်ခံနေသည်ဟု သမ္မတရှီကျင့်ဖျင်က ပြောဆိုကြောင်း ထည့်သွင်းဖော်ပြသည်။

တရုတ်အစိုးရအာဘော် ဆင်ဟွာသတင်းဌာနနှင့် မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးထုတ်ပြန်ချက်၌မူ စစ်ကောင်စီကျင်းပမည်ဆိုသော ရွေးကောက်ပွဲနှင့်ပတ်သက်၍ တလုံးတပါဒမှ မပါရှိပေ။

တရုတ်သမ္မတက စစ်ခေါင်းဆောင်နှင့် တွေ့ဆုံသည့်သတင်းကို တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက ယနေ့ နေ့ခင်းပိုင်းအထိ ထုတ်ပြန်ဖော်ပြခြင်း မရှိပေ။ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနသည် သမ္မတရှီကျင့်ဖျင်နှင့် ရုရှားသမ္မတတို့ တွေ့ဆုံမှု၊ သမ္မတရှီကျင့်ဖျင်နှင့် ဆားဘီးယားသမ္မတို့နှင့် တွေ့ဆုံမှု သတင်းများကို ဖော်ပြထားသည်။

ထို့အပြင် တရုတ်သမ္မတက ဒေသတွင်းနှင့် နိုင်ငံတကာမျက်နှာစာတွင် မြန်မာနိုင်ငံဘက်မှ ရပ်တည်ပေးလျက်ရှိသည်ဟု စစ်ကောင်စီဝါဒဖြန့်သတင်းစာများက ဖော်ပြသည်။ ယင်းအချက်သည်လည်း တရုတ်၏ တရားဝင်သတင်းထုတ်ပြန်ချက်များ၌ မတွေ့ရှိရပေ။

စစ်ကောင်စီကျင်းပမည်ဆိုသော ရွေးကောက်ပွဲကို အမျိုးသားညီညွတ်ရေးအစိုးရ NUG အပါအဝင် တော်လှန်ရေးအင်အားစုများက အတုအယောင် တရားမဝင်ရွေးကောက်ပွဲအဖြစ် သတ်မှတ်ထားပြီး ယင်းရွေးကောက်ပွဲမှာ နိုင်ငံအား ပိုမိုဆိုးရွားစေမည့်အခြေအနေကို တွန်းပို့မည်ဟု သတိပေးထုတ်ပြန်ထားသည်။

၂၀၁၅ အထွေထွေရွေးကောက်ပွဲနှင့် ၂၀၂၀ အထွေထွေရွေးကောက်ပွဲများတွင် သောင်ပြိုကမ်းပြိုအနိုင်ရခဲ့သော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ပါတီကလည်း အာဏာလုစစ်ကောင်စီက ကျင်းပရန် ကြံစည်နေသော အတုအယောင်ရွေးကောက်ပွဲသည် မြန်မာနိုင်ငံတွင် ပဋိပက္ခများကိုသာ တိုးပွားလာစေမည့်အပြင် ဒေသတွင်း မတည်ငြိမ်မှုများပိုမိုပေါ်ပေါက်လာစေမည်ဖြစ်သောကြောင့် မည်သည့်နည်းနှင့်မျှ အသိအမှတ်မပြု၊ ပူးပေါင်းဆောင်ရွက်ခြင်းမည်မဟုတ်ကြောင်း ဆုံးဖြတ်ထားသည်။

(ဓာတ်ပုံ – Xinhua News)

ဆက်စပ်သတင်းများ

သတင်း

မလေးရှားနိုင်ငံရောက် မြန်မာတိုင်းရင်းသားညွန့်ပေါင်းအဖွဲ့ COBEM နဲ့ NGO အဖွဲ့တွေ၊ လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူတွေ ပူးပေါင်းပြီး မြန်မာဒုက္ခသည်တွေကို နေရပ်ပြန်ပို့မယ့်အစီအစဉ်နဲ့ မလေးရှားဝန်ကြီးချုပ်က အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို ဖိတ်ခေါ်တွေ့ဆုံမယ့် အစီအစဉ်တွေကို ဒီကနေ့ (စက်တင်ဘာ ၂၄) ကန့်ကွက်ဆန္ဒပြခဲ့ကြပါတယ်။

နိုင်ငံတကာ

တရုတ် သမ္မတ ရှီကျင့်ဖျင်ကို ကြိုဆိုဖို့ အမေရိကန် စစ်တပ် အရာရှိတွေက ပြာပြာသလဲ ကော်ဇောနီ ခင်းနေတဲ့ ဗီဒီယို တစ်ခုဟာ အမေရိကန်က လူမှုကွန်ရက် သုံးစွဲသူတွေကြားမှာ အတော်လေး ဝေဖန်စရာ ဖြစ်နေပါတယ်။

သတင်း

စက်တင်ဘာ-၂၄၊၂၀၂၆။People’s Spring တိုင်းမ်(Time )မဂ္ဂဇင်းနဲ့ အင်တာဗျူးအတွက် မြန်မာ စစ်အာဏာရှင်မင်းအောင်လှိုင်ရဲ့ဓာတ်ပုံကို နေပြည်တော်မှာကျွန်တော်သွားရိုက်ပေးခဲ့ပါတယ်။ အနောက်နိုင်ငံ အခြေစိုက် မီဒီယာ တစ်ခုအတွက် သူ့ကို အခုလို ဓာတ်ပုံရိုက်ခွင့်ရတာ ပထမဆုံး(စစ်တပ်အာဏာသိမ်းပြီး​နောက်ပိုင်း ​နေပြည်​တော်ကိုသွားပြီးမင်း​အောင်လှိုင်ကိုဓါတ်ပုံရိုက်တာ)လည်း ဖြစ်နိုင်ပါတယ်။ သူ့လက်ထောက် တစ်ယောက်က ‘သမ္မတကို ဘယ်လိုပုံစံမျိုးနဲ့ ရှိစေချင်သလဲ’ဆိုပြီးကျွန်တော့်ကို လာမေးပါတယ်။...

နိုင်ငံတကာ

ဝါရှင်တန်ဒီစီကို ရောက်ရှိလာတဲ့ တရုတ် သမ္မတ ရှီကျင့်ဖျင်ကို အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က လေဆိပ်ထိ ဆင်းပြီး ကြိုဆိုခဲ့ပါတယ်။

Facebook