Connect with us

Hi, what are you looking for?

News

ဘီးလင်းနယ်ရှိ ဂိတ်စခန်းကို KNU တပ်ဖွဲ့က စနှိုက်ပါဖြင့်ပစ်ခတ်ရာ စစ်ကောင်စီတပ်သားနှစ်ဦးသေ

“အဲဒီမှာ အရင်က အဲဒီ ဝါသိုးပွမ်မှာ KNU ဂိတ်ပေါ့။ KNU ဂိတ်မှာ အခုက BGFနဲ့ တပ်မတော်က သွားပြီးတော့ နေရာယူထားတယ်။ နေရာယူထားတော့ သူတို့ လာချောင်းပစ်တာနေမှာ”ဟု KNU တပ်မဟာ(၁) တာဝန်ရှိသူက ပြောသည်။

မွန်ပြည်နယ် ဘီးလင်းမြို့နယ် နတ်ကြီးကျေးရွာအနီးရှိ စစ်ကောင်စီနှင့် နယ်ခြားစောင့်တပ်ဖွဲ့(BGF)တို့ ပူးတွဲနေရာယူထားတဲ့ ဂိတ်စခန်းတစ်ခုကို ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၁) တပ်ဖွဲ့ ဝင် များက စနှိုက်ပါဖြင့် သွားရောက်ပစ်ခတ်ခဲ့ကြောင်း KNU တပ်မဟာ(၁) တာဝန်ရှိသူကအတည်ပြုသည်။

ဖြစ်စဉ်နှင့်ပတ်သက်ပြီး မြေပြင်နှင့်တိုက်ရိုက်အဆက် အသွယ်မရသော်လည်း ယနေ့(နိုဝင်ဘာ၉ရက်)နံနက်တွင် စနှိုက်ပါဖြင့် ပစ်ခတ်ခဲ့၍စစ်ကောင်စီတပ်သား နှစ်ဦးသေဆုံးခဲ့သည့် သတင်းရရှိထားကြောင်း ၎င်းကဆိုသည်။

“အဲဒီမှာ အရင်က အဲဒီ ဝါသိုးပွမ်မှာ KNU ဂိတ်ပေါ့။ KNU ဂိတ်မှာ အခုက BGFနဲ့ တပ်မတော်က သွားပြီးတော့ နေရာယူထားတယ်။ နေရာယူထားတော့ သူတို့ လာချောင်းပစ်တာနေမှာ”ဟု KNU တပ်မဟာ(၁) တာဝန်ရှိသူက ပြောသည်။

စစ်ကောင်စီတပ်သည် အဆိုပါဂိတ်နေရာမှာ လက်နက် ကြီးများ ရမ်းသမ်းပစ်ခတ်ခြင်း ပြုလုပ်ခဲ့၍ ဒေသခံ ပြည်သူလူထုများလည်း စိုးရိမ်ကြောက်ရွံ့နေကြရကြောင်း ၎င်းက ဆိုသည်။

Public Service Announcement

Public Service Announcement

အောက်တိုဘာအတွင်းကလည်း တိုက်ပွဲများ ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်မှ သေဆုံးထိုခိုက်မှုများခဲ့သည့် KNU တပ်မဟာ(၁)နယ်မြေ၌ လက်ရှိတွင်လည်း စစ်ရေးတင်းမာနေဆဲဖြစ်ကြောင်း အဆိုပါ တာဝန်ရှိသူက ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

ကော်သူးလေအဆင့်မြင့်ပညာရေးကောင်စီကို အဆင့်မြင့်ပညာရေးအဖွဲ့အစည်းများ၊ အဆင့်မြင့်ပညာရေးဗျူရို ခေါင်းဆောင်များနဲ့ လွတ်လပ်သော ပညာရှင်များ ကိုယ်စားပြုတဲ့ အဖွဲ့ဝင် ၂၁ဦးနဲ့ ဖွဲ့စည်းလိုက်ကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU)က စက်တင်ဘာ ၂၁ရက်မှာ ထုတ်ပြန်ကြေညာပါတယ်။

သတင်း

မွန်ပြည်နယ် ဘီးလင်းမြို့နယ်ကို အာဏာသိမ်းစစ်တပ်က ညအချိန်လေကြောင်း ဗုံးကြဲတိုက်ခိုက်ခဲ့ရာ စာသင်ကျောင်းနဲ့ နေအိမ်တွေ ထိခိုက်ပျက်စီးခဲ့ရကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) သထုံခရိုင် သတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) မူတြော်(ဖာပွန်)ခရိုင် တပ်မဟာ(၅)နယ်မြေ စက်တင်ဘာလဝက် တိုက်ပွဲတွေအတွင်း စစ်တပ်က အရာရှိအပါအဝင် သေဆုံးသူ ၂၂ဦး ရှိကြောင်း KNU မူတြော်ခရိုင်က သတင်းထုတ်ပြန်ပါတယ်။

သတင်း

ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်( မူတြော်)၊ နို့ခဲထရွာမှာ မနေ့ ( စက်တင်ဘာလ ၁၆ ရက်) က KNU တပ်မဟာ (၅) နဲ့ အာဏာသိမ်းစစ်တပ်တို့ကြား တိုက်ပွဲဖြစ်ရာမှာ လက်နက်အချို့သိမ်းဆည်းရမိတယ်လို့ တပ်မဟာ (၅) ပြောရေးဆိုခွင့်ရှိသူ ပဒိုစောထိုရော်ဘင်က ပြောပါတယ်။